Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာထဲမှာ ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် စစ်တပ် စီးနင်းထိန်းချုပ်

ကာရေဘီယန် ပင်လယ်ထဲကနေ ခြေရာခံလာခဲ့တဲ့ ရေနံတင် သင်္ဘောတစ်စီးပေါ်ကို အမေရိကန် စစ်တပ်က စီးနင်း ထိန်းချုပ်ခဲ့ကြောင်း သိရပါတယ်။

ကာရေဘီယန် ပင်လယ်ထဲကနေ ခြေရာခံလာခဲ့တဲ့ ရေနံတင် သင်္ဘောတစ်စီးပေါ်ကို အမေရိကန် စစ်တပ်က စီးနင်း ထိန်းချုပ်ခဲ့ကြောင်း သိရပါတယ်။

Aquila IIဟာ ကာရေဘီယန် ပင်လယ်ထဲမှာ အမေရိကန်က သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ ရေယာဉ် တစ်စီးဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီ သင်္ဘောကို မိုင်ထောင်နဲ့ချီ ခြေရာခံ စောင့်ကြည့်ခဲ့တဲ့နောက် ဖေဖော်ဝါရီ ၉ ရက်နေ့က အိန္ဒိယ သမုဒ္ဒရာထဲမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေက စီးနင်းခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောက ထွက်ပြေးခဲ့ပြီး အမေရိကန်က လိုက်ဖမ်းခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။ ကုန်းပေါ်မှာ၊ လေထဲမှာ၊ ရေထဲမှာ ဘယ်နေရာဖြစ်ဖြစ် အမေရိကန်ရဲ့ လက်နက်ကိုင် တပ်တွေက ပစ်မှတ်ကို လိုက်ရှာပြီး တရားဥပဒေ စိုးမိုးမှုကို ဆောင်ယူလာမှာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အမေရိကန် ကွန်မန်ဒိုတွေဟာ သင်္ဘောရဲ့ ကုန်းပတ်ပေါ်ကို ရဟတ်ယာဉ်ဆီကနေ ဆင်းသက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဗင်နီဇွဲလား ရေနံလုပ်ငန်းတွေနဲ့ ဆက်စပ် ကွန်ရက်တွေကို ထိန်းချုပ်ဖို့ စတင် လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ကာရေဘီယန် ပင်လယ်ထဲက ရေနံ တင်ပို့မှု လမ်းကြောင်းတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်လာစေခဲ့ပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစလို့ ရေနံတင်သင်္ဘော ၇ စီးထက် မနည်းကို ပင်လယ်ပြင်မှာ ကြားဖြတ် စီးနင်း ထိန်းချုပ်ခဲ့ပြီးပါပြီ။

Public Service Announcement

Public Service Announcement

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ရေယာဉ်တွေကို အသွားအလာ ကန့်သတ်တယ်လို့ ပြောထားရင် အဲဒီစကားကို အတည်လို့ ယူဆဖို့လိုကြောင်းလည်း ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာ Xမှာ ရေးသားထားပါတယ်။ သတ်မှတ်ချက်ကို တည်တံ့အောင် အကောင်အထည် ဖော်မယ့် အမေရိကန် စစ်တပ်ကို ဘာကမှ တားလို့မရနိုင်ဘူးလို့လည်း ဆိုပါတယ်။

အခုထုတ်ပြန်ချက်နဲ့အတူ ပူးတွဲ ဖော်ပြထားခဲ့တဲ့ ဗီဒီယို တစ်ခုမှာတော့ ယူနီဖောင်း အပြည့်အစုံနဲ့ အမေရိကန် စစ်သားတွေဟာ လေထဲ ဝဲနေတဲ့ ရဟတ်ယာဉ် တစ်စီးပေါ်ကနေ သင်္ဘောကုန်းပတ်ပေါ် ကြိုးနဲ့ တွယ်ဆင်းနေတာကို တွေ့ခဲ့ရပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ ဗင်နီဇွဲလားရဲ့ ရေနံတင်ပို့ပိုင်ခွင့်နဲ့ ပတ်သက်ပြီး အရမ်းတင်းတင်းကျပ်ကျပ် ကန့်သတ်မှုမျိုး ဖြစ်လာစေပါတယ်။ ကာရေဘီယန် ပင်လယ်ကိုဖြတ်ပြီး အမေရိကန်ဆီ ဦးတည် ထွက်ခွာတဲ့ ရေနံတင် သင်္ဘောတွေ၊ Chevron ကုမ္ပဏီနဲ့ အဆက်အစပ်ရှိတဲ့ ရေယာဉ်တွေကိုတော့ ဗင်နီဇွဲလားကနေ ပုံမှန်ထွက်ခွာဖို့ အမေရိကန်က ခွင့်ပြုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။