Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီးဌာနကို နာမည်ပြောင်းဖို့ ထရမ့်စီစဉ်

ကာကွယ်ရေး ဝန်ကြီးဌာနကို နာမည်ပြောင်းလဲ သတ်မှတ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ကာကွယ်ရေး ဝန်ကြီးဌာနကို နာမည်ပြောင်းလဲ သတ်မှတ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

အိမ်ဖြူတော် အရာရှိ တစ်ဦးက ထရမ့်ဟာ ကာကွယ်ရေး ဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနလို့ ပြောင်းလဲ နာမည်ခေါ်ဆိုမယ့် အထူးအမိန့်ကို လကမှတ်ရေးထိုးလိမ့်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာလည်း စစ်ဝန်ကြီး ဖြစ်လာမယ့် သဘောပါ။

နာမည်အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်တဲ့ ဥပဒေကြောင်းနဲ့ လုပ်ထုံးလုပ်နည်း ကိစ္စတွေကို အကောင်အထည် ဖော်ဖို့လည်း ဟက်ဂ်ဆက်သ်ကို ထရမ့်က ညွှန်ကြားထားပြီးပြီလို့ သိရပါတယ်။

ထရမ့်ဟာ နာမည်ပြောင်းခေါ်ရတာ ဝါသနာပါပုံရပြီး သူသမ္မတ ဖြစ်လာချိန် ကတည်းက အဖွဲ့အစည်းနဲ့ နေရာတချို့ရဲ့ တရားဝင် နာမည်သတ်မှတ်ချက်တွေကို ပြောင်းလဲစေခဲ့ပြီးပါပြီ။ အထင်ရှားဆုံး တစ်ခုကတော့ ရာစုနှစ်တွေနဲ့ချီ အသုံးပြုခဲ့တဲ့ မက္ကဆီကို ပင်လယ်ကွေ့ နာမည်ကို အမေရိက ပင်လယ်ကွေ့လို့ တစ်ဖက်သတ် ပြောင်းပစ်ခဲ့ခြင်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမိုင်းမှာတော့ ဝန်ကြီးဌာန နာမည်တွေကို ပြောင်းလဲတယ် ဆိုတာမျိုးက ရှားပါးလွန်းပြီး လွှတ်တော်ရဲ့ ထောက်ခံ အတည်ပြုချက်လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ လွှတ်တော် နှစ်ရပ်စလုံးမှာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီက အင်အား အသာစီး ရထားတာကြောင့် ဒီအဆင့်က သိပ်အခက်အခဲ ရှိမယ့်ပုံ မပေါ်ပါဘူး။ ပြီးတော့ ရီပတ်ဘလစ်ကန် လွှတ်တော် အမတ်တွေကလည်း ထရမ့်နဲ့ အတိုက်အခံ မဖြစ်အောင် သတိကြီးကြီးနဲ့ ရှောင်လေ့ရှိပါတယ်။

တကယ်တော့ စစ်ဝန်ကြီးဌာနဟာ နာမည်သစ် မဟုတ်ဘဲ နာမည်အဟောင်းဆီ ပြန်ပြောင်းတာလို့တောင် ဆိုနိုင်ပါတယ်။ ၁၉၄၉ ခုနှစ်ထိ အဲဒီနာမည်ကို အသုံးပြုခဲ့ဖူးပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း၊ နျူကလီးယားလက်နက်တွေ အပြိုင်တည်ဆောက်တဲ့ ခေတ်မှာတော့ အမေရိကန်ရဲ့ မူဝါဒဟာ စစ်ပွဲတွေကို တားဆီးဖို့သာ ဖြစ်တယ် ဆိုတာမျိုး ပုံဖော်ဖို့ ရည်ရွယ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနလို့ ပြောင်းလဲခဲ့တာလို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဝန်ကြီးဌာန နာမည်ကို အသစ်ပြောင်းရင် စာရွက်စာတမ်းတွေ၊ လက်အောက်ခံ နေရာဌာနတွေမှာပါ နာမည်တွေ အကုန် လိုက်ပြောင်းရမှာဖြစ်ပြီး အဲဒီအတွက် စရိတ်ကလည်း အတော်များပြားမှာ ဖြစ်ပါတယ်။ ဥပမာ အမေရိကန်မှာ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် တာဝန်ယူနေခဲ့တုန်းက စစ်စခန်း ၉ ခုရဲ့ နာမည်ကို ပြောင်းလဲဖို့ စီစဉ်ခဲ့ရာမှာ ကုန်ကျစရိတ် ဒေါ်လာ ၃၉ သန်းလောက် ရှိမယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ထရမ့်လက်ထက်မှာတော့ အဲဒီ အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ်က ပယ်ချသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်ကြား စစ်ပြေငြိမ်းရေး ကနဦးအဆင့် သဘောတူညီမှု တစ်ခုကို ဇွန်လ ၁၄ ရက်နေ့မှာ လက်မှတ် ရေးထိုးနိုင်ဖွယ် ရှိနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။