Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်မှာ ထပ်တွေ့ကြမယ့် ထရမ့်နဲ့ ဇီလန်စကီး၊ ဥရောပ ခေါင်းဆောင်တွေပါ ဆွေးနွေးပွဲတက်ဖို့ စီစဉ်ထား

ယူကရိန်း စစ်ပွဲ အနာဂတ်ကို ဆွေးနွေးဖို့အတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဩဂုတ် ၁၈ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ ဖေဖော်ဝါရီလကုန်ပိုင်းက ကမ္ဘာသိ အကြီးအကျယ် စကားများခဲ့ကြတဲ့ ကိစ္စနောက်ပိုင်း ဇီလန်စကီးနဲ့ ထရမ့်တို့ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခြင်း ဖြစ်လာမှာပါ။ ဒီတစ်ကြိမ်မှာတော့ ယူကရိန်းရဲ့ ဥရောပ မဟာမိတ် ခေါင်းဆောင်တွေပါ သူနဲ့အတူ လိုက်ပါလာကြပါမယ်။

ဓာတ်ပုံ- AP

သြဂုတ်-၁၈၊ ၂၀၂၅/People’s Spring

ယူကရိန်း စစ်ပွဲ အနာဂတ်ကို ဆွေးနွေးဖို့အတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဩဂုတ် ၁၈ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ ဖေဖော်ဝါရီလကုန်ပိုင်းက ကမ္ဘာသိ အကြီးအကျယ် စကားများခဲ့ကြတဲ့ ကိစ္စနောက်ပိုင်း ဇီလန်စကီးနဲ့ ထရမ့်တို့ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခြင်း ဖြစ်လာမှာပါ။ ဒီတစ်ကြိမ်မှာတော့ ယူကရိန်းရဲ့ ဥရောပ မဟာမိတ် ခေါင်းဆောင်တွေပါ သူနဲ့အတူ လိုက်ပါလာကြပါမယ်။

အိမ်ဖြူတော်က ထရမ့်-ဇီလန်စကီး ဆွေးနွေးပွဲကို တက်ရောက်ကြမယ့် ခေါင်းဆောင်တွေထဲမှာ NATO စစ်မဟာမိတ် အတွင်းရေးမှူးချုပ် မတ်ခ်ရူတေး၊ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာတို့လည်း ပါဝင်မယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ အလာစကာ ပြည်နယ်မှာ ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့က ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးပြီး ရက်ပိုင်းအကြာမှာ ထရမ့်နဲ့ ဇီလန်စကီးတို့လည်း စကားပြောဖြစ်ကြမှာပါ။ ထရမ့်-ပူတင် တွေ့ဆုံပွဲတုန်းကတော့ အရေးပါတဲ့ သဘောတူညီမှု တစ်ခုခု ရယူနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

အမေရိကန် သံတမန် အသိုက်အဝန်းကတော့ ပူတင်ဟာ ထရမ့်နဲ့ တွေ့ဆုံချိန်မှာ စစ်ပွဲနောက်ပိုင်း ယူကရိန်းရဲ့ အနာဂတ် လုံခြုံရေးအတွက် NATOနဲ့ ချိတ်ဆက်ခွင့် ပြုတာမျိုး အာမခံချက် တစ်ခုခုကို လိုက်လျောပေးဖွယ် ရှိတယ်လို့ ဩဂုတ် ၁၇ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။ ထရမ့်ကလည်း ရုရှားဖက်က တိုးတက်မှု ကြီးကြီးမားမား တစ်ခုရှိပြီး နားစွင့်နေကြဖို့ သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း Truthမှာ ရေးသားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ရှင်းပြမထားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဝါရှင်တန်ဒီစီမှာ ပြုလုပ်မယ့် အမေရိကန်-ယူကရိန်း ထိပ်သီး အစည်းအဝေးကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်၊ ပြင်သစ် သမ္မတ အလက်ဇန္ဒား စတက်ဘ်နဲ့ ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်တို့လည်း တက်ရောက်နိုင်ခြေရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် သူတို့ထဲက ဘယ်နှယောက် အမှန်တကယ် အစည်းအဝေး တက်ဖြစ်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဥရောပ နိုင်ငံတွေရဲ့ သံတမန်ရေး သတင်းရင်းမြစ်တွေကတော့ ထရမ့်ဟာ ရုရှားဖက်က အဆိုပြုချက်တွေကို လက်ခံပြီး စစ်ပွဲကို ရပ်ဆိုင်းစေဖို့ ဇီလန်စကီးကို ဖိအားပေးဖွယ် ရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဇီလန်စကီးကတော့ စစ်ရပ်ဆိုင်းဖို့ ရုရှားဆီ ယူကရိန်းနယ်မြေတွေ ထိုးအပ်ရမယ်ဆိုတဲ့ သဘောထားမျိုးကို တင်းတင်းမာမာ ဆက်ပြီး ငြင်းဆန်နေဆဲပါ။

ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ထရမ့်ဟာ ရုရှားတောင်းဆိုချက်တွေ လိုက်လျောဖို့ ဇီလန်စကီးကို နိုင်ထက်စီးနင်း အကျပ်ကိုင်မယ် ဆိုတာက မဟုတ်မှန်ဘဲ မီဒီယာတွေရဲ့ တစ်ဖက်စောင်းနင်း ပုံဖော် ရေးသားမှုတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဇီလန်စကီးဟာ ယူကရိန်းရဲ့ တွင်းထွက် သယံဇာတတွေကို အမေရိကန်က ထုတ်ယူပိုင်ခွင့် ရရှိရေး ဆွေးနွေးဖို့ ဖေဖော်ဝါရီ လကုန်ပိုင်းက အိမ်ဖြူတော်မှာ ထရမ့်နဲ့ တွေ့ဆုံခဲ့ပေမယ့် ဘဲဥပုံ ရုံးခန်းထဲက စကားအခြေအတင် ရန်ပွဲနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ်ဗန့်စ်နဲ့ ဇီလန်စကီးတို့ စတင် အချင်းများကြပြီး အဲဒီနောက် ထရမ့်နဲ့ ဇီလန်စကီးတို့ပါ နောက်ဆက်တွဲ ငြိခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။