Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်မြို့က ကျင်းချိုင့်ကြီးကို မြေပြန်ဖို့နေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရုတ်တရက် မြေပြိုပြီး ဖြစ်ပေါ်လာတဲ့ ကျင်းချိုင့်ကြီးကြောင့် ပတ်ဝန်းကျင် အဆောက်အအုံတွေ မပြိုကျရအောင်လို့ မြေဖို့မှုတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

ဓာတ်ပုံ- Thai PBS

စက်တင်ဘာ – ၂၅ ၊၂၀၂၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရုတ်တရက် မြေပြိုပြီး ဖြစ်ပေါ်လာတဲ့ ကျင်းချိုင့်ကြီးကြောင့် ပတ်ဝန်းကျင် အဆောက်အအုံတွေ မပြိုကျရအောင်လို့ မြေဖို့မှုတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

ပေ ၁၀၀ ပတ်လည်လောက်ကျယ်ပြီး ပေ ၁၆၀ ကျော်ခန့်နက်တဲ့ ဧရာမ ချိုင့်ကြီးထဲကို သဲအိတ်တွေ၊ အုတ်ကျိုးအုတ်ပဲ့တွေ ဖြည့်တင်းပြီး ဆောက်လုပ်ရေး အလုပ်သမားတွေက မြေဖို့နေကြတာပါ။

အဲဒီ မြေကျွံချိုင့်ကြီးဟာ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ဘန်ကောက်ရဲ့ လူနေ အဆောက်အအုံတွေနဲ့ ဆေးရုံတစ်ခုနားက ကားလမ်းပေါ်မှာ ရုတ်တရက် ဖြစ်ပေါ်လာခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ လူတွေ ထိခိုက် သေဆုံးတာတော့ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အနီးမှာ မြေအောက်ရထားလမ်း ဥမင်တစ်ခု ရှိနေပြီး အဲဒီဖက်ကို မြေသားတွေ တရွေ့ရွေ့ ပြိုဆင်းရင်း ချိုင့်ကြီးက ပိုကျယ်လာနိုင်တာကြောင့်လည်း မြေပြန်ဖို့ရေးကို အပူတပြင်း လုပ်နေရာတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြိုချိန်မှာ မြေအောက်က ရေသွယ်ပိုက်တွေလည်း ပေါက်ထွက်ကုန်ပြီး ရေတွေ စိမ့်ထွက်ကုန်တာကြောင့် ပြဿနာကို ကိုင်တွယ်ရတာ ပိုပြီး ခက်ခဲနေတယ်လို့ သိရပါတယ်။

ဘန်ကောက် အုပ်ချုပ်ရေးမှူး ချတ်ဒ်ချတ် ဆစ်တီပွန်က စက်တင်ဘာ ၂၄ ရက် ညပိုင်းတုန်းက အဲဒီ အပေါက်ကြီးထဲကို သဲအိတ်ပေါင်း ငါးသောင်းလောက် ပစ်ချပြီး မြေဖို့ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ နောက်တစ်နေ့မှာလည်း အဲဒီ မြေဖို့လုပ်ငန်းကို ဆက်ပြီး ဆောင်ရွက်နေကြဆဲပါ။

မြေကျွံတဲ့ နေရာနဲ့ ကပ်လျက်မှာရှိတဲ့ ဗာဂျီရာ ဆေးရုံကတော့ မြေအောက်က ကွန်ကရစ် နံရံကြီးတွေရဲ့ ထောက်ကန်အားကြောင့် အတော်လေး ဘေးကင်းတဲ့ အခြေအနေ ရှိပေမယ့် တခြား အဆောက်အအုံတွေကိုတော့ ဆက်လက် စစ်ဆေးဖို့ လိုအပ်နေဆဲလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

မြေပြိုမှု ပြီးကတည်းက ဆေးရုံက လူနာတွေနဲ့ ပတ်ဝန်းကျင်က ဒေသခံတွေကိုပါ အရေးပေါ် ရွှေ့ပြောင်းပေးထားရပါတယ်။

လောလောဆယ် အန္တရာယ် အရှိဆုံး တစ်ခုက မြေအောက်မှာရှိတဲ့ ထောက်တိုင်နှစ်ခု ပြိုဆင်းသွားတဲ့ ငါး ထပ်တိုက် တစ်လုံးလို့ ဆိုပါတယ်။

နောက်ပြီး အနီးမှာရှိတဲ့ ဆမ်ဆန် ရဲစခန်းကလည်း ဆေးရုံကို ဆောက်ထားသလို ခိုင်မာတဲ့ ဖောင်ဒေးရှင်း မရှိတဲ့အတွက် အန္တရာယ် များနေပြီး ရဲဝန်ထမ်း ၅၀ လောက်ကို ရွှေ့ပြောင်းပေးထားရပါတယ်။

မြေကျွံချိုင့်ကြီး ဖြစ်ပေါ်ချိန်က ဓာတ်တိုင်တွေ၊ ကားတွေပါ ပြုတ်ကျကုန်ပြီး ရေပိုက်လိုင်းတွေလည်း ပေါက်ကုန်တာကြောင့် အဲဒီဧရိယာ တဝိုက်မှာ ဓာတ်အားနဲ့ ရေပြတ်တောက်မှုတွေ ဖြစ်နေပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ကတော့ ဥမင်နဲ့ ကတ္တရာလမ်းကို ပြန်လည်ပြင်ဆင်မှုတွေဟာ တစ်နှစ်လောက်ထိ ကြာမြင့်နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။ မြေပြိုမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် အထူးယူနစ် တစ်ခုကိုလည်း ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဒီကနေ့ (ဩဂုတ် ၈) မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။