Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖူးခက် ကမ်းခြေတစ်ခုမှာ ရေခူတွေကြောင့် ဒဏ်ရာရသူတွေ များပြားလာနေ

ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းက အပန်းဖြေ ကမ်းခြေတစ်ခုမှာ ရေခူတွေကြောင့် ဒဏ်ရာရတဲ့ ခရီးသွား ဧည့်သည်တွေ တိုးလာနေလို့ ကမ်းခြေလုံခြုံရေး တာဝန်ရှိသူတွေ ခေါင်းခဲနေပါတယ်။

ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းက အပန်းဖြေ ကမ်းခြေတစ်ခုမှာ ရေခူတွေကြောင့် ဒဏ်ရာရတဲ့ ခရီးသွား ဧည့်သည်တွေ တိုးလာနေလို့ ကမ်းခြေလုံခြုံရေး တာဝန်ရှိသူတွေ ခေါင်းခဲနေပါတယ်။

ဖူးခက် တောင်ပိုင်းမှာရှိတဲ့ ပက်တွန် ကမ်းခြေဟာ အခုလပိုင်းတွေအတွင်း ရေခူတွေနဲ့ ထိတွေ့မိလို့ ဆေးဝါးကုသမှု ခံယူရသူ အရေအတွက် သိသိသာသာ မြင့်တက်လာတဲ့ အခြေအနေကို ကြုံနေရတာပါ။ ဒဏ်ရာရသူတွေထဲမှာ ကမ္ဘာလှည့် ခရီးသည်တွေလည်း အများအပြား ပါဝင်ခဲ့ပြီး တချို့ ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင် ဆေးရုံပါ တင်ခဲ့ရပါတယ်။

Box jellyfishလို့ခေါ်တဲ့ ရေခူ မျိုးစိတ်နဲ့ ထိတွေ့မိတဲ့အခါ အရေပြားပေါ်မှာ လောင်ကျွမ်းသလို အနီရောက် အကွက်ကြီးတွေ ထလာတတ်ပါတယ်။ ပင်လယ်ထဲကနေ ပြန်တက်လာတဲ့အခါ အဲဒီ ဓာတ်မတည့်မှု ဒဏ်ရာတွေကြောင့် နာကျင်မှုကို ခံစားရလေ့ ရှိတယ်လို့ ပက်တွန် ကမ်းခြေရဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အများအားဖြင့်တော့ ကမ်းခြေက အသက်ကယ် ဝန်ထမ်းတွေဟာ ရေခူအဆိပ် မပျံ့အောင် တားဆီးဖို့ ရှလကာရည်နဲ့ ဆေးကြော ကုသပေးပြီး အရောင်ကျသွားအောင် ကူညီပေးကြပါတယ်။ ဒါပေမဲ့ စိုးရိမ်ရလောက်တဲ့ ကိစ္စမျိုး ဆိုရင်တော့ ဆေးရုံကို ပို့ဆောင်ပေးပါတယ်။

Public Service Announcement

Public Service Announcement

အခု ပြဿနာတွေ ဖြစ်နေစေတဲ့ box jellyfish ဆိုတာဟာ ထွင်းဖောက်မြင်နိုင်ပြီး ကုဗတုံးဆန်ဆန် ကိုယ်ထည်မျိုး ရှိတဲ့ ရေခူ မျိုးစိတ်ပါ။ အဲဒီ ရေနေ သတ္တဝါတွေရဲ့ လက်တံတွေမှာ လူ့အရေပြားကို အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ပင်လယ်ထဲ ရေကူးနေသူတွေကတော့ အဲဒီ ရေခူတွေကို ရုတ်တရက် မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအစား လက်တံတွေနဲ့ ထိမိချိန်မှာ အဆိပ်တက်တဲ့ စူးရှ နာကျင်မှုကို ခံစားရမှာပါ။

ရေခူတွေရဲ့ အဆိပ်အတောက် ပြင်းထန်မှုဟာ မျိုးစိတ်အလိုက်၊ ဒါမှမဟုတ် တခြားအခြေအနေတွေအပေါ် မူတည်ပြီး ကွာခြားပါတယ်။ အများစုကတော့ အပူလောင်သလို နာကျင်မှုမျိုးကို ကြုံရလေ့ရှိပြီး တချို့ အဆိပ်တွေကတော့ ဓာတ်မတည့်မှု ပြဿနာ အခြေခံ ရှိသူတွေနဲ့ ထိတွေ့မိရင် ထိထိရောက်ရောက် မကုသတဲ့အခါ မိနစ်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ