Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား နာမည်ကြီး စာရေးဆရာမ ဘဲ့ဆယ်ဟီး ကွယ်လွန်၊ လူ ၅ ဦးအတွက် ကိုယ်တွင်းအင်္ဂါတွေ လှူဒါန်းခဲ့

တောင်ကိုရီးယားရဲ့ နာမည်ကြီး လူငယ် စာရေးဆရာမ ဘဲ့ဆယ်ဟီးဟာ အသက် ၃၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ နာမည်ကြီး လူငယ် စာရေးဆရာမ ဘဲ့ဆယ်ဟီးဟာ အသက် ၃၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူရေးသားခဲ့တဲ့ I Want to Die but I Want to Eat Tteokbokki စာအုပ်ဟာ ပြည်တွင်းမှာသာ မကဘဲ ကမ္ဘာတလွှားမှာပါ အထူးအောင်မြင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။

ဆယ်ဟီး ကွယ်လွန်သွားတဲ့ သတင်းကို ကိုရီးယား လူ့ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမှု အေဂျင်စီက အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဆယ်ဟီးရဲ့ ဆန္ဒအတိုင်း ကိုယ်တွင်း အင်္ဂါတွေကို လူ ၅ ဦးစီ လှူဒါန်းပေးခဲ့တယ်လို့ အေဂျင်စီက ပြောပါတယ်။ ဒါပေမဲ့ ဆယ်ဟီး ဘာကြောင့် ကွယ်လွန်ခဲ့သလဲ ဆိုတာကိုတော့ ထည့်သွင်း ကြေညာထားခြင်း မရှိခဲ့ပါဘူး။

သူရေးသားခဲ့တဲ့ စာအုပ်ဟာ ကိုယ်တိုင် ခံစားရတဲ့ စိတ်ကျမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းတွေကို ကိုယ်ရေး အထုပ္ပတ္တိအဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ရောဂါကု ဆရာဝန်နဲ့ ဘာတွေ ပြောဆိုကြသလဲ ဆိုတာတွေကအစ စာအုပ်ထဲမှာ အသေးစိတ် ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ သေပစ်ချင်တဲ့စိတ်နဲ့ အသေးအမွှား စိတ်ကျေနပ်စရာလေးတွေကအစ ငြိတွယ်ရင်း ဘဝမှာ ဆက်လက် ရှင်သန် နေထိုင်သွားချင်တဲ့စိတ်တွေကြား အကြီးအကျယ် လွန်ဆွဲနေတဲ့ အကြောင်းတွေကို ကွင်းကွင်းကွက်ကွက် ရေးသားထားခဲ့ပါတယ်။

သူ့စာအုပ်ဟာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ရှုထောင့်အသစ်တွေက ချဉ်းကပ်ဆွေးနွေးမှုတွေ ပါဝင်နေတာကြောင့် လူပြောများခဲ့သလို အငြင်းပွားစရာတွေလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ တုန်းက ကိုရီးယားဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ်ကို ၂၀၂၂ ခုနှစ်မှာ အင်္ဂလိပ် ဘာသာပြန်ဆိုခဲ့တော့လည်း အကြီးအကျယ် အောင်မြင်ခဲ့သလို New York Times သတင်းစာကြီးက ဖတ်သင့်တဲ့ စာအုပ်အဖြစ် ထောက်ခံ ဖော်ပြခဲ့ပါတယ်။

၂၀၁၉ မှာတော့ သူဟာ ပထမ စာအုပ်ရဲ့ နောက်ဆက်တွဲအဖြစ် I Want to Die but I Still Want to Eat Tteokbokkiကို ထပ်မံ ရေးသားခဲ့ပြီး အပျော့စား စိတ်ကျမှု တစ်ခုကို တောက်လျှောက် ခံစားနေရတဲ့ အတွေ့အကြုံတွေကို ဖော်ပြထားခဲ့ပါတယ်။

ဆယ်ဟီးဟာ ကွယ်လွန်ခါနီးမှာ သူ့ရဲ့ နှလုံး၊ အဆုတ်၊ အသည်းနဲ့ ကျောက်ကပ် နှစ်ခုတို့ကို လူ ၅ ဦးစီ ခွဲဝေ လှူဒါန်းပေးဖို့ သဘောတူသွားခဲ့တယ်လို့ သိရပါတယ်။ ဆယ်ဟီးရဲ့ စာအုပ်ကို အင်္ဂလိပ် ဘာသာ ပြန်ဆိုပေးခဲ့သူ အန်တန်ဟွာက ဆယ်ဟီးရဲ့ စာရေးစွမ်းရည်ဟာ လူသန်းပေါင်းများစွာကို ဘယ်လို ထိခိုက် လှုပ်ခတ်စေခဲ့သလဲ ဆိုတာ စာဖတ်ပရိသတ်တွေ အသိဆုံးဖြစ်ကြောင်း၊ ဆယ်ဟီးကို အမြဲတမ်း သတိရနေမှာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ