Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မူးယစ်ရာဇာ သေဆုံးအပြီး ဆူပူမှုတွေကြောင့် မက္ကဆီကိုမှာ တပ်အင်အား ထောင်နဲ့ချီ ဖြန့်ကျက်

မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင်တစ်ဦး သေဆုံးမှုအပြီး ဖြစ်ပေါ်လာတဲ့ လက်စားချေ တိုက်ခိုက်မှုတွေကို နှိမ်နင်းဖို့ မက္ကဆီကို အစိုးရဟာ စစ်တပ်အင်အား ထောင်နဲ့ချီ ဖြန့်ကျက် အသုံးပြုထားကြောင်း သိရပါတယ်။

မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင်တစ်ဦး သေဆုံးမှုအပြီး ဖြစ်ပေါ်လာတဲ့ လက်စားချေ တိုက်ခိုက်မှုတွေကို နှိမ်နင်းဖို့ မက္ကဆီကို အစိုးရဟာ စစ်တပ်အင်အား ထောင်နဲ့ချီ ဖြန့်ကျက် အသုံးပြုထားကြောင်း သိရပါတယ်။

မက္ကဆီကိုရဲ့ အထင်ရှားဆုံး မူးယစ်ရာဇာ တစ်ဦးဖြစ်ပြီး အယ်လ်မန်ချိုဆိုတဲ့ နာမည်နဲ့ လူသိများတဲ့ နီမက်စီယို အော့ဆေဂူရာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျယ်လစ္စကို ပြည်နယ်ထဲမှာ မက္ကဆီကို အထူးတပ်ဖွဲ့ရဲ့ စီးနင်းမှု တစ်ခုကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး နောက်တော့ သေဆုံးသွားပါတယ်။ သူဟာ ပြည်တွင်းမှာ ဩဇာကြီးမားတဲ့ ဂျယ်လစ္စကို မျိုးဆက်သစ် ကာတယ်လ် (CJNG)ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

သူသေဆုံးကြောင်း သတင်းကို ကြားသိပြီးတာနဲ့ CJNG ဖြန့်ကျက်လှုပ်ရှားရာ နယ်မြေတွေမှာ လက်စားချေ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ပြည်နယ်ပေါင်း ၂၀ လောက်မှာ အိမ်တွေ၊ စျေးဆိုင်တွေ၊ ကားတွေကို မီးရှို့တာ၊ အဝေးပြေးလမ်းတွေကို ပိတ်ဆို့တာမျိုး အုံကြွဆူပူမှုတွေ စတင်လာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်မှာတော့ အခြေအနေတွေက အရမ်း ဆိုးရွားလာခဲ့ပြီး လေဆိပ်တွေမှာ အရေးပေါ် ရွှေ့ပြောင်းရတာတွေလည်း ဖြစ်လာပါတယ်။ မြို့ကြီးတွေမှာလည်း နေရာအနှံ့ မီးခိုးလုံးတွေ အူထွက်နေပြီး စစ်မြေပြင်လို့ ထင်မှတ်ရလောက်အောင် အခြေအနေတွေက ကူးပြောင်းလာခဲ့ပါတယ်။

အမေရိကန်နဲ့ ကနေဒါ လေကြောင်းလိုင်းတွေကလည်း မက္ကဆီကိုရဲ့ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေဆီ ပျံသန်းပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကာကွယ်ရေး ဝန်ကြီး ရီကာဒို ထရီဗီလာက ဂျယ်လစ္စကို အပါအဝင် နိုင်ငံအနောက်ပိုင်း ပြည်နယ်တွေမှာ အခြေအနေတွေ ငြိမ်သက်အောင် ကူညီကြပ်မတ်ဖို့ စစ်သည် ၂၅၀၀ လောက်ကို ပို့ဆောင်လိုက်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

CJNGဟာ မက္ကဆီကိုမှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဒုစရိုက်ဂိုဏ်း တစ်ခုလည်း ဖြစ်သလို အယ်လ်မန်ချိုကလည်း အလိုအရှိဆုံး ရာဇဝတ်သားတစ်ဦး ဖြစ်ခဲ့ပါတယ်။ CJNGဟာ အမေရိကန်ကို မှောင်ခို မူးယစ်ဆေးဝါးတွေ တင်သွင်းနေမှုကြောင့် အမေရိကန် အစိုးရက အယ်လ်မန်ချိုကို ဒေါ်လာ ၁၅ သန်း ဆုငွေထုတ်ထားပါတယ်။

အမေရိကန်ရဲ့ ထောက်လှမ်းရေး သတင်း ပံ့ပိုးမှုကြောင့် မက္ကဆီကို အာဏာပိုင်တွေဟာ ချစ်သူနဲ့ လျှို့ဝှက် သွားရောက် တွေ့ဆုံတဲ့ အယ်လ်မန်ချိုကို ခြေရာခံမိခဲ့တာလို့ သိရပါတယ်။ နှစ်ဖက် ပစ်ခတ်မှုတွေအတွင်း အယ်လ်မန်ချိုဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး သူ့ကို ဆေးရုံပို့ဖို့ ကြိုးစားချိန်မှာ သေဆုံးခဲ့တာလို့ ထရီဗီလာက ဆိုပါတယ်။

သူသေဆုံးမှုအပြီး ပေါ်ပေါက်လာတဲ့ ဆူပူမှုတွေမှာ CJNG ဂိုဏ်းသား ၃၀ ထက်မနည်းကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပေမယ့် ဂျယ်လစ္စကို ပြည်နယ်မှာ မက္ကဆီကို အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းလည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွန်းကတော့ အယ်လ်မာချိုကို ရှင်းလင်းနိုင်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ စွမ်းဆောင်မှုကို ချီးကျူးခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးတွေကိုလည်း အစိုးရက အပြည့်အဝ တာဝန်ယူမယ်လို့ ပြောပါတယ်။

လူထု အနေနဲ့ စိတ်အေးအေး ထားစေလိုကြောင်း၊ မက္ကဆီကိုမှာ အစိုးရတစ်ရပ်၊ လက်နက်ကိုင် တပ်တွေ ရှိနေပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း အများကြီး လုပ်ဆောင်နေကြောင်း သမ္မတက ဆိုပါတယ်။

မက္ကဆီကို အစိုးရဟာ ပြည်တွင်းက မူးယစ်မှောင်ခို ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းပေးဖို့ အမေရိကန်ရဲ့ ဖိအားပေး တောင်းဆိုမှုတွေနဲ့လည်း ရင်ဆိုင်နေခဲ့ရပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty Images, Reuters, The New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက္ကဆီကို တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် ထုတ်ပြန်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို နာရီပိုင်း အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနေမှုတွေကို အောင်ပွဲခံကြရင်း မက္ကဆီကို နိုင်ငံမှာ ဘောလုံးပရိသတ် ၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ကနေဒါလိုပဲ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အသင်းတစ်သင်းဖြစ်တဲ့ မက္ကဆီကိုဟာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားခဲ့ပါတယ်။ မက္ကဆီကိုဟာ မြို့တော် မက္ကဆီကို စီးတီးမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အီကွေဒေါ အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံမှာ အောင်ပွဲခံနေတဲ့ ဘောလုံးပရိသတ်အုပ်ထဲကို ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူ ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။