Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖျူထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ ဖေထောင်ထန် နုတ်ထွက်

ထိုင်းဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ဖျူထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်းဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ဖျူထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဖေထောင်ထန်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အလွတ်သဘော ဖုန်းပြောမှုတစ်ခု အသံဖိုင် ပေါက်ကြားလာရာကနေ ပြဿနာတက်ခဲ့သူပါ။ သူ့ရဲ့ လုပ်ရပ်ဟာ ဝန်ကြီးချုပ် တစ်ဦးရဲ့ ကျင့်ဝတ်ပိုင်းကို ဘောင်ကျော် ချိုးဖောက်ခဲ့တယ်လို့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ဆုံးဖြတ်ပြီး ဖေထောင်ထန်ကို ဝန်ကြီးချုပ် အဖြစ်က ဖယ်ရှားခဲ့ပါတယ်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အငြင်းအခုံနဲ့ ပတ်သက်ပြီး ဖေထောင်ထန်ရဲ့ ကိုင်တွယ်ပုံတွေဟာ နည်းလမ်းမကျဘူးလို့လည်း ခုံရုံးက စွပ်စွဲခဲ့ပါတယ်။

နောက်ဆက်တွဲအဖြစ် သူ့ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကိုယ်တိုင် ထူထောင်ခဲ့တဲ့ ဖျူထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရလည်း ပျက်ပြယ်သွားပြီး လွှတ်တော်ထဲမှာ အဓိက အတိုက်အခံအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ဖေထောင်ထန်က သူဟာ ဖျူထိုင်းပါတီ အကြီးအကဲ တာဝန်ကနေ နုတ်ထွက်ပြီ ဆိုတဲ့အကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပါတီမှာ အလုံးစုံ ပြင်ဆင် ပြောင်းလဲမှုတွေ ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့ ဖေထောင်ထန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အပြောင်းအလဲတွေကို လုံးဝ အချိန်မဆိုင်းဘဲ အကောင်အထည် ဖော်သင့်နေပြီလို့ သူယုံကြည်ကြောင်း၊ ဒါကြောင့်လည်း သူဟာ ပါတီ အကြီးအကဲ အဖြစ်က နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒါမှသာ ပါတီအနေနဲ့ လမ်းသစ်ဖောက်ဖို့၊ ပိုပြီး အားကောင်းအောင် တည်ဆောက်ဖို့ အားထုတ်မှုတွေမှာ အနှောင်အဖွဲ့ ကင်းလာပြီး ပြီးပြည့်စုံတဲ့ စုဖွဲ့မှု ဖြစ်လာနိုင်ကြောင်း ဖေထောင်ထန်က သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ မှတ်ချက်ပေးထားခဲ့ပါတယ်။

ခေါင်းဆောင်နေရာက နုတ်ထွက်ပေးလိုက်ပေမယ့် သူဟာ ဖျူထိုင်း ပါတီထဲမှာ ဆက်ရှိနေမှာ ဖြစ်သလို ဖျူထိုင်း မိသားစုရဲ့ အကြီးအကဲ အနေနဲ့လည်း ဆက်လက် တာဝန်ယူနေမယ်လို့ ပြောပါတယ်။ သူဟာ ပြည်သူတွေအတွက် အပတ်တကုတ် ကြိုးစား အားထုတ်ပေးနေတဲ့ ပါတီရဲ့ ခေတ်သစ်တစ်ခုကို တည်ဆောက်ရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကူညီ ပံ့ပိုးသွားမယ်လို့လည်း ဖေထောင်ထန်က ဆိုပါတယ်။

ဖေထောင်ထန်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် တစ်နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တဲ့နောက် ဩဂုတ်လမှာတော့ ခုံရုံး ဆုံးဖြတ်ချက်အရ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။