Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ကြီးချုပ် အဖြစ် ဖေထောင်ထန် ဆက်ရှိဖို့ သင့်မသင့် ဆုံးဖြတ်မယ့်နေ့ကို ထိုင်းအခြေခံဥပဒေ ခုံရုံးကြေညာ

ရာထူးကနေ ယာယီ ဆိုင်းငံ့ ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အပြီးတိုင် ဖယ်ရှားဖို့ သင့်မသင့် ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက လကုန်ပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

EPA

ရာထူးကနေ ယာယီ ဆိုင်းငံ့ ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အပြီးတိုင် ဖယ်ရှားဖို့ သင့်မသင့် ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက လကုန်ပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ဖေထောင်ထန်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ် စစ်ရေးပဋိပက္ခ မဖြစ်ပွားခင် ကတည်းက ကမ္ဘောဒီးယား အစိုးရနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်လာစေတယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ရာထူးကနေ ဆိုင်းငံ့ ခံထားရတာပါ။

သူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှု အပြီးမှာ အတိုက်အခံတွေဟာ ဖေထောင်ထန်ကို ရာထူးကနေ ဆိုင်းငံ့ပေးထားဖို့ ခုံရုံးဆီ လျှောက်ထားခဲ့ပြီး ခုံရုံးကလည်း အဲဒီ တင်ပြချက်ကို အတည်ပြု လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဖေထောင်ထန်ဟာ သူ့အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အပြစ်မရှိကြောင်း သက်သေပြနိုင်အောင် အချက်အလက်တွေ ရှာဖွေ ပြင်ဆင်နေခဲ့ပါတယ်။ ပြီးတော့ ဇူလိုင် ၂၄ ရက်နေ့မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ် စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့နောက် သူ့ရဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာစေခဲ့ပါတယ်။ ဖေထောင်ထန်ကတော့ အဲဒီကာလအတွင်း ကမ္ဘောဒီးယားကို အပြင်းအထန် ရှုတ်ချပြီး ထိုင်းစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၃ ရက်နေ့မှာတော့ ခုံရုံးက ဖေထောင်ထန်ရဲ့ ဝန်ကြီးချုပ်ဘဝ အနာဂတ်နဲ့ ပတ်သက်ပြီး စီရင်ချက် ချမှတ်မယ့်နေ့ကို အတည်ပြု ကြေညာခဲ့ပါတယ်။ ခုံရုံးရဲ့ အဆိုအရ ဩဂုတ် ၂၉ ရက်၊ ထိုင်းစံတော်ချိန် ညနေ ၃ နာရီမှာ အဲဒီကိစ္စကို အဆုံးအဖြတ် ပေးသွားမယ်လို့ သိရပါတယ်။

ပေါက်ကြားခဲ့တဲ့ အသံဖိုင်ထဲမှာတော့ ဖေထောင်ထန်ဟာ သူနဲ့ မိသားစုချင်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့သူ ဟွန်ဆန်းကို ဦးလေးလို့ သုံးနှုန်း ခေါ်ဝေါ်ခဲ့သလို ထိုင်းစစ်တပ်နဲ့ ပတ်သက်ပြီးလည်း ပုတ်ခတ်တဲ့ သဘောမျိုး မှတ်ချက်စကားတွေ ပြောခဲ့ပါတယ်။ အဲဒီ အသံဖိုင် ပေါက်ကြားမှုဟာ ဟွန်ဆန်းရဲ့ လက်ချက်လို့ ထိုင်းအစိုးရက စွပ်စွဲခဲ့ပေမယ့် ဟွန်ဆန်းကတော့ ငြင်းဆိုထားပါတယ်။ ဖေထောင်ထန်ကို ရာထူးကနေ ဆိုင်းငံ့ဖို့ကိုတော့ ထိုင်းစစ်တပ်နဲ့ နီးကပ်တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေး အင်အားစုတွေက ခုံရုံးကို လျှောက်ထားခဲ့ကြတာပါ။

တကယ်လို့ ဖေထောင်ထန်သာ ခုံရုံး ဆုံးဖြတ်ချက်အရ ရာထူးကနေ ဖယ်ရှားခံရမယ်ဆိုရင်တော့ ဝန်ကြီးချုပ် အဖြစ်ကနေ သက်တမ်းမစေ့ဘဲ ဖယ်ရှားခံရတဲ့ တတိယမြောက် ရှီနာဝတ်ထ် မိသားစုဝင် ဖြစ်လာမှာပါ။ သူ့ရဲ့ဖခင် သက်ဆင် ရှီနာဝတ်ထ်၊ အဒေါ်ဖြစ်တဲ့ ယင်လက်ခ် ရှီနာဝတ်ထ်တို့ဟာလည်း ဝန်ကြီးချုပ် ဘဝမှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဖယ်ရှားတာ ခံခဲ့ရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။