Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်မှာ ရထားလုံး စီးနေတဲ့ ထရမ့်

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တော်ဝင်မိသားစုက ခရီးဦးကြို ပြုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တော်ဝင်မိသားစုက ခရီးဦးကြို ပြုခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က ထရမ့်လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ဝင်ဆာရဲတိုက်နားမှာ ဆင်းသက်ခဲ့တဲ့နောက် ရဲတိုက်ဆီကို မင်းခမ်းမင်းနား ဓလေ့ထုံးစံတွေနဲ့အညီ ပြင်ဆင်ထားတဲ့ ရထားလုံးတွေက လိုက်လံ ပို့ဆောင်ပေးဖို့ အသင့်စောင့်ဆိုင်းနေခဲ့ပါတယ်။

ရဟတ်ယာဉ်နားထိကို ဗြိတိန် အိမ်ရှေ့မင်းသား ဝီလျံနဲ့ ကြင်ရာတော် ကိတ်မစ်ဒယ်လ်တန်တို့က သွားရောက် ခရီးဦးကြို ပြုခဲ့ပြီး အဲဒီနောက်မှာတော့ ထရမ့်ဟာ ဗြိတိန်ရဲ့ ချားလ်စ်ဘုရင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ထရမ့်နဲ့ ချားလ်စ်ဘုရင်က ရထားလုံးတစ်စီး၊ ချားလ်စ်ရဲ့ မိဖုရား ကယ်မီလာနဲ့ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က တစ်စီး၊ ဗြိတိန် အိမ်ရှေ့မင်းသားနဲ့ ကြင်ရာတော်တို့က တစ်စီးစီ စီးနင်းလိုက်ပါပြီး ဝင်ဆာရဲတိုက်ဆီ ထွက်ခွာခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ခရီးစဉ်ကို ဗြိတိန် ဘုရင်ရဲ့ တော်ဝင်မြင်းတပ်က ခြံရံ စောင့်ရှောက် လိုက်ပါပေးခဲ့ပါတယ်။

ရဲတိုက်မှာတော့ ထရမ့်ဟာ တော်ဝင် ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ကြိုဆို အလေးပြုမှုကို ခံယူတာ အပါအဝင် ကြိုဆိုပွဲ အစီအစဉ်တွေကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရေတပ် သင်္ဘောတွေကို ပြည်ပနိုင်ငံတွေမှာ တည်ဆောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခွင့်ပြုပေးလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။