Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြိုင်ပွဲတစ်ခုတည်းမှာ ရခဲ့တဲ့ ဦးနှောက်ဒဏ်ရာတွေကြောင့် ဂျပန်ဘောက်ဆင်သမားနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်

ဂျပန်မှာ ဘောက်ဆင် ပြိုင်ပွဲတစ်ခုတည်းကနေ ရရှိခဲ့တဲ့ ဦးနှောက်ဒဏ်ရာတွေကြောင့် ဘောက်ဆင် အားကစားသမား နှစ်ဦး အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

ရှီဂီတိုရှီ ကိုတာရီ (@MaxCalendrillo/X)

ဂျပန်မှာ ဘောက်ဆင် ပြိုင်ပွဲတစ်ခုတည်းကနေ ရရှိခဲ့တဲ့ ဦးနှောက်ဒဏ်ရာတွေကြောင့် ဘောက်ဆင် အားကစားသမား နှစ်ဦး အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

နှစ်ဦးစလုံးဟာ ဩဂုတ် ၂ ရက်နေ့တုန်းက တိုကျိုမြို့တော်ရဲ့ ကိုရာကူရန် ခန်းမမှာ ကျင်းပတဲ့ ပြိုင်ပွဲကြီးရဲ့ မတူညီတဲ့ ပွဲစဉ်တွေမှာ အသီးသီး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ရှီဂီတိုရှီ ကိုတာရီဟာ အရှေ့တိုင်းနဲ့ ပစိဖိတ် ဘောက်ဆင် အဖွဲ့ချုပ် (OPBF) ဂျူနီယာ လိုက်ဝိတ်တန်း ချန်ပီယံ ယာမာတို ဟာတာနဲ့ ၁၂ ချီအပြည့် ယှဉ်ပြိုင် ထိုးသတ်ပြီးတဲ့နောက် မကြာခင်မှာ လဲကျသွားခဲ့ပါတယ်။ သူ့ကို ချက်ချင်း ဆေးရုံတင်ပြီး ဆေးစစ်ကြည့်တဲ့အခါ ဦးခွဲနဲ့ ဦးနှောက်ကြား သွေးခဲနေတဲ့ ဒဏ်ရာကို တွေ့ရှိခဲ့ပါတယ်။ ဩဂုတ် ၈ ရက်နေ့မှာတော့ ကိုတာရီ ကွယ်လွန်သွားခဲ့ပါတယ်။

နောက်တစ်ရက် အကြာမှာတော့ အသက် ၂၈ နှစ်အရွယ် ဟီရိုမာဆာ အူရာကာဝါဟာလည်း ဦးခေါင်း အတွင်းဒဏ်ကြောင့် ကွယ်လွန်ခဲ့ပြန်ပါတယ်။ သူဟာ တူညီတဲ့ ဘောက်ဆင်ပြိုင်ပွဲမှာ ယိုဂျီ ဆိုင်တိုကို ရှုံးနိမ့်ခဲ့ပြီး ဒဏ်ရာရခဲ့တာပါ။ သူ့အသက်ကို ကယ်တင်နိုင်ဖို့အတွက် ဆရာဝန်တွေက ဦးခေါင်းခွံ ခွဲစိတ်ကုသမှု တစ်ခုကိုပါ လုပ်ဆောင်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ဘောက်ဆင် အဖွဲ့ကြီး (WBO)က ကိုတာရီ ကွယ်လွန်ပြီး မကြာခင်မှာပဲ အူရာကာဝါရဲ့ သတင်းဆိုးကို ထပ်မံ ကြားသိရတာကြောင့် ဝမ်းနည်း ကြေကွဲမိကြောင်း၊ သူတို့နှစ်ဦးစလုံးဟာ တူညီတဲ့ ပြိုင်ပွဲတစ်ခုရဲ့ ပွဲစဉ်နှစ်ခုမှာ ယှဉ်ပြိုင်ရင်း ဒဏ်ရာရခဲ့ကြတာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဘောက်ဆင်သမား နှစ်ဦးကို ဆုံးရှုံးခဲ့ရတဲ့နောက် ဂျပန်ဘောက်ဆင် ကော်မရှင်ဟာ OPBF ပွဲစဉ်အားလုံးမှာ ၁၂ ချီ ထိုးသတ်စေမှုအစား ၁၀ ချီထိ လျှော့ချစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နှစ်ဆန်းပိုင်းတုန်းကလည်း မြောက်အိုင်ယာလန်ရဲ့ မြို့တော် ဘဲလ်ဖက်စ်မှာ ဆဲလ်တစ် စူပါ ဖယ်သာဝိတ်တန်း ချန်ပီယံ နသန် ဟောင်ဝဲလ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး အိုင်ယာလန် ဘောက်ဆင်သမား ဂျွန်ကူနေးဟာ အရေးပေါ် ကြပ်မတ်ကုသဆောင်မှာ တစ်ပတ်လောက် ဆေးရုံတက်ခဲ့ရပြီးမှ ကွယ်လွန်သွားခဲ့ဖူးပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ