Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငတ်မွတ်ပြီး ပိန်ချုံးနေတဲ့၊ ကိုယ့်သင်္ချိုင်းနေရာကို ကိုယ်တိုင်တူးနေရတဲ့ အစ္စရေး ဓားစာခံရဲ့ ဗီဒီယိုကို ဟားမားစ်ထုတ်ပြ

အစ္စရေး ဓားစာခံ တစ်ယောက်ရဲ့ ဗီဒီယိုကို ဟားမားစ် ပြောက်ကျားတွေက ထုတ်ပြန်ခဲ့တဲ့ ဓားစာခံတွေရဲ့ လုံခြုံရေးအတွက် အစ္စရေးမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပါတယ်။

အစ္စရေး ဓားစာခံ တစ်ယောက်ရဲ့ ဗီဒီယိုကို ဟားမားစ် ပြောက်ကျားတွေက ထုတ်ပြန်ခဲ့တဲ့ ဓားစာခံတွေရဲ့ လုံခြုံရေးအတွက် အစ္စရေးမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ပြောက်ကျားအဖွဲ့ ဟားမားစ်က သူတို့ ဖမ်းဆီးထားတဲ့ အသက် ၂၄ နှစ်အရွယ် အစ္စရေး ဓားစာခံ အီဗီယက်တာ ဒေးဗစ်ရဲ့ မှတ်တမ်း ဗီဒီယိုကို ထုတ်ပြခဲ့ပါတယ်။ အဲဒီ ဗီဒီယိုထဲမှာတော့ ဒေးဗစ်ဟာ ကျဉ်းမြောင်းတဲ့ ကွန်ကရစ် ဥမင် တစ်ခုထဲမှာ ရှိနေပြီး အလွန်အကျွံ ပိန်လှီနေတာကို တွေ့ရပါတယ်။

သူ့ရဲ့ မိသားစုက ဟားမားစ်တွေဟာ ဝါဒဖြန့်ဖို့ ရည်ရွယ်တဲ့ ဗီဒီယိုအတွက် ဒေးဗစ်ကို တမင်တကာ အငတ်ထားပြီး ညှင်းပန်း နှိပ်စက်နေတာလို့ စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ ဒေးဗစ် အပါအဝင် အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အပူတပြင်း အားထုတ်ပေးဖို့လည်း အစ္စရေး အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ဒေးဗစ်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး နယ်စပ်ကို ဟားမားစ်တွေက စီးနင်းတိုက်ခိုက်ပြီး လူ ၁၂၀၀ လောက်ကို သတ်ဖြတ်၊ ၂၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားချိန် ကတည်းက ဟားမားစ်တွေ လက်ထဲကို ရောက်နေခဲ့တာပါ။ အဲဒီနေ့က သူဟာ ဟားမားစ် ပြောက်ကျားတွေ ဝင်ရောက်တိုက်ခိုက်တဲ့ ဂီတပွဲတော် တစ်ခုကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယိုထဲမှာတော့ ဒေးဗစ်ဟာ အရမ်းပိန်ချုံးနေပြီး ရက်အတော်ကြာတဲ့ထိ သူက အစာမစားရဘဲ ရေပဲ သောက်ခွင့်ရတယ်လို့ ပြောထားခဲ့ပါတယ်။ ပြီးတော့ သူဟာ တွင်းတစ်ခုကို တူးနေခဲ့ရပြီး အဲဒါက သူ့ရဲ့ သင်္ချိုင်းဖြစ်လာမယ့် နေရာလို့လည်း ဖွင့်ဟထားခဲ့ပါတယ်။

သူ့မိသားစုရဲ့ ထုတ်ပြန်ချက်မှာတော့ ဒေးဗစ်ဟာ ဂါဇာမှာရှိတဲ့ ဟားမားစ်တွေရဲ့ ဥမင်တစ်ခုထဲမှာ ငတ်မွတ်ပြီး အရိုးပေါ် အရေတင် ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ညှင်းပန်းနှိပ်စက် ခံနေရသလို အရှင်လတ်လတ် မြေမြှုပ်သတ်ခံရမယ့် အခြေအနေတောင် ကြုံနေရကြောင်း ဖော်ပြထားပါတယ်။ ပြီးတော့ ဒေးဗစ်ကို ကယ်ဖို့ ဖြစ်နိုင်သမျှ နည်းအားလုံး အသုံးပြုပေးဖို့လည်း မိသားစုက အစ္စရေး အစိုးရကို တိုက်တွန်းထားပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ရုံးကတော့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ ဒေးဗစ်နဲ့ တခြား ဓားစာခံ တစ်ဦးဖြစ်တဲ့ ရွမ်ဘရာဆလက်ဗ်စကီတို့ရဲ့ မိသားစုတွေကို ဆက်သွယ် စကားပြောထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာပဲ တဲလ်အဗစ်ဗ်မြို့မှာ အစ္စရေးပြည်သူ ထောင်နဲ့ချီ ပါဝင်ပြီး ဓားစာခံတွေ လွတ်မြောက်ရေးကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ခုကိုလည်း ကျင်းပခဲ့ပါတယ်။

အစ္စရေးကတော့ ဟားမားစ်တွေ လက်ထဲမှာ ဒေးဗစ် အပါအဝင် ဓားစာခံ ၄၉ ဦး ကျန်နေဆဲဖြစ်ပြီး အဲဒီထဲက ၂၇ ဦးက သေဆုံးနှင့်ပြီးပြီလို့ ယုံကြည်ရကြောင်း ပြောကြားထားပါတယ်။

ကိုးကား: Time

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ မဟာမိတ် အီရန်နိုင်ငံကို ဟားမားစ် ပြောက်ကျားအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အပစ်ရပ်ထားတဲ့ ကာလအတွင်း ဂါဇာမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဟားမားစ်က ကြံစည်နေကြောင်း အမေရိကန် အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။