Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို အကန့်အသတ်နဲ့ တိုက်ခိုက်နိုင်ကြောင်း ထရမ့်ပြော

အီရန်ကို စစ်ရေးအရ အကန့်အသတ်နဲ့ တိုက်ခိုက်တာမျိုး ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်ကို စစ်ရေးအရ အကန့်အသတ်နဲ့ တိုက်ခိုက်တာမျိုး ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်ကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ရေး တင်းမာမှုတွေ မြင့်တက်နေတဲ့နောက် ဖေဖော်ဝါရီ ၂၀ မှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ နျူကလီးယား နည်းပညာ စီမံကိန်းတွေကို စွန့်လွှတ်ဖို့ အမေရိကန်က အီရန်အပေါ် ဖိအားပေးနေပြီး သဘောတူညီမှု တစ်ခုခု တိတိကျကျ ထွက်ပေါ်မလာသေးတဲ့နောက် ထရမ့်ဆီက ခြိမ်းခြောက်စကား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း ထရမ့်က အီရန်နဲ့ နျူကလီးယားအရေး ညှိနှိုင်းမှုမှာ သဘောတူညီမှု တစ်ခုခု ရရှိမလား ဆိုတာဟာ ၁၀ ရက်ကနေ ၁၅ ရက်လောက်အတွင်း အဖြေပေါ်လာတာကို ကမ္ဘာကြီးက တွေ့မြင်နိုင်မှာဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။

အမေရိကန်ဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း အီရန်နိုင်ငံ ပတ်ပတ်လည်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် အင်အားတွေ တိုးမြှင့်ပြီး ဖြန့်ကျက်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်၊ အစ္စရေးနဲ့ ဥရောပ မဟာမိတ်တွေက အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးကို ဦးတည်နေတယ်လို့ သံသယ ရှိနေပြီး အီရန်ကတော့ အစဉ်တစိုက် ငြင်းဆိုခဲ့သလို နျူကလီးယားကို စွမ်းအင်ကဏ္ဍအတွက် အသုံးပြုဖို့ပဲ ရည်ရွယ်ထားကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ သတင်းထောက်တွေက အမေရိကန်ဟာ အီရန်ကို အလုံးအရင်းနဲ့ မဟုတ်ရင်တောင် အကန့်အသတ်နဲ့ တိုက်ခိုက်တာမျိုး ရှိမလားလို့ မေးမြန်းခဲ့ပြီး ထရမ့်က သူဟာ အဲဒီကိစ္စကို စဉ်းစားနေပါတယ်လို့ တုံ့ပြန်သွားပါတယ်။

တခြားတစ်ဖက်မှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အာရတ်စ် အဘက်ချီက ဆွစ်ဇာလန်မှာ အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အတွင်း တိုးတက်မှုတွေ ရှိလာခဲ့ကြောင်း ပြောကြားသွားပါတယ်။

လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောအဖြစ် သတ်မှတ်ခံထားရတဲ့ USS Gerald R Ford ဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ်အုပ်ဟာ အရှေ့အလယ်ပိုင်း ဒေသတွင်း ရေပြင်ဆီ ဦးတည် ခုတ်မောင်းနေပါတယ်။ အဲဒီ တိုက်ရေယာဉ်အုပ်ဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မြေထဲပင်လယ် ရေပြင်ကို စတင် ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။

အီရန်ရေပိုင်နက်နားမှာတော့ နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စီးဖြစ်တဲ့ USS Abraham Lincoln ဦးဆောင်တဲ့ နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စီးက ဖြန့်ကျက် နေရာယူထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ ဖျက်သင်္ဘောတွေ၊ တိုက်ရေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေကိုလည်း အီရန်ပိုင်နက် တဝိုက်ဆီ ဆက်တိုက် အားဖြည့် ပို့ဆောင်နေကြောင်း သိရပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – The New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

Trending

Facebook