Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ကက်ရှ်မီးယားမှာ မိုးသည်းထန်ရာက ရုတ်တရက် ရေကြီးမြေပြိုပြီး ၅၀ နီးပါးသေ၊ ၂၀၀ ကျော်ပျောက်ဆုံး

အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ရုတ်တရက် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် လူ ၅၀ နီးပါး သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ရုတ်တရက် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် လူ ၅၀ နီးပါး သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

ဩဂုတ် ၁၄ ရက်နေ့က တစ်နာရီ အတွင်းမှာတင် မိုးရေချိန် ၁၀၀ မီလီမီတာလောက် သည်းသည်းထန်ထန် ရွာသွန်းမှုကြောင့် ကက်ရှ်မီးယားမှာ ရုတ်တရက် ရေကြီးတာ၊ တောင်ကျရေတွေ စီးဆင်းတာ၊ မြေပြိုတာတွေနဲ့ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသ ဌာနက ကြေညာခဲ့ပါတယ်။

ကက်ရှ်မီးယားဟာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပိုင်နက်အငြင်းပွားနေတဲ့ နယ်မြေဖြစ်ပြီး အကျယ်အဝန်း အများစုကိုတော့ အိန္ဒိယက ထိန်းချုပ်ထားပါတယ်။

ရေကြီးမှုတွေကြောင့် ကစ်ရှ်ထ်ဝါ ခရိုင်ထဲက ချာဆိုတီရွာဟာ အဆိုးဆုံး သေကြေပျက်စီးမှုတွေနဲ့ ကြုံခဲ့ပြီး လူ ၄၆ ဦးထက်မနည်း သေဆုံးခဲ့သလို ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေ့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေကြီးမှုတွေအတွင်း လူတွေ စုဝေးနေတဲ့ ဇရပ်တစ်ခုနဲ့ လုံခြုံရေး ကင်းတဲတစ်ခုလုံး ရေစီးထဲမှာ မျောပါသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ချာဆိုတီရွာဟာ ဟိမဝန္တာ တောင်စဉ်တန်းတွေက ဘာသာရေး ဝတ်ပြုရာ နေရာတွေဆီ သွားရောက်ဖို့ ခရီးတထောက် နားကြတဲ့ နေရာ ဖြစ်ပါတယ်။ ရုတ်တရက် ရောက်ရှိလာတဲ့ တောင်ကျရေတွေထဲ မျောပါသွားတဲ့ သေဆုံးသူ၊ ပျောက်ဆုံးသူတွေထဲမှာ ဝတ်ပြုခရီးသည် အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။

ထိတ်လန့်တုန်လှုပ်စရာ အသေအပျောက် သတင်းမျိုးကို လက်ခံရရှိထားကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အပူတပြင်း ကြိုးစားနေပေမယ့် အဲဒီနေရာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် နှောင့်နှေးမှုတွေ ကြုံနေတယ်လို့ အိန္ဒိယရဲ့ ကက်ရှ်မီးယားနဲ့ ဂျမူးဒေသ ဝန်ကြီးချုပ် အိုမာ အက်ဘ်ဒူလာက ပြောပါတယ်။

မိုးလေဝသ ဌာနကတော့ ကက်ရှ်မီးယားနဲ့ တခြား ဟိမဝန္တာ ဆက်စပ် ဒေသတွေမှာ အခုသီတင်းပတ်အတွင်း ရုတ်တရက် သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေ ထပ်ဖြစ်နိုင်တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

အခုဖြစ်စဉ်ဟာ တစ်ပတ်အတွင်း ဟိမဝန္တာ တောင်စဉ်တန်း ဒေသတွေမှာ ဒုတိယမြောက် ကြုံရတဲ့ ရေကြီးမှုလည်း ဖြစ်လာပါတယ်။ မကြာသေးခင်ကလည်း အူတာရာကန် ဒေသမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး တောင်ကျရေတွေ ရုတ်တရက် စီးဆင်းမှုကြောင့် ကျေးရွာတစ်ခုလုံးနီးပါး ရွှံ့ရေတွေ ဖုံးလွှမ်းသွားခဲ့ပြီး လူပေါင်း ၁၀၀ ကျော် အသေအပျောက် ရှိခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။