Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်က မြေကျွံချိုင့်ကြီးကို မြေဖို့ပြင်ဆင်မှုတွေ အခြေအနေ တိုးတက်လာနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲက လမ်းမတစ်ခုမှာ ရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့ ဧရာမ မြေကျွံချိုင့်ကြီးကို မြေပြန်ဖို့မှုတွေ အခြေအနေ တိုးတက်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲက လမ်းမတစ်ခုမှာ ရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့ ဧရာမ မြေကျွံချိုင့်ကြီးကို မြေပြန်ဖို့မှုတွေ အခြေအနေ တိုးတက်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆမ်ဆန်လမ်းပေါ်က ဗာဂျီရာ ဆေးရုံရှေ့မှာရှိတဲ့ ကတ္တရာလမ်းမှာ မီတာ ၅၀ လောက်နက်တဲ့ မြေကျွံချိုင့်ကြီး ရုတ်တရက် ဖြစ်ပေါ်ခဲ့တာပါ။ အလျားနဲ့အနံ မီတာ ၃၀ လောက်ထိ ကြီးမားတဲ့ အဲဒီ ဧရာမ ကျင်းချိုင့်ကြီးကို မြေပြန်ဖို့နိုင်အောင် အစောပိုင်းမှာ ကွန်ကရစ် ဖျော်ရည်တွေ လောင်းထည့်ခဲ့ပေမယ့် အနီးမှာရှိတဲ့ မြေအောက်ရထား ဥမင်တစ်ခုဖက်ကို စီးဝင်သွားခဲ့တာကြောင့် အင်ဂျင်နီယာတွေ အခက်ကြုံနေခဲ့ရပါသေးတယ်။

ဒါပေမဲ့ အခုတော့ အဲဒီကျင်းကြီးကို ကွန်ကရစ်ရည်တွေနဲ့ ပြန်ဖြည့်ပြီး မြေဖို့တဲ့ လုပ်ငန်းက အရှိန်ရလာနေပြီး စက်တင်ဘာ ၃၀ ရက်နေ့ကျရင် သဲတွေအများအပြားနဲ့ မြေထပ်ဖို့နိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့မှာ လမ်းပြင် အလုပ်သမားတွေဟာ ကျင်းချိုင့်ကြီးထဲမှာ ပိတ်ဆို့နေတဲ့ ဆက်သွယ်ရေး ကေဘယ်လ်ကြိုးလိုင်းတွေကို ရှင်းလင်း ဖြတ်တောက်ပစ်ခဲ့ပြီး ကွန်ကရစ်ရည်တွေ ယိုစိမ့်ထွက်တဲ့ အပေါက်ကိုလည်း ပိတ်နိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တစ်ဆင့်ကတော့ အနီးတဝိုက်မှာ မြေကျွံမှုတွေ အန္တရာယ် ကြီးကြီးမားမား ကြုံနေရတဲ့ ဆမ်ဆန် ရဲစခန်း အပါအဝင် အဆောက်အအုံတွေရဲ့ အောက်ခြေ ဖောင်ဒေးရှင်းတွေကို အရေးပေါ် အားဖြည့်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သယ်ယူပို့ဆောင်ရေး ဝန်ကြီးအဖြစ်လည်း ပူးတွဲ တာဝန်ယူထားတဲ့ ဒုတိယ ဝန်ကြီးချုပ် ဖီဖတ် ရတ်ချာကစ်ပရာကန်ဟာ စက်တင်ဘာ ၂၈ ရက်နေ့တုန်းက အခင်းဖြစ်ရာ နေရာကို သွားရောက် စစ်ဆေးခဲ့သလို ပြန်လည် ပြုပြင်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးမှု မရှိစေရဘူးလို့ ဒေသခံတွေကို ကတိပေးခဲ့ပါတယ်။

မြေကျွံချိုင့်ထဲမှာ စောင့်ကြည့် ကင်မရာ ၁၀ လုံးကို တပ်ဆင်ထားပြီး မြေသား လှုပ်ရှားမှုတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနေကြောင်း၊ ဆောက်လုပ်ရေး ဝန်ထမ်းတွေရဲ့ ဘေးကင်းမှုဟာ အမြဲတမ်း ဦးစားပေးအဆင့် ရှိနေမှာဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးချုပ်က ဆိုပါတယ်။

မြေကျွံချိုင့်ကြီးနဲ့ ကပ်လျက် ရှိနေတဲ့ ဗာဂျီရာ ဆေးရုံကိုတော့ ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ ပြင်ပလူနာ ၃၀၀၀ လောက် လာရောက်မယ်လို့ ဆေးရုံဖက်က ခန့်မှန်းထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။