Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ ဗုံးကြဲနေတာတွေ ချက်ချင်းရပ်ထားဖို့ အစ္စရေးကို ထရမ့်ပြော

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဗုံးကြဲနေတာတွေကို ရပ်ထားဖို့ အစ္စရေးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - The New York Times

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဗုံးကြဲနေတာတွေကို ရပ်ထားဖို့ အစ္စရေးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်က ထရမ့်ကိုယ်တိုင် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး အစီအမံတွေကို လက်ခံ ဆွေးနွေးဖို့ မီးစိမ်းပြလိုက်တဲ့နောက် ထရမ့်ကလည်း မဟာမိတ် အစ္စရေးကို အခုလို လှမ်းတားထားလိုက်တာ ဖြစ်ပါတယ်။

ဟားမားစ်တွေက အစ္စရေး ဓားစာခံ အားလုံးကို ပြန်လည် လွှဲပြောင်းပေးဖို့ ထရမ့်ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့ပြီး အဲဒီအတွက် ဆွေးနွေးမှုတွေ စတင်မယ်လို့ ကြေညာခဲ့တဲ့နောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုက ရှေ့တိုးနိုင်မယ့် အလားအလာတွေ တွေ့လာရပါတယ်။ ထရမ့်ဟာ အစ္စရေးနဲ့ ဟားမားစ်ကြားမှာ အပစ်ရပ် သဘောတူညီမှုတစ်ခု ပေါ်ထွန်းလာအောင် ကာတာ၊ အီဂျစ် အစိုးရတွေနဲ့အတူ ကြားဝင် ညှိနှိုင်းပေးနေတာပါ။

ထရမ့်က စစ်ရပ်စဲနိုင်ရေးအတွက် အချက် ၂၀ ပါတဲ့ သူ့ရဲ့ ကမ်းလှမ်း တောင်းဆိုချက်တွေကို အစ္စရေးနဲ့ ဟားမားစ်တို့ဆီ ပေးပို့ထားခဲ့ပြီး အဲဒီထဲက ပထမ အဆင့်အဖြစ် ဟားမားစ်က အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ဖို့၊ အစ္စရေးကလည်း ဂါဇာမှာ ဗုံးကြဲနေတာတွေ ရပ်ဖို့ ဆိုတာတွေ စတင် ရုပ်လုံးပေါ်လာမယ့် အခြေအနေကို မြင်နေရပါပြီ။ ဒါပေမဲ့ ဟားမားစ်ဟာ ဂါဇာကို ကြီးစိုး အုပ်ချုပ်နေမှုကနေ စွန့်ခွာရမယ်ဆိုတဲ့ နောက်ဆက်တွဲ အဆင့်တွေကိုတော့ ဟားမားစ်ဖက်က လက်မခံသေးဘဲ နောက်ပိုင်း ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ရမယ့် သဘောပါပဲ။

Public Service Announcement

Public Service Announcement

ဓားစာခံတွေကို လွှတ်ပေးရေး ဆွေးနွေးဖို့ ဟားမားစ်က သဘောတူလိုက်တာဟာ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ အချက်ပေးမှုတစ်ခုအဖြစ် သူယူဆကြောင်း၊ အခုတော့ ကျန်တဲ့အပိုင်းက အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက လုပ်ဆောင်ရမယ့် ကိစ္စ ဖြစ်လာကြောင်း ထရမ့်က ဆိုပါတယ်။

အစ္စရေးကလည်း ဂါဇာမှာ ဗုံးကြဲနေတာတွေ ချက်ချင်းရပ်ဖို့ လိုကြောင်း၊ ဒါမှလည်း ဓားစာခံတွေကို ဘေးကင်းကင်းနဲ့ မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းပေးနိုင်မှာဖြစ်ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ပြီး အဲဒီကိစ္စကို ဘယ်လို လုပ်ကြမလဲဆိုတဲ့ အသေးစိတ်တွေကိုလည်း စတင် ဆွေးနွေးနေကြောင်း၊ ဒီဆွေးနွေးမှုတွေဟာ ဂါဇာ တစ်ခုတည်းအတွက် မဟုတ်ဘဲ အရှေ့အလယ်ပိုင်း ဒေသရဲ့ ရေရှည် ငြိမ်းချမ်းမှု အတွက်ပါ အရေးကြီးကြောင်း သူက လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်ရဲ့ အချက် ၂၀ ပါ တောင်းဆိုမှုတွေဟာ ဂါဇာ ကမ်းမြှောင်ဒေသရဲ့ အနာဂတ်နဲ့ ပါလက်စတိုင်း ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ထိရောက်တဲ့ အာမခံချက်မျိုး ပေးမထားဘူးလို့ အစောပိုင်းမှာ ဟားမားစ်ဖက်က ဝေဖန်ခဲ့ပေမယ့်လည်း အခုတော့ ဆွေးနွေးမှုတွေက လမ်းပွင့်လာတာ ဖြစ်ပါတယ်။ အဲဒီ အဆိုပြုချက်တွေကို ကြေညာခဲ့ပြီးချိန်မှာ ထရမ့်က ဟားမားစ် အနေနဲ့ အောက်တိုဘာ ၅ ရက်နေ့ထိမှ သူ့ရဲ့ ကမ်းလှမ်းမှုကို လက်မခံသေးဘူး ဆိုရင်တော့ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ငရဲမျိုး လက်တွေ့ မြင်သွားရစေမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တွေက အစ္စရေး နယ်စပ်ကို ကျူးကျော် တိုက်ခိုက်ပြီး အစ္စရေး နိုင်ငံသား ၁၂၀၀ လောက်ကို သတ်ဖြတ်၊ ဓားစာခံ ၂၅၀ ဝန်းကျင်ကို ဂါဇာပိုင်နက်ထဲ ဖမ်းဆီးသွားခဲ့ရာက စစ်ပွဲအစပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စစ်ပွဲအတွင်း အစ္စရေးဖက်ကလည်း ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် တုံ့ပြန်မှုတွေကြောင့် ဂါဇာမှာ အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၆၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူတွေကို​လေ​ကြောင်းက​နေအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စစ်ရာဇဝတ်မှု​တွေမှာအမိန့်ပေးစေခိုင်းခဲ့တဲ့လေတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေအိမ်ကို ​ရန်ကုန်​UG တစ်ဖွဲ့က ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။