Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဓိကရုဏ်းတွေ ဖြစ်ပေါ်နေတဲ့ နီပေါမှာ စစ်တပ် စတင်ဖြန့်ကျက်ထားပေမယ့် အသေအပျောက် ဆက်တိုးလာနေ

ဆန္ဒပြမှု နောက်ဆက်တွဲ အဓိကရုဏ်းတွေ ပြင်းထန်နေတဲ့ နီပေါမှာ စစ်တပ်က လုံခြုံရေး စတင် ဖြန့်ကျက်ထားပေမယ့် အသေအပျောက် စာရင်းက ဆက်ပြီး တိုးလာနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - AFP/Getty Images

ဆန္ဒပြမှု နောက်ဆက်တွဲ အဓိကရုဏ်းတွေ ပြင်းထန်နေတဲ့ နီပေါမှာ စစ်တပ်က လုံခြုံရေး စတင် ဖြန့်ကျက်ထားပေမယ့် အသေအပျောက် စာရင်းက ဆက်ပြီး တိုးလာနေဆဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ နီပေါရဲ့ နိုင်ငံရေး အကျပ်အတည်းတွေအတွင်း သေဆုံးသူ ၃၀ ထက်မနည်း ရှိလာပြီး အများစုက ခတ္တမန္ဒူ မြို့တော်မှာ ဖြစ်ပါတယ်။ နီပေါ စစ်တပ်ဟာ ခတ္တမန္ဒူမှာ စက်တင်ဘာ ၉ ရက်နေ့က စတင်ဖြန့်ကျက်ပြီး လုံခြုံရေးအတွက် တာဝန်ယူနေပေမယ့် အသေအပျောက်တွေ ဆက်လက် ဖြစ်ပေါ်နေဆဲလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြည်တွင်းမှာ လူသုံးများတဲ့ Facebookလို လူမှုကွန်ရက် မီဒီယာတွေကို အစိုးရက သုံးစွဲခွင့် ပိတ်ချလိုက်ရာက ဆန္ဒပြပွဲတွေ စတင်ခဲ့ပါတယ်။ နောက်တော့ ဆန္ဒပြသူတွေက အစိုးရ အဖွဲ့ထဲမှာ ဖြစ်ပေါ်နေတဲ့ အဂတိ ကိစ္စတွေကို တိုက်ဖျက်ပေးဖို့ပါ တောင်းဆိုလာကြပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာ ဆန္ဒပြပွဲတွေကို ရဲတွေက အင်အားသုံး နှိမ်နင်းပြီး လူ ၁၉ ဦးလောက် သေဆုံးခဲ့တဲ့နောက် အခြေအနေတွေက ထိန်းသိမ်းဖို့ ခက်ခဲလောက်အောင် ဆိုးရွားသွားခဲ့ပါတယ်။ လူငယ်အများစု ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ ပိုပြီး အရှိန်တက်လာသလို လွှတ်တော်၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ နေအိမ်တွေပါ မီးရှို့ခံရပြီး ရှုပ်ထွေးတဲ့ အဓိကရုဏ်းတွေအဖြစ် ကူးပြောင်းသွားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတော်တော်များများ အစိုးရ အဖွဲ့ထဲက နုတ်ထွက်သွားပြီး နီပေါရဲ့ အုပ်ချုပ်ရေး ယန္တရားကလည်း ဦးဆောင်သူ ကင်းမဲ့သွားပါတယ်။ ဒါကြောင့် စစ်တပ်က လတ်တလောမှာ အုပ်ချုပ်ရေး တာဝန်ကိုယူပြီး ခတ္တမန္ဒူမှာ တပ်တွေကို ဖြန့်ကျက်ထားလိုက်တာ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံရဲ့ သမ္မတရော၊ စစ်တပ်ကပါ ဆန္ဒပြမှုတွေကို ရပ်စဲဖို့၊ ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ စကားဝိုင်းတွေဆီ လာရောက်ကြဖို့ ဖိတ်ကြားထားပါတယ်။

နီပေါ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရတော့ အရှုပ်အထွေးတွေအတွင်း ဒဏ်ရာရသူက ၁၀၀၀ ကျော်ခဲ့ပြီဖြစ်ပြီး စစ်တပ် ဖြန့်ကျက်တဲ့နောက်ပိုင်း ထိခိုက်သေကြေမှု ကိန်းဂဏန်းတွေက ဆက်တိုးနေဆဲလို့ သိရပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာတော့ မီးလောင်ထားတဲ့ လွှတ်တော် အဆောက်အအုံရှေ့မှာ ဆန္ဒပြသူတွေ စုဝေး အောင်ပွဲခံနေကြပုံ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့နေကြပုံ ဓာတ်ပုံ၊ ဗီဒီယိုတွေ ပျံ့နှံ့နေခဲ့ပါတယ်။

အခု ဆန္ဒပြမှုတွေဟာ လူမှုကွန်ရက် မီဒီယာ သုံးစွဲခွင့် ပိတ်ပင်တဲ့ ကိစ္စကနေ အစပျိုးခဲ့ပေမယ့် နိုင်ငံရဲ့ လူငယ်တွေက အလုပ်လက်မဲ့ ဖြစ်မှုနဲ့ တခြားမမျှတတဲ့ အခြေအနေတွေ ကြုံနေရတဲ့အပေါ် ဒေါသပေါက်ကွဲခဲ့တယ် ဆိုတာကိုလည်း မြင်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

နိုင်ငံလူဦးရေ သန်း ၃၀ ထဲက ငါးပုံတစ်ပုံဟာ ဆိုးဆိုးရွားရွား ဆင်းရဲမွဲတေနေတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပြီး နောက်ဆုံး ထွက်ပေါ်ထားတဲ့ အစိုးရရဲ့ ခန့်မှန်းချက် ကိန်းဂဏန်းတွေအရ လူငယ် ဦးရေရဲ့ ၂၂ ရာခိုင်နှုန်းထိ အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပေါနိုင်ငံ အလယ်ပိုင်းက ကုန်းမြင့်ဒေသတွေမှာ ရေကြီးမှုတစ်ခု ကြုံတွေ့ခဲ့ပြီး အိမ်တွေ၊ အဆောက်အအုံတွေ၊ တံတားတွေ ရေစီးနဲ့ မျောပါ ပျက်စီးကုန်သလို လူ ၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ဆိုးရွားတဲ့ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နီပေါ ဝန်ကြီးချုပ်က တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုကြီးဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။