Connect with us

Hi, what are you looking for?

နိုင်ငံတကာ

‘နိုင်ငံတစ်ခု၊ စနစ်နှစ်ခု’ သဘောတရားကို အလိုမရှိကြောင်း ထိုင်ဝမ် သမ္မတပြော

တရုတ်ဖက်က အဆိုပြုလေ့ရှိတဲ့ ‘နိုင်ငံတစ်ခု၊ စနစ်နှစ်ခု’ဆိုတဲ့ အတွေးအမြင်ကို ထိုင်ဝမ်က အလိုမရှိဘူးလို့ ထိုင်ဝမ် သမ္မတ လီချင်တေးက ပြောပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်ဖက်က အဆိုပြုလေ့ရှိတဲ့ ‘နိုင်ငံတစ်ခု၊ စနစ်နှစ်ခု’ဆိုတဲ့ အတွေးအမြင်ကို ထိုင်ဝမ်က အလိုမရှိဘူးလို့ ထိုင်ဝမ် သမ္မတ လီချင်တေးက ပြောပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်ရေးကိုသာ လိုလားနေပါတယ်။ တရုတ်က ထိုင်ဝမ်သာ တရုတ်ရဲ့ နယ်မြေတစ်ခုအဖြစ် ပြန်လည် ပေါင်းစည်းမယ်ဆိုရင် နိုင်ငံတစ်ခုထဲမှာ ကွဲပြားတဲ့ နိုင်ငံရေး စနစ်မျိုး ကျင့်သုံးရပ်တည်ခွင့် ရစေမယ် ဆိုတာမျိုးလည်း ဆွယ်တရား ဟောထားပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကွန်မြူနစ် အစိုးရ အုပ်စိုးတဲ့ တရုတ်ရဲ့ လက်အောက်ခံ နယ်မြေအဖြစ် ပေါင်းစည်းရေးကို ငြင်းဆန်နေဆဲပါ။ အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ သမ္မတလိုင်က ထိုင်ဝမ်ဟာ ကိုယ်ပိုင် လွတ်လပ်မှုနဲ့ ဒီမိုကရေစီ တည်မြဲရေးကို ကာကွယ် ရပ်တည်ဖို့လိုကြောင်း၊ တရုတ်ကပြောတဲ့ နိုင်ငံတစ်ခု၊ စနစ်နှစ်ခု’ စိတ်ကူးကို ထိုင်ဝမ်က လက်ခံမှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

ရန်လိုတဲ့ သဘောထား ရှိသူတွေ ပြောသမျှကို လက်ခံလိုက်ပြီး ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို စွန့်လွှတ်ပေးလိုက်ခြင်းဟာ တကယ့် ငြိမ်းချမ်းရေး အစစ်ကို ရရှိစေမှာ မဟုတ်ကြောင်း၊ ဒါကြောင့် ထိုင်ဝမ်ဟာ ဂုဏ်သိက္ခာ ပြည့်ဝပြီး တည်တည်တံ့တံ့ ရပ်တည်မှု၊ ဖြေရှင်းမှုတွေကိုသာ လိုလားကြောင်း၊ ထိုင်ဝမ်ကို သိမ်းယူဖို့၊ သွတ်သွင်းဖို့၊ အတင်းအကျပ် ဖိအားပေးပြီး ပေါင်းစည်းစေဖို့ စိတ်ကူးမှန်သမျှကို ဆန့်ကျင်ကြောင်း လိုင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လိုအပ်လာရင် ထိုင်ဝမ်ကို စစ်အင်အားသုံးပြီး တိုက်ခိုက် သိမ်းယူနိုင်ခြေ ရှိတယ်ဆိုတဲ့ သဘောထားကို အခုသီတင်းပတ်ထဲမှာ တရုတ်အစိုးရက နောက်တစ်ကြိမ် ထုတ်ပြောခဲ့ပါတယ်။ ပြီးတော့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ထိုင်ဝမ် အနေနဲ့ တရုတ် လက်အောက်ခံအဖြစ် ရပ်တည်ပြီး ဟောင်ကောင်၊ မကာအိုတို့လို ‘နိုင်ငံတစ်ခု၊ စနစ်နှစ်ခု’ ပုံစံမျိုးကို လက်ခံသင့်တယ်လို့ ဝါဒဖြန့် ရေးသားခဲ့ပါတယ်။

လိုင်ကတော့ ထိုင်ဝမ်ဟာ ‘နိုင်ငံတစ်ခု၊ စနစ်နှစ်ခု’ စိတ်ကူးကို အပြတ်ငြင်းဆန်ကြောင်း၊ အဲဒီအစား ထိုင်ဝမ်ဟာ နိုင်ငံရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ပြည့်ဝတဲ့ ဖွဲ့စည်းပုံကို အခိုင်အမာ ဆက်လက် ဆုပ်ကိုင်ထားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာဌာနကတော့ လိုင်ရဲ့ စကားတွေအပေါ် သဘောထားမှတ်ချက် တစ်ခုခု မပေးသေးပါဘူး။ တရုတ် အစိုးရဟာ လိုင်အပေါ် ခါးသီးတဲ့ သဘောထားမျိုး ရှိနေပြီး ခွဲထွက်ရေးဝါဒီ တစ်ဦးအဖြစ် ရှုတ်ချ စွပ်စွဲလေ့ ရှိပါတယ်။

လိုင်က တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ ဘယ်သူကမှ ဘယ်သူ့လက်အောက်ခံ မဟုတ်ကြောင်း၊ ထိုင်ဝမ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကိုလည်း ဘယ်သူကမှ ချိုးဖောက်ခွင့် မရှိသလို အနိုင်အထက် သိမ်းယူခွင့်လည်း မရှိကြောင်း၊ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ