Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေနံတင် သင်္ဘောကို အမေရိကန် စီးနင်းခဲ့တာကို ပင်လယ်ဓားပြမှုလို့ ဗင်နီဇွဲလား စွပ်စွဲ

ဗင်နီဇွဲလား ရေနံတင် သင်္ဘောတစ်စီးကို ပင်လယ်ပြင်မှာ စီးနင်းသိမ်းယူခဲ့တဲ့ အမေရိကန် စစ်တပ်ရဲ့ လုပ်ရပ်ဟာ ပင်လယ်ဓားပြမှု တစ်ခုဖြစ်တယ်လို့ ဗင်နီဇွဲလား အစိုးရက စွပ်စွဲပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - X

ဗင်နီဇွဲလား ရေနံတင် သင်္ဘောတစ်စီးကို ပင်လယ်ပြင်မှာ စီးနင်းသိမ်းယူခဲ့တဲ့ အမေရိကန် စစ်တပ်ရဲ့ လုပ်ရပ်ဟာ ပင်လယ်ဓားပြမှု တစ်ခုဖြစ်တယ်လို့ ဗင်နီဇွဲလား အစိုးရက စွပ်စွဲပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့တုန်းက ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ ခုတ်မောင်းနေတဲ့ ရေနံတင် သင်္ဘောတစ်စီးပေါ် အမေရိကန် စစ်တပ် ကွန်မန်ဒိုတွေက ဆင်းသက်ပြီး စီးနင်း ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီက လက်နက်ကိုင် ကွန်မန်ဒိုတွေဟာ ရဟတ်ယာဉ် တစ်စီးပေါ်ကနေ အဲဒီရေယာဉ်ဆီ ဆင်းသက်ပြီး စီးနင်း ထိန်းချုပ်လိုက်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် စစ်သားတွေက သေနတ်တွေကို အသင့်အနေအထား ကိုင်ဆောင်ပြီး သင်္ဘော ကုန်းပတ်ပေါ်မှာ လှုပ်ရှားနေပုံ ဗီဒီယို တစ်ခုကိုပါ ဘွန်ဒီက မျှဝေထားခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးကို ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)၊ ပြည်တွင်း လုံခြုံရေး စုံစမ်းစစ်ဆေးမှုဌာနနဲ့ ကမ်းခြေစောင့်တပ်တွေကလည်း ပူးပေါင်းကူညီပေးခဲ့တယ်လို့ ပြောပါတယ်။

စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဗင်နီဇွဲလားနဲ့ အီရန်ဆီက ရေနံတွေကို သယ်ယူ ပို့ဆောင်ပေးနေတဲ့ ရေနံတင် သင်္ဘောကို ဖမ်းဆီး အရေးယူဖို့ ဖြစ်တယ်လို့ ဘွန်ဒီက ဆိုပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဗင်နီဇွဲလား ကမ်းလွန်မှာ ရေနံတင် သင်္ဘောတစ်စီးကို ထိန်းသိမ်းခဲ့ကြောင်း၊ အရွယ်အစား အရမ်းကြီးမားတဲ့ ရေယာဉ်မျိုးဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က မူးယစ်မှောင်ခို လုပ်ငန်းနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဗင်နီဇွဲလား ကမ်းရိုးတန်း တဝိုက်မှာ ဗင်နီဇွဲလား စက်လှေတွေကို တိုက်ခိုက် နှစ်မြှုပ်နေတာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ အခုကိစ္စ ဖြစ်ပွားလာတာပါ။ ရေနံတင် သင်္ဘောကြီး တစ်စီးလုံးကို အမေရိကန်က စီးနင်းထိန်းချုပ်လိုက်တဲ့ လုပ်ရပ်ဟာ နှစ်ဖက်ကြားက ပြဿနာတွေကို ပိုပြီး ကြီးထွား တောက်လောင်လာစေမယ့် သဘောပါပဲ။

ဗင်နီဇွဲလား အစိုးရကတော့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ ပင်လယ်ပြင်မှာ ကျူးလွန်တဲ့ ဒုစရိုက်မှု တစ်ခုလို့ ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့ပါတယ်။ ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒိုင်ယော့စ်ဒါကို ကာဘယ်လိုက အမေရိကန်ဟာ လူသတ်သမားတွေ၊ သူခိုးတွေ၊ ပင်လယ်ဓားပြတွေလို့ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

ကာရေဘီယန် ပင်လယ်ပြင် တဝိုက်မှာ ရုပ်ရှင်ထဲက ပင်လယ်ဓားပြဇာတ်ကောင် ဂျက်စပဲရိုးက သူရဲကောင်းဖြစ်ခဲ့ပေမယ့် အမေရိကန်တွေကတော့ ပင်လယ်ထဲက ရာဇဝတ်ကောင်တွေ၊ ဆိုးသွမ်း ပင်လယ်ဓားပြတွေဖြစ်တယ်လို့ သူကပြောပါတယ်။ အမေရိကန်ဟာ ကမ္ဘာတလွှားမှာ စစ်ပွဲတွေ စဖို့ဆိုရင် အခုလို ပုံစံတူ နည်းလမ်းတွေနဲ့ပဲ ပြဿနာ မီးမွှေးလေ့ ရှိတယ်လို့လည်း ကာဘယ်လိုက စွပ်စွဲခဲ့ပါတယ်။

ဗင်နီဇွဲလား အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ ပဒေသရာဇ်ခေတ် နိုင်ထက်စီးနင်း ပုံစံမျိုးလို့ စွပ်စွဲထားပြီး အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ သဘာဝ သယံဇာတတွေကို

ရေကြောင်းပို့ဆောင်ရေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vanguard Techက အမေရိကန် စစ်တပ် ထိန်းချုပ်လိုက်တဲ့ ရေနံတင် သင်္ဘောဟာ Skipperဆိုတဲ့ ရေယာဉ်ဖြစ်ပြီး အရေးယူ ပိတ်ဆို့ထားတဲ့ ရေနံတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ မှောင်ခိုရေယာဉ်အုပ် (dark fleet)ထဲမှာ ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

Vanguard Techရဲ့ အဆိုအရ Skipperဟာ အမေရိကန်ရဲ့ ထိန်းသိမ်းခြင်းကို မခံရခင် နောက်ဆုံးရှိနေခဲ့တဲ့ တည်နေရာဟာ ဗင်နီဇွဲလားရဲ့ မြို့တော် ကရာကက်စ်ရဲ့ မြောက်ဖက် ရေပြင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။