Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက် အကျဉ်းထောင်ထဲ တရုတ် အကျဉ်းသားတွေက အမျိုးသမီးတွေခေါ်သွင်းပြီး လိင်ပျော်ပါးခဲ့

ဘန်ကောက်မြို့တော်က အကျဉ်းထောင်ထဲမှာ ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ တရုတ် ထောင်သားတွေက အမျိုးသမီးတွေကို ခေါ်သွင်းပြီး လိင်ပျော်ပါးတာတွေ ရှိခဲ့ကြောင်း ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။

ဘန်ကောက်မြို့တော်က အကျဉ်းထောင်ထဲမှာ ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ တရုတ် ထောင်သားတွေက အမျိုးသမီးတွေကို ခေါ်သွင်းပြီး လိင်ပျော်ပါးတာတွေ ရှိခဲ့ကြောင်း ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။

တရားရေးဝန်ကြီး ရုသာပေါင် နောင်ဝါရတ်က အကျဉ်းဦးစီး ဌာနဆီက ဖြစ်စဉ် အကျဉ်းချုပ် အစီရင်ခံစာ တစ်စောင်ကို လက်ခံရရှိထားကြောင်း ဝန်ခံခဲ့ပါတယ်။ ဘန်ကောက်ရဲ့ ရမန် အချုပ်ထောင်မှာ တရုတ် ထောင်သားတွေဟာ ပြင်ပက ခေါ်သွင်းလာတဲ့ အမျိုးသမီးတွေနဲ့အတူ လှေကားတစ်ခု အောက်မှာ ဖွဲ့ထားတဲ့ အခန်းတစ်ခုထဲမှာ လိင်ပျော်ပါးလေ့ ရှိတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

သူ့ရဲ့ ဥပဒေရေးရာ ဝန်ထမ်းဘဝ တလျှောက်လုံး ဒီလို အကျင့်ပျက် ယိုယွင်းမှုမျိုး ကြုံတောင် မကြုံဖူးသလို လုံးဝ လက်ခံနိုင်စရာ မရှိကြောင်းလည်း ရုသာပေါင်က ဝေဖန်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အနုစိတ် စုံစမ်းစစ်ဆေးတာတွေ လုပ်ပြီး လူထုဆီ ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်မယ်လို့လည်း ရုသာပေါင်က ကတိပေးခဲ့ပါတယ်။

အကျဉ်းထောင်ရဲ့ အရင်ထောင်မှူးတွေပါ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး ခံရမှာဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ကစလို့ ဘန်ကောက် ရမန် အချုပ်ထောင်မှာ အကျဉ်းဦးစီး အရာရှိတွေနဲ့ အချက်အလက် ရှာဖွေဆန်းစစ်ရေး ကော်မတီ တစ်ရပ်တို့ ပူးပေါင်းပြီး စစ်ဆေးမှုတွေ စတင်စေမယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလို အရှုပ်တော်ပုံမျိုး လူသိရှင်ကြား ဖြစ်လာတဲ့နောက် ထောင်မှူး မာနွပ် ချွမ်ချုံအပါအဝင် ထောင်ဝန်ထမ်း ၁၄ ဦးကိုလည်း ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက ထောင်ကို ရှောင်တခင် စီးနင်း စစ်ဆေးခဲ့တဲ့နောက် အခုကိစ္စကို ဖော်ထုတ် သိရှိလာခဲ့တာပါ။ ထောင်ထဲမှာတော့ မိုက်ခရိုဝေ့ဗ် မီးဖိုတွေ၊ အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်တဲ့ ဘီးတပ် လေအေးပေးစက်တွေ၊ မီးခြစ်တွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ အပါအဝင် အကျဉ်းသားတွေကို အသုံးပြုခွင့် ပေးမထားတဲ့ ပစ္စည်းတွေကို ချမ်းသာကြွယ်ဝတဲ့ တရုတ် အကျဉ်းသားတွေရဲ့ အကျဉ်းခန်း မျက်နှာကျက်တွေကြားမှာ သိမ်းဆည်းရမိခဲ့ပါတယ်။

စည်းကမ်းဖောက်ဖျက်မှုမှာ ပတ်သက်ဆက်နွှယ်ခဲ့တဲ့ တရုတ် အကျဉ်းသား အားလုံးကိုလည်း ထောင်ရဲ့ တခြားဇုန်နေရာ တစ်ခုဆီ ရွှေ့ပြောင်းထားလိုက်တယ်လို့ ဆိုပါတယ်။

စစ်ဆေးရေး အဖွဲ့ဟာ တခြား အကျဉ်းသားတွေကိုလည်း မေးမြန်းခဲ့တဲ့အခါ သူတို့က တရုတ် အကျဉ်းသားတွေလိုမျိုး အစားအသောက် ကောင်းကောင်းမွန်မွန် ကျွေးမွေးမခံရကြောင်း တိုင်ကြားခဲ့ကြပါတယ်။ အာဏာပိုင်တွေဟာ ထောင်ရဲ့ ဇုန်အမှတ် ၈ အပြင် လတ်တလော တရုတ်အကျဉ်းသားတွေ အတော်လေး ကြီးစိုးထားတဲ့ ထောင်တွင်း အလုပ်ရုံ တစ်ခုကိုပါ ဝင်ရောက် ရှာဖွေခဲ့တာပါ။ အဲဒီ စုံစမ်းစစ်ဆေးမှုတွေရဲ့ တွေ့ရှိချက် အသေးစိတ်ကိုတော့ မကြာခင် မီဒီယာတွေဆီ ထုတ်ပြန်သွားမယ်လို့ ဝန်ကြီး ရုသာပေါင်က ပြောကြားသွားပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း