Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ကို မကောင်းကြံရင်း ပူတင်၊ ကင်မ်ဂျုံအွန်းတို့ကိုလည်း သူ့ကိုယ်စား နှုတ်ဆက်ပေးဖို့ ရှီကျင့်ဖျင်ကို ထရမ့် အငေါ်တူး

အမေရိကန်ကို မကောင်းကြံကြရင်းနဲ့ပဲ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေကိုလည်း သူ့ကိုယ်စား နှုတ်ဆက်ပေးပါဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရည်ရွယ်ပြီး အငေါ်တူးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်ကို မကောင်းကြံကြရင်းနဲ့ပဲ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေကိုလည်း သူ့ကိုယ်စား နှုတ်ဆက်ပေးပါဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရည်ရွယ်ပြီး အငေါ်တူးခဲ့ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့တုန်းက ဘေဂျင်းမှာ ကျင်းပတဲ့ တရုတ် စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကို ရုရှား သမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့ တက်ရောက်ခဲ့ကြတဲ့နောက် ထရမ့်က သူတည်ထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရှီကို ရည်ရွယ်ပြီး ဝေဖန်ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံရေး အကဲခတ်တွေကတော့ ရှီဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို စိန်ခေါ်နိုင်မယ့် နိုင်ငံတကာ အင်အားစုသစ် တစ်ခုကို ဦးဆောင်ထူထောင်ဖို့ အဲဒီ စစ်ရေးပြပွဲကို အသုံးချခဲ့တာ ဖြစ်နိုင်ကြောင်း ဝေဖန် သုံးသပ်နေကြပါတယ်။

ထရမ့်က ရှီကို ရည်ရွယ်ပြီး ရေးသားထားတဲ့ ပို့စ်မှာ ရှီအနေနဲ့ အမေရိကန်ကို မကောင်းကြံနေရင်းနဲ့ပဲ သူပေးပို့တဲ့ အနွေးထွေးဆုံး နှုတ်ဆက်မှုတွေကို ပူတင်၊ ကင်မ်တို့ဆီ လက်ဆင့်ကမ်းပေးပါဦးလို့ ပါရှိခဲ့တာ ဖြစ်ပါတယ်။ ပူတင်၊ ရှီနဲ့ ကင်မ်တို့ဟာ တစ်ဦးချင်းစီကြားမှာ ရင်းနှီးကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတွေ ရှိနေပေမယ့် အခမ်းအနား တစ်ခုမှာ သုံးဦးအတူ စုစည်းနေတာမျိုးကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်လာပါတယ်။

အမေရိကန်မှာ ထရမ့်က ဒုတိယသက်တမ်း ၄ နှစ်အတွက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်တာ ခံခဲ့ရပြီးတဲ့နောက် တရုတ်အပေါ် ပြင်းထန်ကြမ်းတမ်းတဲ့ ကုန်သွယ်ခွန် စည်းကြပ်မှုတွေ သတ်မှတ်ခဲ့ရာက နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယကမ္ဘာစစ်မှာ ဂျပန်တပ်တွေ လက်နက်ချမှု နှစ် ၈၀ ပြည့် အခမ်းအနားအဖြစ် ကျင်းပတဲ့ စစ်ရေးပြ ချီတက်ပွဲမှာတော့ ရှီက ကမ္ဘာကြီးဟာ စစ်နဲ့ ငြိမ်းချမ်းရေးကြား၊ ပဋိပက္ခနဲ့ စေ့စပ်ဆွေးနွေးမှုတွေကြား ရွေးချယ်ရမယ့် လမ်းဆုံလမ်းခွ ကာလမျိုးကို ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။ သူက တရုတ်ဟာ ဘယ်လို အနိုင်ကျင့် ဖိနှိပ်မှုကိုမှ ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ကြုံးဝါးခဲ့သလို စစ်ရေးပြ ချီတက်ပွဲမှာ ပါဝင်တဲ့ တရုတ် တပ်ဖွဲ့ဝင်တွေ၊ စစ်လက်နက်တွေကို လှည့်ပတ် စစ်ဆေးချိန်မှာ နိုင်ငံရဲ့ စစ်အင်အားဟာ တားဆီးရပ်တန့်လို့ မရတဲ့ အဆင့်ထိ တောင့်တင်းနေပြီလို့လည်း ကြွေးကြော်ခဲ့ပါတယ်။

တီယန်နန်မင် ရင်ပြင်မှာ စစ်သည် ၁၀၀၀၀ လောက်နဲ့ စစ်လက်နက် ပစ္စည်းမျိုးစုံ ရာနဲ့ချီ ပါဝင်ခဲ့တဲ့ ချီတက်ပွဲမှာတော့ တရုတ်ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ တင့်ကားတွေ၊ လေဆာရောင်ခြည် နည်းပညာသုံး လက်နက်တွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အပါအဝင် ခေတ်အမီဆုံး စစ်ရေး ယန္တရားတွေကိုပါ ခင်းကျင်း ပြသသွားခဲ့ပါတယ်။

အဲဒီချီတက်ပွဲဟာ တရုတ်ရဲ့ ပြည်တွင်းဖြစ်နဲ့ အသစ်လွင်ဆုံး စစ်လက်နက်တွေကို ပွဲထုတ် ခင်းကျင်းပြသဖို့ စနစ်တကျ ပြင်ဆင်ထားမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ တရုတ်ဟာ အခုလို စစ်ရေးပြ အခမ်းအနားမျိုးကို ၅ နှစ်တစ်ကြိမ်လောက်သာ ကျင်းပပြီး ခေတ်မီ စစ်လက်နက်တွေကို ပြသလေ့ရှိတဲ့ အစဉ်အလာကြောင့်လည်း ပြိုင်ဘက် အနောက်မဟာမိတ် နိုင်ငံတွေနဲ့ နိုင်ငံတကာ စစ်ရေးသုတေသီတွေက အလေးအနက်ထား စောင့်ကြည့်ခဲ့ကြကြောင်း သိရပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။