Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ လုပ်ပုံတွေက ဆိုဗီယက်ရုရှား အေးဂျင့်နဲ့ တူနေတယ်လို့ ပေါ်တူဂီ သမ္မတဝေဖန်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လုပ်ပုံကိုင်ပုံတွေက ဆိုဗီယက်ရုရှား လျှို့ဝှက် အေးဂျင့်တစ်ယောက်နဲ့ တူနေတယ်လို့ ပေါ်တူဂီ သမ္မတ မာဆယ်လို ရီဘယ်လို ဒီဆိုဆာက ဝေဖန်သွားခဲ့ပါတယ်။

ဓာတ်ပုံ - RBC-Ukraine

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လုပ်ပုံကိုင်ပုံတွေက ဆိုဗီယက်ရုရှား လျှို့ဝှက် အေးဂျင့်တစ်ယောက်နဲ့ တူနေတယ်လို့ ပေါ်တူဂီ သမ္မတ မာဆယ်လို ရီဘယ်လို ဒီဆိုဆာက ဝေဖန်သွားခဲ့ပါတယ်။

လူငယ်လေ့ကျင့်ရေး အစီအစဉ် တစ်ခုမှာ မိန့်ခွန်းပြောတဲ့အချိန် ဆိုဆာက အဲဒီလိုမျိုး ထည့်သွင်း မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ထရမ့်က ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို ကြားဝင်စေ့စပ် ညှိနှိုင်းပေးမယ့် အဓိက ပုဂ္ဂိုလ်အဖြစ် ရုပ်လုံးပေါ်လာအောင် လုပ်ယူနေတယ်လို့လည်း ဆိုဆာက ပြောပါတယ်။

PSD နွေရာသီ တက္ကသိုလ်မှာ လူငယ်တွေနဲ့ တွေ့ဆုံတဲ့အခါ ဆိုဆာက ကမ္ဘာပေါ်မှာ အခမ်းနား အကြီးကျယ်ဆုံး စူပါပါဝါ နိုင်ငံကြီးရဲ့ ထိပ်ဆုံးအဆင့် ခေါင်းဆောင်ကိုယ်တိုင်က လက်တွေ့ကျကျ ပြောရရင် ဆိုဗီယက်၊ ဒါမှမဟုတ် ရုရှားရဲ့ အိတ်ကပ်ထဲ ရောက်နေသလို ဖြစ်နေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ခေါင်းဆောင်မှု ပုံစံအသစ်မှာတော့ လုပ်ပုံကိုင်ပုံတွေက ရုရှားကို မျက်နှာသာပေးဖို့ချည်း ဖြစ်နေတယ်လို့လည်း ဆိုဆာက ထောက်ပြခဲ့ပါတယ်။ သူက ထရမ့်ဟာ အစဉ်အလာ မဟာမိတ်တွေဆီက ဖယ်ခွာပြီး လက်ရှိ ယူကရိန်း ပဋိပက္ခမှာ ရုရှားဖက်ကို ပိုယိမ်းနေကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က ရုရှားဟာ သူ့သဘောထားကို မလေးစား မလိုက်နာဘူးဆိုရင် ဘယ်လိုဘယ်ပုံ ပိတ်ဆို့ အရေးယူပစ်လိုက်မယ် ဆိုတာမျိုး လေလုံးတွေ ထွားနေပေမယ့် သူသမ္မတဖြစ်လာချိန် ကတည်းက ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေ သတ်မှတ်မျိုး ဘာတစ်ခုမှ မရှိခဲ့ကြောင်းလည်း ထောက်ပြသွားပါတယ်။

ဒါပေမဲ့ ထရမ့်က ရုရှားကို အရေးယူ ပိတ်ဆို့မှုတွေနဲ့တော့ ဆက်ပြီး ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း၊ အဲဒါတွေက ဘာမှ ဖြစ်မလာဘူး ဆိုတာလည်း သေချာနေကြောင်း၊ ဥရောပကတော့ ထရမ့်လက်ထက်မှာ ရုတ်တရက် ပြောင်းသွားမယ့် အမေရိကန်ရဲ့ မူဝါဒရေးရာ အခြေအနေတွေကို လျှော့တွက်မိတဲ့ဒဏ်ကို ခံစားနေရကြောင်း ဆိုဆာက ပြောကြားသွားပါတယ်။

နောက်ပြီး ထရမ့်ဟာ ရုရှား-ယူကရိန်း ပဋိပက္ခအတွက် ကြားဝင်ရာမှာ သူ့သဘောသူဆောင်ပြီး စိတ်တိုင်းကျ လုပ်တဲ့ ညှိနှိုင်းမှု ပုံစံကို ကျင့်သုံးနေပြီး ယူကရိန်းရော၊ ဥရောပ မဟာမိတ်တွေပါ လတ်တလော ဆွေးနွေးမှုတွေမှာ သူတို့ရဲ့ အခန်းကဏ္ဍ အသီးသီး ပျောက်ကွယ်မသွားအောင် ရုန်းကန်နေရကြောင်းလည်း ဆိုဆာက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: RBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ရာထူးက ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။