Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ အတိအကျ မဆုံးဖြတ်ရသေးဘူးလို့ အင်ဒို ကာကွယ်ရေးဝန်ကြီးပြော

တရုတ်ဆီက တစ်ပတ်ရစ် တိုက်လေယာဉ်တွေကို ကျိန်းသေပေါက် ဝယ်ယူဖြစ်မယ် ဆိုတာကို အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးက ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - CCTV

တရုတ်ဆီက တစ်ပတ်ရစ် တိုက်လေယာဉ်တွေကို ကျိန်းသေပေါက် ဝယ်ယူဖြစ်မယ် ဆိုတာကို အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးက ငြင်းဆိုခဲ့ပါတယ်။

အင်ဒိုနီးရှား လေတပ်ဟာ တရုတ်လေတပ် လက်ရှိ အသုံးပြုနေတဲ့ J-10 တိုက်လေယာဉ် ၄၂ စီးကို ဝယ်ယူမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် ကာကွယ်ရေး ဝန်ကြီး ဂျာဖရိုင် ဂျမ်ဆော့ဒင်က အတိအကျ မဆုံးဖြတ်ရသေးဘူးလို့ Bloomberg သတင်းဌာနဆီ အသိပေးခဲ့တာ ဖြစ်ပါတယ်။

ကိစ္စတွေက မပြီးသေးကြောင်း၊ အင်ဒိုနီးရှားဟာ window shopping ထွက်နေဆဲဖြစ်ကြောင်း သူက ပြောပါတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်တင်ဖို့ တိုက်လေယာဉ် အမျိုးအစားတွေကို ရွေးချယ်နေဆဲ ဆိုတာပါပဲ။

အစဉ်အလာအရ တရုတ်ဟာ ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ တိုက်လေယာဉ်တွေကိုသာ ဝယ်ယူခဲ့ပြီး J-10တွေကို ဝယ်ယူဖြစ်ရင်တော့ တရုတ် တိုက်လေယာဉ်တွေထဲကနေ ပထမဆုံး ရွေးချယ်မှု ဖြစ်လာမှာပါ။

Public Service Announcement

Public Service Announcement

ဂျာဖရိုင်က အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့ ကိုယ့်အတွက် အသင့်တော်ဆုံး ဖြစ်မယ့်အရာကို လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွ စဉ်းစား ရွေးချယ်ပိုင်ခွင့် ရှိကြောင်း၊ လိုအပ်ချက်တွေအတွက် ထိထိရောက်ရောက် အသုံးဝင်မယ့်၊ စျေးနှုန်းသင့်တင့်မယ့်၊ လိုအပ်ချက်တွေ ကြီးကြီးမားမား မရှိမယ့် တိုက်လေယာဉ် တစ်မျိုးမျိုးကို ရှာဖွေ စဉ်းစားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလတုန်းက အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်ရဲ့ J-10 တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ နီးစပ်နေကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။ နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်တင်ဖို့အတွက် တိုက်ပွဲဝင်အဆင့် မှတ်ကျောက်အတင် ခံထားပြီးသား တိုက်လေယာဉ်မျိုး ဝယ်ယူဖို့ စဉ်းစားနေကြောင်း ကာကွယ်ရေး အရာရှိတွေက မှတ်ချက် ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ J-10တွေကို ကျိန်းသေပေါက် ဝယ်ယူဖြစ်မယ်လို့တော့ တရားဝင် ကြေညာချက် မထုတ်ခဲ့ပါဘူး။

အင်ဒိုနီးရှားဟာ အမေရိကန် ကုမ္ပဏီ Boeingက F-15 တိုက်လေယာဉ်တွေကို အကြီးအကျယ် အဆင့်မြှင့်တင်ထားတဲ့ F-15EX တိုက်လေယာဉ်တွေကိုလည်း ဝယ်ယူဖို့ စဉ်းစားနေပေမယ့် စျေးနှုန်း အရမ်းမြင့်တာကြောင့် တွန့်ဆုတ်နေတယ်လို့လည်း ဆိုပါတယ်။

ဂျာဖရိုင်က အင်ဒိုနီးရှား အနေနဲ့ J-10တွေကို ဝယ်ယူဖို့ အတိအကျ မဆုံးဖြတ်ရသေးဘူးလို့ ပြောပေမယ့် J-10တွေဟာ မြို့တော် ဂျကာတာမှာ ပျံသန်းနေတာ မကြာခင် မြင်ရလိမ့်မယ်လို့ သူကိုယ်တိုင် အောက်တိုဘာ လလယ်တုန်းက မှတ်ချက်ပေးခဲ့ဖူးကြောင်းလည်း သိရပါတယ်။

ကိုးကား: The Edge

ဆက်စပ်သတင်းများ