Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆော်ဒီမှာ ဘတ်စ်ကားနဲ့ ဆီတင်ထရပ်ကား တိုက်ရာက အိန္ဒိယ ဝတ်ပြုခရီးသည် ၄၀ ကျော်သေဆုံး

ဆော်ဒီအာရေးဘီးယားမှာ ဘတ်စ်ကားနဲ့ ဆီတင်ထရပ်ကား တိုက်မိရာက အိန္ဒိယ ဝတ်ပြုခရီးသည် ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - X

ဆော်ဒီအာရေးဘီးယားမှာ ဘတ်စ်ကားနဲ့ ဆီတင်ထရပ်ကား တိုက်မိရာက အိန္ဒိယ ဝတ်ပြုခရီးသည် ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆော်ဒီရဲ့ အစ္စလာမ် ဘာသာရေး အထွဋ်အမြတ် နယ်မြေတစ်ခုဖြစ်တဲ့ မဒီနာမြို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်အစောပိုင်းက ဆိုးရွားတဲ့ ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။ ဝတ်ပြု ခရီးသည် အများစုဟာ ဟိုင်ဒါရာဘတ်၊ တီလန်ဂါနာ ဒေသခံတွေ ဖြစ်ကြပြီး မက္ကာမြို့ကနေ မဒီနာမြို့ဆီ အလာမှာ အဖြစ်ဆိုး ကြုံခဲ့ကြတာပါ။

ယာဉ်နှစ်စီး တိုက်မိပြီးတဲ့နောက် ဆီတင်ယာဉ်ကနေ အပြင်းအထန် မီးစွဲလောင်တာကြောင့်လည်း အသေအပျောက် အရမ်းများသွားတာ ဖြစ်ပါတယ်။ ဘတ်စ်ကား တစ်စီးလုံးလည်း မီးလောင်သွားခဲ့ကြောင်း၊ အခင်းဖြစ်ချိန်က အနီးတဝိုက်မှာ တခြားကားတွေ ရှိမနေခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

ယာဉ်တိုက်မှု ဖြစ်ခဲ့တာက ဒေသစံတော်ချိန် မနက် ၁း၃၀ နာရီလောက်မို့ ခရီးသည် အများစု အိပ်ပျော်နေပြီး ရုတ်တရက် ကျရောက်လာတဲ့ ကပ်ဘေးကို ရှောင်ချိန် မရခဲ့ဘူးလို့ ဆိုပါတယ်။ ဘတ်စ်ကားပေါ်မှာ ပါလာသူတွေထဲက ၄၂ ဦး သေဆုံးပြီး ၁ ဦးသာ အသက်ရှင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သူ့ရဲ့ ဒဏ်ရာ အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဖြစ်ရပ်အပေါ် အထူးတုန်လှုပ် ကြေကွဲမိကြောင်း ထုတ်ပြန်ခဲ့ပြီး ရီယတ်ဒ်မှာရှိတဲ့ သံရုံးနဲ့ ဂျာဒါးဟ်မှာရှိတဲ့ ကောင်စစ်ဝန်ရုံးတို့ဟာ ဆော်ဒီ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အကူအညီ ဖြစ်နိုင်သမျှ ကိစ္စတိုင်းအတွက် ပါဝင်ဆောင်ရွက်နေကြောင်း ကြေညာခဲ့ပါတယ်။ လတ်တလောမှာတော့ နာကျင်ကြေကွဲနေတဲ့ မိသားစုဝင်တွေကို ကူညီဖို့၊ ဒဏ်ရာရခဲ့သူ အမြန်ဆုံး သက်သာလာစေဖို့ ဦးစားပေး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကလည်း ထိခိုက်သက်ရောက်ခဲ့သူ အားလုံးအတွက် စာနာကြောင်း၊ အိန္ဒိယ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကနေတဆင့် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အစိုးရက ညွှန်ကြားထားကြောင်း လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ရထားနဲ့ ဘတ်စ်ကား တိုက်မိမှု ဖြစ်စဉ်အပြီး ရထားလမ်းနဲ့ ကားလမ်းဖြတ်တဲ့ နေရာတွေကို လျှော့ချနိုင်အောင် စီစဉ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာဒီနေ့(မေလ ၁၆ရက်) နေ့ခင်းပိုင်းက မက်ကဆန်ဘူတာအနီးမှာရထားနဲ့ ဘတ်စ်ကားတိုက်မိပြီး လူ ရှစ်ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ဘတ်စ်ကားနဲ့ ဆီတင်ထရပ်ကား တိုက်မိရာက မီးလောင်မှု ဖြစ်ပွားပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအပြီးမှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ယီမင်မှာ ဖြန့်ကျက်ထားတဲ့ လက်ကျန်တပ်ဖွဲ့ အားလုံးကို ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။