Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်ရှည်လများ သတိလစ်နေတဲ့ ထိုင်းတော်ဝင်မင်းသမီး သွေးဆိပ်သင့်လို့ ဆရာဝန်တွေ အနီးကပ် စောင့်ကြည့်နေရ

နှစ်တွေနဲ့ချီ ကိုမာဝင်ပြီး သတိလစ် မေ့မျောနေတဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ ပြင်းထန် သွေးအဆိပ်သင့်မှု ခံစားနေရပြီး ဆရာဝန်တွေက အထူးဂရုစိုက် ကြပ်မတ် စောင့်ကြည့်နေကြောင်း သိရပါတယ်။

Reuters

နှစ်တွေနဲ့ချီ ကိုမာဝင်ပြီး သတိလစ် မေ့မျောနေတဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ ပြင်းထန် သွေးအဆိပ်သင့်မှု ခံစားနေရပြီး ဆရာဝန်တွေက အထူးဂရုစိုက် ကြပ်မတ် စောင့်ကြည့်နေကြောင်း သိရပါတယ်။

ဩဂုတ် ၁၅ ရက်နေ့က မင်းသမီး ဘက်ဂျ်ရာကစ်တီယာဘာရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး တော်ဝင်မိသားစုက ထုတ်ပြန်ရာမှာ အဲဒီ အကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မင်းသမီးက ရုတ်တရက် သတိလစ် မေ့မြောသွားခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စတုတ္ထမြောက် ထုတ်ပြန်ချက် ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် နောက်ဆုံး ထုတ်ပြန်ချက်ကတော့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့တုန်းက ဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ် မင်းသမီးဟာ နက်ခွန်ရတ်ချာဆီမာ ပြည်နယ်ထဲက ပက်ချောင်ခရိုင်ထဲမှာ သူ့ရဲ့ ခွေးလေးကို လေ့ကျင့်ပေးနေရင်း ရုတ်တရက် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူ့ကို ဘုရင်ချူလာလောင်ကွန်း အောက်မေ့ဖွယ် ဆေးရုံမှာ တင်ထားပြီး စောင့်ရှောက် ကုသပေးနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ မင်းသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ဆိုးရွားတဲ့ သွေးဆိပ်သင့်မှု လက္ခဏာတွေ တွေ့ရှိထားပြီး သူ့ရဲ့ သွေးခုန်နှုန်း တည်ငြိမ်အောင် ဆရာဝန်တွေက အစွမ်းကုန် ကြိုးစားပေးနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

မင်းသမီးရဲ့ အဆုတ်နဲ့ ကျောက်ကပ်တွေ ဆက်ပြီး အလုပ်လုပ်နိုင်အောင် ပြင်ပ အထောက်အပံ့ ကိရိယာတွေ အသုံးပြုထားရပြီး သူ့ကျန်းမာရေးကို အချိန်ပြည့် စောင့်ကြည့်နေဆဲလို့လည်း သိရပါတယ်။

အနောက်တိုင်း ခေတ်ပညာတတ် တစ်ဦးဖြစ်တဲ့ မင်းသမီး ဘက်ဂျ်ရာကစ်တီယာဘာ အားကစားနဲ့ ကျန်းမာရေး လှုပ်ရှားမှုတွေကို လိုက်စားသူလေ့ ရှိသူလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ နေပြန်ကောင်းလာနိုင်ခြေ၊ သတိပြန်လည်လာနိုင်ခြေ ရှိသလား ဆိုတာကိုတော့ တော်ဝင်မိသားစုရော၊ ဆရာဝန်တွေကပါ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ