Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ထမ်းကို ခြင်္သေ့တွေ ကိုက်သတ်ခဲ့လို့ ပိတ်ထားရတဲ့ ဘန်ကောက် တိရစ္ဆာန်ရုံရဲ့ သားရဲဇုန်ကို ပြန်ဖွင့်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တိရစ္ဆာန်ရုံ တစ်ခုမှာ ဝန်ထမ်းတစ်ဦးကို ခြင်္သေ့အုပ်က ကိုက်သတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး ပိတ်ထားတဲ့ ဇုန်ကို ပြန်လည် ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တိရစ္ဆာန်ရုံ တစ်ခုမှာ ဝန်ထမ်းတစ်ဦးကို ခြင်္သေ့အုပ်က ကိုက်သတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး ပိတ်ထားတဲ့ ဇုန်ကို ပြန်လည် ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့တုန်းက ဘန်ကောက်ရဲ့ Safari World တိရစ္ဆာန်ရုံရဲ့ သားရဲဇုန် ဧရိယာထဲမှာ ဝါရင့် တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦးဟာ ခြင်္သေ့တွေ ဝိုင်းကိုက်တာ ခံရပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း တိရစ္ဆာန်ရုံရဲ့ သားရဲဇုန်ကို လူဝင်ခွင့် ပိတ်ထားခဲ့တဲ့နောက် ထိုင်းအမျိုးသား ဥယျာဉ်များ၊ သားရိုင်းတိရစ္ဆာန်နဲ့ အပင်များ ထိန်းသိမ်းစောင့်ရှောက်မှု အဖွဲ့ရဲ့ စစ်ဆေး အတည်ပြုချက်အပြီး အောက်တိုဘာ ၁၃ ရက်မှာ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည်တွေကြားမှာ အထူးရေပန်းစားတဲ့ ကျားနဲ့ ရေမြင်းတွေကို အစာကျွေးတာမျိုး ကိစ္စတွေကိုလည်း ပုံမှန်အတိုင်း ပြန်စတင်နိုင်တော့မှာ ဖြစ်တယ်လို့ တိရစ္ဆာန်ရုံက ဆိုပါတယ်။

ဓာတ်ပုံ – Bangkok Post

သားရဲဇုန်မှာတော့ ခြင်္သေ့လို သားစားသတ္တဝါတွေကို သဘာဝအတိုင်း ထားရှိရာ နေရာတွေထဲမှာ ကားတွေနဲ့ ဖြတ်သန်း မောင်းနှင်ရင်း တိရစ္ဆာန်တွေကို အနီးကပ် ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားတာပါ။ ပြီးခဲ့တဲ့လက ခြင်္သေ့အုပ် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူကတော့ တိရစ္ဆာန်ရုံမှာ နှစ် ၂၀ လောက် အလုပ်လုပ်ခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် ဝါရင့် ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ခြင်္သေ့တွေကို အစာကျွေးနေတဲ့ အချိန်အတောအတွင်း ဇုန်ထဲမှာ ကားအပြင်ထွက်၊ ပစ္စည်းတစ်ခုကို ကောက်ယူချိန်မှာ ခြင်္သေ့တွေရဲ့ အလစ်တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ တိရစ္ဆာန်ရုံ ဝန်ထမ်းကို ခြင်္သေ့တွေက တိုက်ခိုက်ခဲ့တာကို တခြားကားတွေပေါ်မှာ ရှိနေတဲ့ ဧည့်သည်တွေက မြင်နေခဲ့ရပေမယ့် ဘာမှ မကူညီနိုင်ဘဲ ထိတ်လန့်တကြားသာ အော်ဟစ်နေခဲ့ကြရပါတယ်။ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေက သူ့ဆီရောက်အောင် သွားပြီး ကူညီနိုင်ခဲ့တဲ့ အချိန်မတိုင်ခင်ထိ အဲဒီဝန်ထမ်းဟာ ခြင်္သေ့တွေရဲ့ ၁၅ မိနစ်ကြာ ကိုက်ဖြတ် စားသောက်မှုကို ခံနေခဲ့ရတာ ဖြစ်ပါတယ်။ သေလုနီးပါး ဖြစ်နေတဲ့ ဝန်ထမ်းကို ဆေးရုံဆီ အမြန်ဆုံး တင်ပို့ခဲ့ပေမယ့်လည်း မကယ်တင်နိုင်ခဲ့ပါဘူး။

ဖြစ်စဉ်အပြီး သားရဲဇုန်ကို ပိတ်ထားပြီး စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် တိရစ္ဆာန်ရုံရဲ့ လုံခြုံရေး အစီအမံတွေမှာ ပြဿနာ မရှိဘူးလို့ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တဲ့အတွက် အဲဒီဇုန်ကို ပြန်ဖွင့်ဖို့ ခွင့်ပြုခဲ့တာပါ။ ဒီအတောအတွင်း တိရစ္ဆာန်ရုံဖက်ကလည်း ရှိရင်းစွဲ လုံခြုံရေး စံနှုန်းတွေကို ပြန်လည် သုံးသပ်ပြီး အဆင့်မြှင့်တင်မယ်လို့ ကြေညာထားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။