Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တွေ့ဆုံမှုအပြီး ထရမ့်နဲ့ ရှီတို့ ဘူဆန်ကနေ ထွက်ခွာ၊ ဆွေးနွေးပွဲရလဒ်အပေါ် နှုတ်ဆိတ်နေကြဆဲ

တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေး တွေ့ဆုံမှု အပြီးမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အာရှ ခရီးစဉ်လည်း အဆုံးသတ်ပြီး တောင်ကိုရီးယားကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images

တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေး တွေ့ဆုံမှု အပြီးမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အာရှ ခရီးစဉ်လည်း အဆုံးသတ်ပြီး တောင်ကိုရီးယားကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က ထရမ့်နဲ့ ရှီတို့ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က ဂင်မ်ဟေး နိုင်ငံတကာ လေဆိပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၉ နောက်ပိုင်း သူတို့နှစ်ဦးရဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကို ဖြေလျှော့ဖို့ ရည်ရွယ်ထားပါတယ်။

တရုတ် အစိုးရပိုင် CCTV သတင်းဌာနကတော့ ဆွေးနွေးမှုတွေဟာ ၁ နာရီနဲ့ မိနစ် ၄၀ အကြာမှာ ပြီးဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ တံခါးပိတ် အစည်းအဝေးရဲ့ ရလဒ်တွေ၊ သဘောတူညီချက်တွေကိုတော့ မသိရသေးပါဘူး။ အစည်းအဝေး ကြာချိန်ဟာ မူလ ခန့်မှန်းထားတာထက် ပိုမို ရှည်လျားခဲ့ပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြတဲ့ လေဆိပ် ခန်းမဆောင်ရှေ့မှာ သတင်းထောက်တွေက စောင့်ဆိုင်းနေပေမယ့် နှစ်ဖက်စလုံးက အစည်းအဝေးနဲ့ ပတ်သက်ပြီး တစ်ခုခု ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

နောက်တော့ တရုတ် သမ္မတရဲ့ ယာဉ်တန်းဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်)အဖွဲ့ ညီလာခံ တက်ရောက်ဖို့အတွက် ဂွမ်ဂျူမြို့ဆီ ထွက်ခွာသွားပါတယ်။ ထရမ့်ကတော့ ပြီးခဲ့တဲ့ တစ်ရက်တည်းက သူပါဝင်ရမယ့် အေပက် ဆွေးနွေးပွဲ အစိတ်အပိုင်းတွေမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားတဲ့အတွက် လေဆိပ်ကနေ တန်းပြီး ထွက်ခွာသွားပါတယ်။ အစည်းအဝေး လုပ်နေချိန်မှာ ကတည်းက သမ္မတရဲ့ စီးတော်လေယာဉ် Air Force Oneကိုလည်း လေဆိပ်ထဲမှာ အသင့် ပြင်ဆင်ထားခဲ့ပါတယ်။

ထရမ့်ဟာ မလေးရှား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို သွားရောက်တဲ့ သူ့ရဲ့ ၅ ရက်ကြာ အာရှ ခရီးစဉ် အတောအတွင်း ရှီနဲ့ တွေ့ဆုံခဲ့တာပါ။ ရှီကတော့ တောင်ကိုရီးယားကို ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် ခြေချလာတာ ဖြစ်ပါတယ်။ ရှီရဲ့ ခရီးစဉ်တလျှောက် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်မလာအောင် တောင်ကိုရီးယား အာဏာပိုင်တွေက လုံခြုံရေးကို အထူးတင်းကြပ် စီမံထားခဲ့ပါတယ်။

ထရမ့်နဲ့ ရှီတို့ရဲ့ တွေ့ဆုံမှုမှာတော့ မြေရှားသတ္တုတွေ ကုန်သွယ်ရောင်းဝယ်ရေး၊ တရုတ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲကို အမေရိကန်ဆီ လက်လွှဲရောင်းချရေးနဲ့ တခြား ကုန်သွယ်စီးပွားဆိုင်ရာ အကြောင်းအရာတွေကို အဓိက ဦးစားပေး ဆွေးနွေးကြမယ်လို့ ယုံကြည်ရပါတယ်။

ဆွေးနွေးပွဲ မတိုင်ခင်မှာ ထရမ့်က အဲဒီတွေ့ဆုံမှုရဲ့ ရလဒ်တွေ အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပေမယ့် ဆွေးနွေးပွဲ အပြီးမှာတော့ ဘာမှတ်ချက်မှ မပေးဘဲ တောင်ကိုရီးယားကနေ ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။