Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေပြင်ထိုးစစ် မစခင် ဂါဇာစီးတီး ဆင်ခြေဖုံးတွေကို အစ္စရေး ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

ကြေညာထားတဲ့ ဂါဇာစီးတီး သိမ်းယူရေး ထိုးစစ်ကြီး မစတင်ခင်မှာ အစ္စရေးဟာ အဲဒီမြို့ရဲ့ ဆင်ခြေဖုံး ဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။

Reuters

ကြေညာထားတဲ့ ဂါဇာစီးတီး သိမ်းယူရေး ထိုးစစ်ကြီး မစတင်ခင်မှာ အစ္စရေးဟာ အဲဒီမြို့ရဲ့ ဆင်ခြေဖုံး ဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာကမ်းမြှောင် ဒေသရဲ့ အကြီးဆုံး မြို့ပြဧရိယာဖြစ်တဲ့ ဂါဇာစီးတီး အပါအဝင် ဂါဇာမြောက်ပိုင်း ဧရိယာတွေကို သိမ်းယူသွားမယ်လို့ ကြေညာထားပြီးတဲ့နောက် လာမယ့် သီတင်းပတ်တွေအတွင်း မြေပြင်ထိုးစစ်ကို စတင်လာဖွယ် ရှိနေပါတယ်။

အဲဒီ ထိုးစစ် မတိုင်ခင်မှာ စစ်ဆင်ရေး ဧရိယာထဲက ဟားမားစ် ပြောက်ကျားတွေနဲ့ တခြား ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခုခံနိုင်စွမ်း အားလျော့သွားအောင် အစ္စရေးက တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ၊ တင့်ကားတွေ အသုံးပြုပြီး ဦးချိုးထားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဂါဇာစီးတီး ဒေသခံတွေက မြို့ရဲ့ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း ဧရိယာတွေမှာ ဩဂုတ် ၂၄ ရက်နေ့တုန်းက ပေါက်ကွဲသံတွေကို အဆက်မပြတ် ကြားနေခဲ့ရကြောင်း ပြောပါတယ်။ အစ္စရေး တပ်တွေဟာ ဂါဇာစီးတီးရဲ့ မြောက်ဖျား အလွန်မှာ တည်ရှိရာ ဂျာဘာလီယာ ဒုက္ခသည် စခန်းထဲက အဆောက်အအုံတွေကိုလည်း ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်တွေရဲ့ လက်အောက်ခံဖြစ်တဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်း ၆၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဂါဇာမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက အစ္စရေးရဲ့ စစ်ဆင်ရေးတွေ စတင်ချိန် ကတည်းကဆိုရင် ပါလက်စတိုင်း အသေအပျောက်ဟာ ၆၃၀၀၀ နီးပါးရှိလာပြီး ၁၆၀၀၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့လည်း အဲဒီဌာနက ကြေညာခဲ့ပါတယ်။

ဂါဇာစီးတီးကို အစ္စရေးက သိမ်းယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပြစ်တင် ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဟားမားစ်တွေရဲ့ ဖိနှိပ်မှုကို အဆက်ဖြတ်ဖို့ဆိုရင် ဂါဇာစီးတီးကို အလုံးစုံ ထိန်းချုပ်ထားဖို့ မဖြစ်မနေ လိုအပ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အစ္စရေး စစ်တပ်ဟာ ဂါဇာစီးတီးမှာ မြေပြင်ထိုးစစ်ကြီး မစတင်ခင်မှာ အရန်စစ်သည် အင်အား ၆၀၀၀၀ လောက်ကိုလည်း လာရောက်ပူးပေါင်းဖို့ ဆင့်ခေါ်ထားပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူတွေကို​လေ​ကြောင်းက​နေအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စစ်ရာဇဝတ်မှု​တွေမှာအမိန့်ပေးစေခိုင်းခဲ့တဲ့လေတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေအိမ်ကို ​ရန်ကုန်​UG တစ်ဖွဲ့က ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။