Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Breaking News:ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ထုတ်ပယ်ခံရ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ရာထူးကနေ ဖယ်ရှားခြင်း ခံလိုက်ရပြီ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ရာထူးကနေ ဖယ်ရှားခြင်း ခံလိုက်ရပြီ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှု နောက်ဆက်တွဲ အရှုပ်တော်ပုံကြောင့် ဇူလိုင်လဆန်း ကတည်းက ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ ဖေထောင်ထန်ဟာ ဩဂုတ် ၂၉ ရက်နေ့၊ ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်မှာတော့ ဝန်ကြီးချုပ် အဖြစ်ကနေ အပြီးတိုင် ဖယ်ရှား ခံခဲ့ရတာပါ။

သူဟာ ထိုင်းဝန်ကြီးချုပ် တာဝန်ကို တစ်နှစ်ကျော်ရုံလေးသာ တာဝန်ယူခွင့် ရခဲ့ပြီး အခုလို ရာထူးကနေ ဖယ်ရှား ခံခဲ့ရတာ ဖြစ်ပါတယ်။ ခုံရုံးရဲ့ တရားသူကြီးတွေ မဲခွဲ ဆုံးဖြတ်မှုမှာတော့ ဖေထောင်ထန်နဲ့ ဟွန်ဆန်းကြားက ဖုန်းဆက် ဆွေးနွေး ပြောဆိုမှုတွေဟာ ဝန်ကြီးချုပ် အနေနဲ့ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှု မြောက်တယ်လို့ သတ်မှတ်ဖို့ လုံလောက်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ခုံရုံး ဆုံးဖြတ်ချက်ဟာ ချက်ချင်း အသက်ဝင်ပြီး ဖေထောင်ထန် အနေနဲ့ ရာထူးကနေ ချက်ချင်း ဖယ်ရှားခြင်း ခံရမှာ ဖြစ်ပါတယ်။ လက်ရှိ ယာယီ ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ဖုန်သမ် ဝီချာရာချိုင်ဟာ ဝန်ကြီးချုပ်သစ်တစ်ဦး မတင်မြှောက်နိုင်သေးခင် အတောအတွင်း နိုင်ငံကို ဆက်လက် ဦးဆောင်နေမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖေထောင်ထန် ဖယ်ရှားခံရမှုဟာ သူဦးဆောင်တဲ့ ဖျူထိုင်းပါတီ အတွက်လည်း ကြီးမားတဲ့ နိုင်ငံရေး ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ ဖေထောင်ထန်ရဲ့ ဖခင်နဲ့ အဒေါ်တို့ဟာလည်း ထိုင်းဝန်ကြီးချုပ်တွေ ဖြစ်ခဲ့ဖူးပေမယ့် ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်း ဖယ်ရှားမှုတွေကို ခံခဲ့ရပါတယ်။

ဖေထောင်ထန် ဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံရတာဟာ ရှီနာဝတ်ထ် မိသားစုအတွက်လည်း ပြင်းထန်တဲ့ အရှိုက်ထိမှုမျိုးလို့ ထိုင်းနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ဖျူထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

လစ်လပ်နေတဲ့ ဝန်ကြီးချုပ် နေရာမှာ အစားထိုး ပုဂ္ဂိုလ် တင်မြှောက်ဖို့အတွက် ထိုင်းလွှတ်တော်ဟာ စက်တင်ဘာ ၅ ရက်နေ့မှာ မဲပေး ဆုံးဖြတ်မှု ခံယူသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ လုံလောက်တဲ့ လွှတ်တော်အမတ် ဦးရေ ထောက်ခံမှုမျိုး ရထားပြီး ဖြစ်တယ်လို့ ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်းပါတီ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ထိုင်းမှာ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့နောက် သိပ်မကြာခင်မှာ နိုင်ငံခေါင်းဆောင် အသစ်ကို ရွေးချယ် တင်မြှောက်ရပါတော့မယ်။ ထိုင်းမှာတော့ ဒါဟာ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ်တွေ ထုတ်ပယ်ခံရတာ ၁၇ နှစ်အတွင်း ၅...