Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆု ချီးမြှင့်ပြီး ရွှေသရဖူ လက်ဆောင်ပေးလိုက်တဲ့ တောင်ကိုရီးယား

တောင်ကိုရီးယား အစိုးရဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြု တံဆိပ် တစ်ခု ချီးမြှင့်မယ့်အပြင် ရွှေသရဖူ တစ်ခုကိုပါ လက်ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

US President Donald Trump (L) shakes hands with South Korean President Lee Jae Myung during a high honor presentation ceremony, where Trump was presented with a replica of a crown worn by the kings of Silla, at the Gyeongju National Museum in Gyeongju on October 29, 2025. (Photo by ANDREW CABALLERO-REYNOLDS / AFP)

အောက်တိုဘာ – ၂၉ ၊၂၀၂၅/People’s Spring

တောင်ကိုရီးယား အစိုးရဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြု တံဆိပ် တစ်ခု ချီးမြှင့်မယ့်အပြင် ရွှေသရဖူ တစ်ခုကိုပါ လက်ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

U.S. President Donald Trump is presented with the “Grand Order of Mugunghwa” (not pictured) and a replica gold crown during a meeting with South Korean President Lee Jae Myung on the sidelines of the Asia-Pacific Economic Cooperation (APEC) leaders’ summit in Gyeongju, South Korea, October 29, 2025. REUTERS/Evelyn Hockstein REFILE – QUALITY REPEAT TPX IMAGES OF THE DAY

ထရမ့်ဟာသူ့ရဲ့အာရှခရီးစဉ်နောက်ဆုံးအစိတ်အပိုင်းအဖြစ် အောက်တို ဘာ ၂၉ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ကို ဆိုက်ရောက်လာခဲ့ပါတယ်။

အဲဒီကမှတဆင့် သူဟာ ဂျောင်ဂျူမြို့ကို Marine One ရဟတ်ယာဉ်နဲ့ ခရီးဆက်ခဲ့ပြီး အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (အေပက်) ထိပ်သီး ညီလာခံ တက်ရောက်မှာပါ။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားမှာ ရှိနေချိန် အတောအတွင်း ထရမ့်ဟာ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

တောင်ကိုရီးယား လေပိုင်နက်နားကို ထရမ့်ရဲ့ သမ္မတ စီးတော်လေယာဉ် Air Force One ချဉ်းကပ်လာချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား တိုက်လေယာဉ်တွေက စောင့်ရှောက် ပျံသန်းခဲ့ကြပြီး လေဆိပ်ဆီ ထရမ့်ရောက်လာတဲ့ အချိန်မှာလည်း သေနတ်တွေ ပစ်ဖောက် ကြိုဆိုခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတရုံးကတော့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ထရမ့်ရဲ့ အပတ်တကုတ် အားထုတ် ကြိုးပမ်းမှုတွေကို ချီးကျူး ဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ မူဂွမ်ဟွာ ဂုဏ်ပြုဆုကို ချီးမြှင့်သွားမယ်လို့ ကြေညာထားပါတယ်။

အဲဒီဆုဟာ တောင်ကိုရီးယားရဲ့ အမျိုးသားသင်္ကေတအဖြစ် သတ်မှတ်ခံရတဲ့ ပန်းတစ်မျိုးရဲ့ နာမည်ကို အစွဲပြု မှည့်ခေါ်ထားတာပါ။

ထရမ့်ဟာသူ့ရဲ့ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံပြန်လည်သင့်မြတ်ရေးအတွက်အထူးတလည်အားထုတ်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့တောင် လူချင်းတွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့တဲ့အတွက် ဒီဆုနဲ့ ထိုက်တန်တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

ထရမ့်က ကိုရီးယားကျွန်းဆွယ်ကို သူရောက်ရှိနေချိန် အတောအတွင်း ကင်မ်နဲ့ ထပ်ပြီး တွေ့ချင်ပါသေးတယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် မြောက်ကိုရီးယားဖက်ကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး။

တောင်ကိုရီးယား သမ္မတလီဟာ ရှေးနန်းတော်ရာတွေ၊ တော်ဝင်သင်္ချိုင်းဂူတွေ တည်ရှိပြီး ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာ ဂျောင်ဂျူမြို့ထဲက ပြတိုက်တစ်ခုမှာ ထရမ့်ကို လိုက်လံဧည့်ခံ ပြသဖို့လည်း စီစဉ်ထားပါတယ်။ ဂျောင်ဂျူဟာ တောင်ကိုရီးယားရဲ့ အရမ်းရှေးကျတဲ့ ဆယ်လာမင်းဆက် စိုးစံခဲ့ရာ မြို့တော်ဟောင်း ဖြစ်ပါတယ်။

နောက်ပြီး တောင်ကိုရီးယား အစိုးရဟာ ချွန်မာချောင် နန်းစဉ် ရွှေသားသရဖူရဲ့ ပုံတူတစ်ခုကိုလည်း ထရမ့်ဆီ လက်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ အရမ်းအနုစိတ် သွန်းလုပ်ထားတဲ့ မူရင်း သရဖူကိုတော့ ဂျောင်ဂျူရဲ့ ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုထဲကနေ ရှာတွေ့ခဲ့တာပါ။

ဒီလက်ဆောင်ရဲ့ရည်ရွယ်ချက်ကတော့ကိုရီးယားကျွန်းဆွယ်မှာ အဓွန့်ရှည်ကြာလှတဲ့ ငြိမ်းချမ်းရေးမျိုး ဆောင်ကြဉ်းပေးခဲ့တဲ့ ဆယ်လာမင်းဆက် လက်ထက်တုန်းကလိုပဲ လက်ရှိ ကာလမှာလည်း ငြိမ်းချမ်းရေးအတွက် တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရတွေ ပူးပေါင်း ကြိုးစားနေတာကို ထင်ဟပ်စေဖို့ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ကြေညာထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ