Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယီမင်မှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟိုသီ ဝန်ကြီးချုပ် သေဆုံးသွားတယ်လို့ ယုံကြည်ရ

ယီမင်အခြေစိုက် ဟိုသီပြောက်ကျားတွေ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရ တစ်ဖွဲ့လုံး အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဓာတ်ပုံ - AP

ယီမင်အခြေစိုက် ဟိုသီပြောက်ကျားတွေ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရ တစ်ဖွဲ့လုံး အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစ္စရေး စစ်တပ် (IDF)က ဩဂုတ် ၂၈ ရက်နေ့တုန်းက ယီမင်ရဲ့ မြို့တော် ဆာနားမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟိုသီဝန်ကြီးချုပ် အာမက် အယ်လ်ရာဟာဝီ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေကို ဆန်းစစ်နေဆဲလို့ ပြောပါတယ်။

ယီမင်မှာ နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ အစိုးရနဲ့ ဆာနားအပါအဝင် နိုင်ငံရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားရာ ဟိုသီတွေက ဖွဲ့စည်းထားတဲ့ အစိုးရဆိုပြီး ပြိုင်ဘက် အစုအဖွဲ့ နှစ်ခု ရှိနေပါတယ်။ ဟိုသီတွေဟာ အစ္စရေးရဲ့ ကမ္ဘာ့ရန် အီရန် အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အင်အားစု တစ်ခုပါ။

ဩဂုတ် ၂၈ ရက်နေ့တုန်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ယီမင် ကာကွယ်ရေး ဝန်ကြီးအပါအဝင် ထိပ်ပိုင်း အစိုးရ ခေါင်းဆောင်တွေကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ဟိုသီဝန်ကြီးချုပ် အယ်လ်ရာဟာဝီပါ သေဆုံးသွားကြောင်း အစ္စရေးနဲ့ ယီမင်မီဒီယာ တချို့က ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး အစိုးရ အရာရှိ တချို့ကလည်း လေကြောင်း တိုက်ခိုက်မှုအတွင်း ဟိုသီ ကာကွယ်ရေးဝန်ကြီး မိုဟာမက် အယ်လ်အတီဖီ၊ စစ်ဦးစီး အရာရှိချုပ် မူဟာမက် အက်ဘ်ဒ် အယ်လ်ကာရင်မ် အယ်လ်ဂါမာရီတို့လို ထိပ်တန်း ဟိုသီ အာဏာပိုင်တွေ သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဆာနားမြို့ အပြင်ဖက်မှာ သိုသိုသိပ်သိပ် ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေး တစ်ခုကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဂါမာရီဟာ အရင်တစ်ကြိမ် အစ္စရေး တိုက်ခိုက်မှုမှာလည်း ဒဏ်ရာရခဲ့ဖူးပါတယ်။

ဟိုသီတွေရဲ့ ခေါင်းဆောင် အက်ဘ်ဒူလ် မာလစ်ခ် အယ်လ်ဟိုသီက မိန့်ခွန်းပြောမယ့် အစီအစဉ် မတိုင်ခင်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ အယ်လ်ဟိုသီ ကိုယ်တိုင်ကတော့ အဲဒီပစ်မှတ်နေရာမှာ ရှိမနေခဲ့ဘူးလို့ သိရပါတယ်။

အစ္စရေး စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အီယဲလ်ဇာမားက အဲဒီတိုက်ခိုက်မှုကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ဆီ တိုက်ရိုက် အမိန့်ပေး ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ဟိုသီတွေ အနေနဲ့ အစ္စရေးကို ရန်စတဲ့ လုပ်ရပ်တိုင်းအတွက် ကြီးမားပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံရမယ်ဆိုတာ နားလည်သင့်နေပြီလို့လည်း ဇာမားက ခြိမ်းခြောက်သွားပါတယ်။ ဟိုသီတွေဟာ အစ္စရေး ပိုင်နက်ထဲကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေ လုပ်လေ့ရှိပြီး အစ္စရေးကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။