Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလားမှာ သေဆုံးခဲ့တဲ့ ကျူးဘားစစ်သား ၃၂ ဦးရဲ့ အလောင်းတွေကို နေရပ်ပြန်သယ်

ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ဖမ်းခဲ့တဲ့ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့တဲ့ ကျူးဘား စစ်သား ၃၂ ဦးရဲ့ ရုပ်အလောင်းတွေ ဇာတိနိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ဖမ်းခဲ့တဲ့ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့တဲ့ ကျူးဘား စစ်သား ၃၂ ဦးရဲ့ ရုပ်အလောင်းတွေ ဇာတိနိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အထူးအမိန့်အရ အမေရိကန် စစ်တပ်ဟာ ဗင်နီဇွဲလားရဲ့ မြို့တော် ကရာဆက်စ်မှာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ပြီး သမ္မတ အိမ်တော်ကို ဝင်စီးခဲ့ပါတယ်။ ပြီးတော့ မာဒူရိုနဲ့ ဇနီးဖြစ်သူတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

မာဒူရိုရဲ့ လုံခြုံရေးအတွက် မဟာမိတ် ကျူးဘားနိုင်ငံက တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပေးထားခဲ့တာကြောင့် အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗင်နီဇွဲလား အစိုးရက ကျူးဘားစစ်သား ၃၂ ဦး အပါအဝင် အဲဒီညက လူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်ကတော့ စစ်သားတချို့ ဒဏ်ရာရခဲ့တာကလွဲပြီး အဖိတ်အစဉ် မရှိခဲ့ပါဘူး။

ဇန်နဝါရီ ၁၅ ရက်နေ့မှာတော့ ကျူးဘား စစ်သား ၃၂ ဦးရဲ့ ရုပ်အလောင်းတွေကို ကျူးဘားရဲ့ မြို့တော် ဟာဗားနားဆီ ပြန်လည် ရောက်ရှိလာပါတယ်။ ခေါင်းတလားတွေကို တင်ပြီး တန်းစီ မောင်းနှင်လာတဲ့ မော်တော်ယာဉ်တန်းကို လမ်းဘေးတစ်ဖက်တစ်ချက်မှာ မြို့ခံတွေက တန်းစီစောင့်ရင်း အလေးပြုနေပုံတွေကိုလည်း ကျူးဘားဖက်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျူးဘား လက်နက်ကိုင် တပ်ဖွဲ့များ ဝန်ကြီးဌာနက ရုပ်အလောင်းတွေ လက်ခံမှုမှာ စစ်ဘက် ဂုဏ်ပြုအခမ်းအနားနဲ့ ဆောင်ရွက်သွားမယ်လို့ ကြိုတင် ကြေညာထားခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့မှာလည်း ကျူးဘားမှာ ပြည်သူတွေ၊ စစ်သားတွေ အပါအဝင် လူပေါင်းများစွာ စုဝေးပြီး ဟာဗားနား မြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက အမေရိကန်ရဲ့ အထိန်းအကွပ်မဲ့တဲ့ ရန်လိုမှုတွေကို ရှုတ်ချခဲ့သလို ဖမ်းဆီးခံထားရတဲ့ မာဒူရိုကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဗင်နီဇွဲလားမှာ ကျူးဘား စစ်သား ၃၂ ဦး သေဆုံးမှုဟာ ၁၉၆၁ ခုနှစ်တုန်းက ကျူးဘား အာဏာရှင် ဖီဒယ်လ် ကက်စထရိုကို ဖြုတ်ချဖို့ မအောင်မြင်ခဲ့တဲ့ အမေရိကန်ရဲ့ အားထုတ်မှုနောက်ပိုင်း အရေအတွက် အများဆုံး အသေအပျောက်လို့ ယုံကြည်ရပါတယ်။

ဗင်နီဇွဲလားဟာ ကျူးဘားရဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်ပြီး ကျူးဘား အစိုးရဟာ ဗင်နီဇွဲလားဆီက ရရှိနေတဲ့ ဘဏ္ဍာရေး အထောက်အပံ့နဲ့ ရေနံပို့ကုန်တွေအပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုလို့ ဗင်နီဇွဲလား ယာယီ သမ္မတက ပြောကြားခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

Facebook