Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ ပူတင် တွေ့ဆုံမယ့်ကိစ္စ အမေရိကန် ဆိုင်းငံ့

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ ဆွေးနွေးမယ့် ကိစ္စကို အမေရိကန်ဖက်က ဆိုင်းငံ့ထားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့အနေနဲ့ အချိန်ဖြုန်းရုံသက်သက် အစည်းအဝေးမျိုး မလုပ်ချင်ဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ - Getty Images

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ ဆွေးနွေးမယ့် ကိစ္စကို အမေရိကန်ဖက်က ဆိုင်းငံ့ထားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့အနေနဲ့ အချိန်ဖြုန်းရုံသက်သက် အစည်းအဝေးမျိုး မလုပ်ချင်ဘူးလို့ ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ရုရှား-ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးအတွက် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ သူနဲ့ ပူတင်တို့ တွေ့ဆုံကြမယ်လို့ ထရမ့်က ကြေညာခဲ့ပါတယ်။ ဒါဟာ ယူကရိန်း စစ်ပွဲအရေးအတွက် ရုရှား-အမေရိကန် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ဖြစ်လာမှာပါ။ ထရမ့်နဲ့ ပူတင်တို့ဟာ ဩဂုတ်လတုန်းက အမေရိကန်ရဲ့ အလာစကာ ပြည်နယ်မှာ တွေ့ဆုံခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပူတင်နဲ့ အပြုသဘောဆန်တဲ့ ဖုန်းပြောဆို ဆွေးနွေးမှုတွေ အပြီးမှာ လူချင်းတွေ့ဖို့ ချိန်းဆိုခဲ့တာလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ ရုရှား အစိုးရကလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရေး အစီအစဉ်တွေကို ချက်ချင်း ညှိနှိုင်း လုပ်ဆောင်နေပြီလို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ အိမ်ဖြူတော်က ထရမ့်နဲ့ ပူတင်တို့ဟာ လောလောလတ်လတ် တွေ့ဆုံကြမယ့် အစီအစဉ် မရှိဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါဟာ သူနဲ့ပူတင် နှစ်ပတ်လောက်အတွင်း တွေ့ဖြစ်ကြမယ်လို့ အစောပိုင်းမှာ ပြောကြားထားတဲ့ ထရမ့်ရဲ့ စကားနဲ့ လုံးဝ ကွဲလွဲနေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲရပ်ဆိုင်းရေးနဲ့ ပတ်သက်လို့ နှစ်ဖက်က တင်ပြတဲ့ အဆိုပြုချက်တွေမှာ အဓိက အချက်အလက်တွေ ကွဲလွဲမှု အရမ်းကြီးမားနေကြောင်း သဲသဲကွဲကွဲ ဖြစ်လာတဲ့နောက် အခုလို အစည်းအဝေး ရွှေ့ဆိုင်းလိုက်တာလို့လည်း ယူဆရပါတယ်။

ပူတင်နဲ့ အစည်းအဝေး လုပ်မယ့်ကိစ္စကို စိတ်ပြောင်းသွားတာနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က သူ့အနေနဲ့ ဒီအကြောင်းကို အတိအကျ ထုတ်မပြောခဲ့ကြောင်း၊ နောက်နှစ်ရက်လောက် အကြာမှာတော့ ပိုပြီး အသေးစိတ် ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာနိုင်ကြောင်း၊ ရုရှား-ယူကရိန်း စစ်မြေပြင်မှာ အပြောင်းအလဲတွေ အမျိုးမျိုး ရှိနေကြောင်း၊ သူ့အနေနဲ့ကတော့ အချိန်ဖြုန်းရုံသက်သက် ဖြစ်မယ့် အစည်းအဝေးမျိုးကို မလုပ်ချင်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ဥရောပတိုက်ရဲ့ အကြီးတန်း သံအရာရှိ တစ်ဦးကတော့ ရုရှားဖက်က တောင်းဆိုမှုတွေ သိပ်များလွန်းနေတာကြောင့် ဘူဒါပက်စ် ဆွေးနွေးပွဲမှာ သဘောတူညီမှု တစ်ခုခု ထွက်ပေါ်လာစရာ မရှိနိုင်ဘူးလို့ အမေရိကန်က ယူဆသွားတာ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်တို့ဟာ အောက်တိုဘာ ၂၀ ရက်နေ့တုန်းက ဘူဒါပက်စ် အစည်းအဝေး ဖြစ်မြောက်ရေးကိစ္စ ဖုန်းဆက် ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီ ဆွေးနွေးမှုဟာ အပြုသဘော ဆန်ခဲ့တယ်လို့ ရုရှားဖက်က ကြေညာပေမယ့် အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာတော့ အပေါင်းလက္ခဏာဆောင်တဲ့ သဘောထားမျိုး မှတ်ချက်ပေးထားတာ မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ရူဘီရိုနဲ့ လက်ဗ်ရော့ဗ်တို့ဟာ အခုသီတင်းပတ်ကုန်မှာ နောက်တစ်ကြိမ် ဖုန်းထပ်ပြောဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...