Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ SU-35 တိုက်လေယာဉ် ၄၈ စီး အီရန် မှာယူထားတယ်လို့ဆို

ပေါက်ကြား ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေအရ အီရန်ဟာ ရုရှားလုပ် SU-35 ဘက်စုံသုံး တိုက်လေယာဉ် ၄ ဒါဇင်ကို မှာယူထားကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ - AP

ပေါက်ကြား ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေအရ အီရန်ဟာ ရုရှားလုပ် SU-35 ဘက်စုံသုံး တိုက်လေယာဉ် ၄ ဒါဇင်ကို မှာယူထားကြောင်း သိရှိရပါတယ်။

Black Mirrorလို့ခေါ်တဲ့ ဟက်ကာအဖွဲ့ တစ်ခုဟာ ရုရှား အစိုးရပိုင် Rostec ကော်ပိုရေးရှင်း လက်အောက်ခံ Concern Radio-Electronic Technologies ကုမ္ပဏီရဲ့ စာရွက်စာတမ်းတွေနဲ့ ကုန်စည်ရောင်းဝယ်မှု မှတ်တမ်းတွေကို ထိုးဖောက် ရယူပြီး အောက်တိုဘာ လဆန်းမှာ ဖြန့်ဝေခဲ့ရာမှာ အီရန်က ရုရှား တိုက်လေယာဉ် ၄၈ စီးကို ယူရို ၅ ဘီလီယံနဲ့ ၆ ဘီလီယံကြား စျေးနှုန်းတစ်ရပ်နဲ့ ဝယ်ယူဖို့ မှာယူထားကြောင်း ပါရှိလာခဲ့တာပါ။

အမှာစာ အမှတ် ၃၆၄ ဆိုတဲ့ သတ်မှတ်ချက် အောက်မှာတော့ အီရန်ဟာ ရုရှားရဲ့ Sukhoi ကုမ္ပဏီထုတ် တိုက်လေယာဉ်တွေကို မှာယူထားတယ်လို့ သိရပါတယ်။ SU-35တွေဟာ လေကြောင်းစိုးမိုးရေးအတွက် အဓိက ထုတ်လုပ်ထားပေမယ့်လည်း စစ်ဆင်ရေး မစ်ရှင် အမျိုးမျိုးအတွက် အသုံးပြုနိုင်တဲ့ ဘက်စုံသုံး တိုက်လေယာဉ်တွေလည်း ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကို လေ့လာပြီးတဲ့နောက် Defence Security Asia သုတေသန အဖွဲ့က အဲဒီလေယာဉ်တွေရဲ့ ကိုယ်ထည်ရော၊ လက်နက်စနစ်တွေ အတွက်ပါ အီရန်က အမှာစာ ပေးပို့ထားတာ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – AP

တခြား ကာကွယ်ရေး သုတေသန blogတစ်ခုကလည်း အီရန်သာ မကဘဲ အယ်လ်ဂျီးရီးယားနဲ့ အီသီယိုးပီးယားတို့လို နိုင်ငံတွေကလည်း SU-35တွေကို ရုရှားဆီက မှာယူထားတယ်လိုပ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့က ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေထဲမှာတော့ Rostecရဲ့ လျှို့ဝှက် မှတ်တမ်းပေါင်း ၃၀၀ ကျော်လောက် ပါရှိခဲ့တယ်လို့ ဆိုပါတယ်။

အီရန်ရဲ့ အမှာစာ အရတော့ SU-35တွေကို ၂၀၂၆ ကနေ ၂၀၂၈ ခုနှစ်အတွင်း အသုတ်လိုက် ခွဲပြီး လက်ခံ ရရှိဖို့ သဘောတူထားကြောင်း သိရပါတယ်။ အီရန်မှာတော့ လွှတ်တော်အမတ်တွေကြားမှာ ရုရှား တိုက်လေယာဉ်တွေ ဝယ်ယူရေးကိစ္စ ဆွေးနွေးမှုတွေ ရှိနေကြောင်း သိရပါတယ်။ အမတ်တစ်ဦးဖြစ်တဲ့ အဘိုဖာဇဲလ် ဇိုရီဗန်က ကနဦး အဆင့်အဖြစ် ရုရှားရဲ့ MiG-29 တိုက်လေယာဉ်တွေကို အီရန်ဆီ စတင်တင်သွင်းမယ်လို့ ပြောခဲ့ပါတယ်။ ဒါက နည်းပညာပိုင်း ပိုမြင့်တဲ့ SU-35တွေကို ပိုင်ဆိုင်မလာခင်မှာ ရေတိုအတွက် ကုစားတဲ့ ဖြေရှင်းမှုလို့ သူက ပြောပါတယ်။ နောက်ပိုင်းမှာတော့ SU-35တွေကိုပဲ တဖြည်းဖြည်းချင်း ဖြည့်တင်းသွားမယ်လို့ ဇိုရီဗန်က ပြောကြားထားပါတယ်။

ဒါတင်မကသေးဘဲ HQ-9နဲ့ S-400 လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်တွေ ဝယ်ယူရေး ကိစ္စကိုလည်း တရုတ်၊ ရုရှားတို့နဲ့ ဆွေးနွေးထားတယ် ဆိုတာကို သူက အတည်ပြုထားပါတယ်။ တခြား အမတ်တစ်ဦးဖြစ်တဲ့ ဖာဒါ ဟိုစိန် မာလီကီကလည်း တရုတ်နဲ့ ရုရှားဆီက လေကြောင်းကာကွယ်ရေး လက်နက်တွေ ဝယ်ယူရေးကို အီရန်က အရှိန်မြှင့်ဖို့ လိုတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အီရန်ဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် လေယာဉ် အပိုပစ္စည်းတွေ ဝယ်ယူတင်သွင်းဖို့ အကျပ်ရိုက်နေခဲ့သလို ခေတ်မီတဲ့ လေတပ်မျိုးလည်း ရှိမနေပါဘူး။ အဲဒီ အကျိုးဆက်ဟာ နှစ်လယ်တုန်းက အစ္စရေးနဲ့ ဖြစ်ပွားတဲ့ ၁၂ ရက် စစ်ပွဲမှာ သိသိသာသာ ပေါ်လွင်ခဲ့ပြီး အစ္စရေးရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေက အီရန် လေပိုင်နက်ကို တစ်ဖက်သတ် ကြီးစိုးနိုင်ခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ အချက်အလက်တွေသာ မှန်ကန်တယ်ဆိုရင် SU-35တွေ ဝယ်ယူခြင်းဟာ ဆယ်စုနှစ် အတော်များများအတွင်း အီရန်ရဲ့ အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး လက်နက်ဖြည့်တင်းမှု အနေနဲ့ မှတ်တမ်းဝင်လာမယ်လို့လည်း သိရပါတယ်။

ကိုးကား: News Week

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကို လုပ်ကြံဖို့ အီရန်က ကြံစည်ခဲ့ကြောင်း အစ္စရေးနဲ့ အမေရိကန် အစိုးရတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတနဲ့ နိုင်ငံခြားရေး ဝန်ကြီးကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေကို ရုရှား အစိုးရက ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

သတင်း

အမေရိကန် ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့တဲ့ နျူကလီးယား စခန်းတွေကို အရင်ကထက်တောင် ပိုမို ခိုင်မာ အားကောင်းအောင် ပြန်လည် တည်ဆောက်မယ်လို့ အီရန် သမ္မတက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရတဲ့ ရုရှား ကုမ္ပဏီတွေဆီက ရေနံ ဝယ်ယူမှုတွေကို တရုတ် အစိုးရပိုင် ရေနံလုပ်ငန်းတွေက ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။