Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မွေးနေ့မှာ ခုံရုံးကြားနာမှု အစီအစဉ် တက်ရောက်နေတဲ့ ဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ်

ရာထူးကနေ ဆိုင်းငံ့ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ သူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ရဲ့ ဖုန်းအသံဖိုင် ပေါက်ကြားမှု ကိစ္စ ကြားနာ စစ်ဆေးပွဲကို တက်ရောက်နေပါတယ်။

ဓာတ်ပုံ - Thai PBS

ရာထူးကနေ ဆိုင်းငံ့ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ သူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ရဲ့ ဖုန်းအသံဖိုင် ပေါက်ကြားမှု ကိစ္စ ကြားနာ စစ်ဆေးပွဲကို တက်ရောက်နေပါတယ်။

သူ့ရဲ့ အသက် ၃၉ နှစ်ပြည့် မွေးနေ့လည်းဖြစ်တဲ့ ဩဂုတ် ၂၁ ရက်နေ့မှာ ဖေထောင်ထန်ဟာ ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ ကြားနာမှု အစီအစဉ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူနဲ့ ဟွန်ဆန်းတို့ ရင်းရင်းနှီးနှီး ပြောဆိုထားတဲ့ အသံဖိုင် ပေါက်ကြားမှုအပြီး ကွန်ဆာဗေးတစ် နိုင်ငံရေး အင်အားစုတွေက ဝန်ကြီးချုပ်နဲ့ ပြိုင်ဘက် နိုင်ငံတစ်ခုရဲ့ ထိပ်ပိုင်း အရာရှိတစ်ဦးကြား အရမ်းနီးစပ်တဲ့ ဆက်ဆံရေး ရှိနေတဲ့အပေါ် ကျင့်ဝတ်ပိုင်းအရ ဝေဖန်မေးခွန်းထုတ်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ခုံရုံးကို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဟွန်ဆန်းဟာ လောလောဆယ်မှာ ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူပါ။

ခုံရုံးက ကွန်ဆာဗေးတစ်တွေရဲ့ တောင်းဆိုမှုကို လက်ခံခဲ့သလို အပြီးသတ် ဆုံးဖြတ်ချက် တစ်ခုခု မချခင်မှာ ဖေထောင်ထန်ကို ဝန်ကြီးချုပ် အဖြစ်ကနေ ယာယီ ဆိုင်းငံ့ထားစေခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက် တရားခွင်မှာတော့ ခုံရုံးဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင်သက်သေ နှစ်ဦးကို မေးမြန်း စုံစမ်းသွားမယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ဆေး ကြားနာမှု အစီအစဉ်မှာ ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီရဲ့ အတွင်းရေးမှူးချုပ် ချတ်ချိုင် ဘန်ချူယတ်ဒ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ခုံရုံးက အခုကြားနာမှု အပြီးမှာတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်လို့ နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ချက်ကို ဩဂုတ် ၂၉ ရက်နေ့မှာ ချမှတ်ဖို့ လျာထားပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ ဖေထောင်ထန်ရဲ့ ဝန်ကြီးချုပ်ရာထူး အနာဂတ်အတွက်လည်း အရေးကြီးပြီး ခုံရုံး တရားသူကြီး ၉ ဦးက သူတို့ရဲ့ သဘောထားတွေကို မဲပေးကြမှာပါ။ တရားသူကြီးတွေထဲက ၅ ဦးဟာ ဖေထောင်ထန်ကို ထောက်ခံပေးဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်ပါဘူး။

ဖေထောင်ထန်ဟာ ဇူလိုင် ၁ ရက်နေ့ ကတည်းက ဝန်ကြီးချုပ် တာဝန်တွေကနေ ဆိုင်းငံ့ခံထားရပြီး အစိုးရ အဖွဲ့ထဲမှာတော့ ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ဆက်လက် တာဝန်ယူထားဆဲပါ။ ဇွန်လ ၁၈ ရက်နေ့က ပေါက်ကြားလာတဲ့ ဖုန်းအသံဖိုင်ကို ဟွန်ဆန်းက ရည်ရွယ်ချက်ရှိရှိ ဖွင့်ချခဲ့တာလို့ ဖေထောင်ထန်ရဲ့ ဘက်တော်သားတွေက စွပ်စွဲထားပေမယ့် ဟွန်ဆန်းကတော့ ငြင်းဆိုထားပါတယ်။

ကိုးကား: PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ဖျူထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

လစ်လပ်နေတဲ့ ဝန်ကြီးချုပ် နေရာမှာ အစားထိုး ပုဂ္ဂိုလ် တင်မြှောက်ဖို့အတွက် ထိုင်းလွှတ်တော်ဟာ စက်တင်ဘာ ၅ ရက်နေ့မှာ မဲပေး ဆုံးဖြတ်မှု ခံယူသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ လုံလောက်တဲ့ လွှတ်တော်အမတ် ဦးရေ ထောက်ခံမှုမျိုး ရထားပြီး ဖြစ်တယ်လို့ ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်းပါတီ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ထိုင်းမှာ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့နောက် သိပ်မကြာခင်မှာ နိုင်ငံခေါင်းဆောင် အသစ်ကို ရွေးချယ် တင်မြှောက်ရပါတော့မယ်။ ထိုင်းမှာတော့ ဒါဟာ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ်တွေ ထုတ်ပယ်ခံရတာ ၁၇ နှစ်အတွင်း ၅...