Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူ့နိုင်ငံနဲ့ စစ်ဖြစ်ချင်လို့ အမေရိကန်က ပြဿနာ ရှာနေတယ်လို့ ဗင်နီဇွဲလား သမ္မတ စွပ်စွဲ

အမေရိကန်ဟာ သူ့နိုင်ငံနဲ့ စစ်ဖြစ်ချင်လို့ တမင်ပြဿနာ ရှာနေတယ်လို့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်ဟာ သူ့နိုင်ငံနဲ့ စစ်ဖြစ်ချင်လို့ တမင်ပြဿနာ ရှာနေတယ်လို့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောဖြစ်တဲ့ USS Gerald R Ford လေယာဉ်တင် သင်္ဘောကြီးကို အမေရိကန်က ကာရေဘီယန် ပင်လယ်ဆီ စေလွှတ်လိုက်တဲ့နောက် မာဒူရိုဖက်က အခုလို အသံထွက်လာတာပါ။ အမေရိကန်ဟာ ဗင်နီဇွဲလားကမ်းလွန် ကာရေဘီယန် ပင်လယ်ထဲမှာ စစ်အင်အား စုဝေးဖြန့်ကျက်နေခြင်းက မာဒူရိုရဲ့ အစိုးရအပေါ် အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန် စစ်တပ်ဟာ ဗင်နီဇွဲလား ရေယာဉ်တချို့ကို မူးယစ်မှောင်ခို ဂိုဏ်းတွေရဲ့ လှေတွေလို့ စွပ်စွဲပြီး ပစ်ခတ် နှစ်မြှုပ်ခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ဒါဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေအပေါ် စစ်ဆင်ရေး ဆင်နွှဲခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က USS Gerald R Ford လေယာဉ်တင် သင်္ဘောကြီးကို မြေထဲပင်လယ်ကနေ စတင်ထွက်ခွာစေပြီး ကာရေဘီယန်ဖက် စေလွှတ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

USS Gerald Fordဟာ အမေရိကန်ရဲ့ အကြီးဆုံး လေယာဉ်တင် သင်္ဘောအမျိုးအစားဖြစ်ပြီး လေယာဉ် အစီး ၉၀ လောက် တင်ဆောင်နိုင်ပါတယ်။

မဆုံးနိုင်တဲ့ နောက်ထပ်စစ်ပွဲ တစ်ခုကို ဖန်တီးဖို့ အမေရိကန်က အကြောင်းရှာနေပြီလို့ မာဒူရိုက သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်က နောက်ထပ် စစ်ပွဲတစ်ခုမှာ ဝင်မပတ်သက်တော့ပါဘူးလို့ ကတိပေးခဲ့ပေမယ့် အခုတော့ စစ်တိုက်ဖို့ အကြောင်းပြချက်တွေ ရှာနေပြန်ပြီလို့ သူက ဆိုပါတယ်။

အမေရိကန်ဟာ မာဒူရိုကို မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးအဖြစ် စွပ်စွဲပြီး ဆုငွေ ဒေါ်လာ သန်း ၅၀ ထုတ်ထားပါတယ်။ အမေရိကန်ရဲ့ မြေထဲပင်လယ်က လက်ရှိ စစ်ရေး အစီအမံတွေဟာ မာဒူရို အစိုးရကို ဖြုတ်ချဖို့ ခြေလှမ်း အစပျိုးနေတာဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပေမယ့် ထရမ့်ကတော့ ဗင်နီဇွဲလားမှာ အစိုးရ အပြောင်းအလဲလုပ်ဖို့ ကြံစည်နေတယ် ဆိုတာကို ငြင်းဆိုထားပါတယ်။

လေယာဉ်တင်သင်္ဘောကြီး မစေလွှတ်ခင် ကတည်းက ကာရေဘီယန် ပင်လယ်ပြင်ဆီ အမေရိကန်က စစ်သင်္ဘောတွေ၊ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီးနဲ့ F-35 တိုက်လေယာဉ်တွေ စေလွှတ်ထားပြီး ဖြစ်ပါတယ်။ အဲဒီ ဖြန့်ကျက်မှုဟာ အမေရိကန်ဆီ ဦးတည်နေတဲ့ မူးယစ်ဆေးဝါး မှောင်ခို လှုပ်ရှားမှုတွေကို ဖျက်ဆီးဖို့သာ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်က ဗင်နီဇွဲလား လှေတွေကို စစ်ရေးပစ်မှတ်တွေအဖြစ် တိုက်ခိုက် ဖျက်ဆီးနေတာနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်ဆိုင်ရာ တရားဝင်မှုတွေကို ဝေဖန် မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ ထရမ့်ကတော့ အမေရိကန် အစိုးရဟာ မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းတွေကို တိုက်ခိုက်နေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပြီး မာဒူရိုရဲ့ အစိုးရကို မတည်ငြိမ်အောင် တမင် ဖိအားပေးနေတယ်ဆိုတဲ့ အချက်ကို ပယ်ချထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook