Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် အမျိုးသမီးနဲ့ ချစ်ကြိုက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ အလုပ်ထုတ်ခံရ

တရုတ် အမျိုးသမီး တစ်ဦးနဲ့ အချစ်ရေး ဇာတ်လမ်းကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိတစ်ဦး ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။

ဓာတ်ပုံ - AP

တရုတ် အမျိုးသမီး တစ်ဦးနဲ့ အချစ်ရေး ဇာတ်လမ်းကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိတစ်ဦး ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။

အမေရိကန် အစိုးရက အဲဒီပုဂ္ဂိုလ်ဟာ တရုတ် နိုင်ငံသူ အမျိုးသမီးနဲ့ အချစ်ရေးကိစ္စ ရှိနေတာကြောင့် သူ့ရဲ့ အလုပ်တာဝန်ကနေ ဖယ်ရှားခံခဲ့ရတာလို့ အောက်တိုဘာ ၈ ရက်နေ့မှာ ပြောပါတယ်။

ဌာနရဲ့ အရာရှိ တစ်ဦးဟာ တရုတ်ကွန်မြူနစ်ပါတီ (CCP)နဲ့ ဆက်နွှယ် ပတ်သက်မှုရှိမှန်း သိလျက်သားနဲ့ တရုတ်နိုင်ငံသူ အမျိုးသမီး တစ်ဦးနဲ့ အချစ်ရေးကိစ္စ ငြိစွန်းပတ်သက်ခဲ့တာကြောင့် ထုတ်ပယ် ခံခဲ့ရတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တော်မီပစ်ဂေါ့က ပြောပါတယ်။

နာမည် ဖော်မပြတဲ့ အလုပ်ထုတ်ခံရသူ အရာရှိက သူနဲ့တွဲနေတဲ့ အမျိုးသမီးဟာ စပိုင်တစ်ယောက် ဖြစ်နိုင်တယ်လို့ ကိုယ်တိုင် အသိအမှတ် ပြုဖူးကြောင်း ဌာနဖက်က စွပ်စွဲပေမယ့် တိကျတဲ့ အထောက်အထားတော့ တင်ပြတာမျိုး မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီ အရာရှိနဲ့ တွဲခဲ့တဲ့ အမျိုးသမီးရဲ့ ဖခင်ဟာ CCPရဲ့ အမာခံ အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဒီကိစ္စဟာ ထရမ့်က အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်ရောက်လာတဲ့နောက်ပိုင်း အခုလို အခြေအနေမျိုးမှာ ပထမဆုံးအကြိမ် သံတမန် အသိုက်အဝန်းထဲက ပုဂ္ဂိုလ်တစ်ဦးရဲ့ အလုပ်နေရာ ဆုံးရှုံးမှုလည်း ဖြစ်လာပါတယ်။

တရုတ်မှာတော့ CCPရဲ့ ဖြန့်ကျက်လွှမ်းမိုးမှုဟာ ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကစလို့ ပုံမှန်လူနေမှု ဘဝထဲမှာ ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေပါတယ်။ သာမန် တရုတ်နိုင်ငံသား အများအပြားဟာ ပါတီရဲ့ ဝါဒတွေကို ယုံကြည်တာမျိုး ဆိုတာထက် ရှောင်လွှဲမရတဲ့ အခြေအနေ တစ်ခုခုကြောင့် CCPနဲ့ မလွဲမသွေ ပတ်သက်မှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

Facebook