Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မွေးနေ့မှာ ပြုလုပ်မယ့် ခုံရုံး ကြားနာမှုကို ထိုင်းရဲ့ ဆိုင်းငံ့ခံ ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ဖွယ်ရှိ

သူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ကြား ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှုကိစ္စ တရားရုံး စုံစမ်းစစ်ဆေးမှုမှာ ဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကိုယ်တိုင် တက်ရောက်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Getty Images

သူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ကြား ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှုကိစ္စ တရားရုံး စုံစမ်းစစ်ဆေးမှုမှာ ဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကိုယ်တိုင် တက်ရောက်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ပေါက်ကြားခဲ့တဲ့ အသံဖိုင်ထဲမှာတော့ ဖေထောင်ထန်ဟာ ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေး အရမ်းရင်းနှီးနေသလို ထိုင်းစစ်တပ်ကိုလည်း ပုတ်ခတ်တဲ့ သဘောထားမျိုးတွေ ထည့်ပြောထားခဲ့ပါတယ်။ အဲဒီအခြေအနေက ဖေထောင်ထန်ဟာ ဝန်ကြီးချုပ်အဖြစ် ဆက်တာဝန်ယူဖို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်စရာတွေ ဖြစ်လာလို့ စုံစမ်းစစ်ဆေးပေးပါလို့ အတိုက်အခံတွေက ထိုင်းအခြေခံ ဥပဒေ ခုံရုံးကို လျှောက်ထား တောင်းဆိုခဲ့ပါတယ်။

ခုံရုံးကလည်း အဲဒီတောင်းဆိုမှုကို လက်ခံခဲ့ပြီး ဖေထောင်ထန်ကို စုံစမ်း စစ်ဆေးသွားမှာ ဖြစ်သလို အဲဒီအတောအတွင်း သူ့ကို ဝန်ကြီးချုပ် အဖြစ်ကနေ ယာယီ ဆိုင်းငံ့ထားစေခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက်ကနေ ၂၈ ရက်နေ့ထိ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ်စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့တဲ့ အခါမှာတော့ အဲဒီ အသံဖိုင် ကိစ္စဟာ ပိုပြီး ရှုပ်ထွေးလာ၊ သက်ရောက်မှုတွေ ကြီးမားလာပါတယ်။

ခုံရုံးက ဩဂုတ် ၂၁ ရက်နေ့ ကြားနာမှု အစီအစဉ်အတွက် ဖေထောင်ထန်ကိုရော၊ အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ချတ်ချိုင် ဘန်ချူယတ်ဒ်ကိုပါ တက်ရောက်ကြဖို့ ဆင့်ခေါ်ထားပါတယ်။ အဲဒီနေ့ဟာ ဖေထောင်ထန်ရဲ့ အသက် ၃၉ နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖေထောင်ထန်ဟာ ထိုင်းအစိုးရထဲမှာ ယဉ်ကျေးမှု ဝန်ကြီးအနေနဲ့ ဆက်ရှိနေပြီး ဩဂုတ် ၂၁ ရက် ကြားနာမှု အစီအစဉ်ကို ကိုယ်တိုင် တက်မတက် ဆိုတာကို မကြေညာသေးပါဘူး။ ဒါပေမဲ့ နီးစပ်တဲ့ အသိုက်အဝန်းကတော့ ဖေထောင်ထန်ဟာ မွေးနေ့မှာ ခုံရုံး ကြားနာမှုဆီ ကိုယ်တိုင် သွားရောက်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

ဝန်ကြီးချုပ်ရုံး အတွင်းရေးမှူးချုပ် ဒေါက်တာ ပရွမ်မင် လတ်ဆူရီဒက်ဂျ်ကတော့ တရားခွင်ကို ဆိုင်းငံ့ခံ ဝန်ကြီးချုပ်ကိုယ်တိုင် တက်မတက် ဆိုတာကို အချိန်ကျရင် တိတိကျကျ သိရမှာ ဖြစ်ကြောင်း၊ ဒီကိစ္စကို ကာယကံရှင် ကိုယ်တိုင်ကပဲ ဆုံးဖြတ်မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဖေထောင်ထန်က ကြားနာမှုဆီ သွားရောက်မယ်လို့တော့ ထင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ခုံရုံးကတော့ အဲဒီကြားနာမှုအပြီး ဩဂုတ် ၂၉ ရက်နေ့ကျရင် ဖေထောင်ထန်ရဲ့ ကိစ္စ စုံစမ်းစစ်ဆေးနေမှု အပြီးသတ် စီရင်ချက်ကို ချမှတ်သွားမှာပါ။ အဲဒီ စီရင်ချက်ဟာ ဝန်ကြီးချုပ် နေရာမှာ ဖေထောင်ထန် ဆက်မြဲမမြဲ ဆိုတာကိုပါ အဆုံးအဖြတ် ပေးလာနိုင်ပါတယ်။

ပရွမ်မင်ကတော့ ဖေထောင်ထန်ရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ဟာ ကောင်းကောင်း အလုပ်လုပ်နေပြီး လိုအပ်တဲ့ ခုခံမှုတွေအတွက် လုံလုံလောက်လောက် ပြင်ဆင်ထားပြီး ဖြစ်မယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ရုံးဝန်ကြီး ချူဆက်ခ် ဆီရီနီလ်က ပေါက်ကြားခဲ့တဲ့ အသံဖိုင်ထဲက အချက်အလက်တွေကို ဝန်ကြီးချုပ် အနေနဲ့ သီးခြားငြင်းဆိုမှာ မဟုတ်ပေမယ့် ဖေထောင်ထန်ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်ချက်ကို ထိခိုက်ပျက်စီးစေဖို့ လုံးဝ မရည်ရွယ်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

တကယ်လို့ ခုံရုံးဆုံးဖြတ်ချက်က ဖေထောင်ထန်ကို ဝန်ကြီးချုပ် နေရာက ဖယ်ရှားဖို့ ဆိုတာမျိုး ဖြစ်လာရင်တော့ ရှီနာဝတ်ထ် မိသားစုဝင်တွေထဲမှာ ရာထူးသက်တမ်း မစေ့ခင် ဝန်ကြီးချုပ် ဘဝ အဆုံးသတ်တဲ့ နောက်တစ်ဦး ထပ်တိုးလာမှာပါ။ သူ့ရဲ့ ဖခင် သက်ဆင်ရှီနာဝတ်ထ်နဲ့ အဒေါ်ဖြစ်သူ ယင်လက်ခ် ရှီနာဝတ်ထ်တို့ကလည်း ဝန်ကြီးချုပ်တွေ ဖြစ်ခဲ့ပေမယ့် ထိုင်းစစ်တပ်က သူတို့ဆီက အာဏာကို သိမ်းယူတာ ခံခဲ့ကြရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ဖျူထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

လစ်လပ်နေတဲ့ ဝန်ကြီးချုပ် နေရာမှာ အစားထိုး ပုဂ္ဂိုလ် တင်မြှောက်ဖို့အတွက် ထိုင်းလွှတ်တော်ဟာ စက်တင်ဘာ ၅ ရက်နေ့မှာ မဲပေး ဆုံးဖြတ်မှု ခံယူသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ လုံလောက်တဲ့ လွှတ်တော်အမတ် ဦးရေ ထောက်ခံမှုမျိုး ရထားပြီး ဖြစ်တယ်လို့ ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်းပါတီ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ထိုင်းမှာ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့နောက် သိပ်မကြာခင်မှာ နိုင်ငံခေါင်းဆောင် အသစ်ကို ရွေးချယ် တင်မြှောက်ရပါတော့မယ်။ ထိုင်းမှာတော့ ဒါဟာ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ်တွေ ထုတ်ပယ်ခံရတာ ၁၇ နှစ်အတွင်း ၅...