Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါမှာ ရေခဲနေတဲ့ မြစ်ထဲ ဘတ်စ်ကား ထိုးကျပြီး လူ ၁၉ ဦးသေ

နီပေါနိုင်ငံမှာ ဘတ်စ်ကားတစ်စီး လမ်းချော်ပြီး ရေခဲနေတဲ့ မြစ်ထဲ ထိုးကျသွားတာကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နီပေါနိုင်ငံမှာ ဘတ်စ်ကားတစ်စီး လမ်းချော်ပြီး ရေခဲနေတဲ့ မြစ်ထဲ ထိုးကျသွားတာကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က အပန်းဖြေမြို့ တစ်ခုဖြစ်တဲ့ ပေါ့ခါရာကနေ မြို့တော် ခတ္တမန္ဒူဆီ ပြန်လာတဲ့ ကားဟာ တောင်ပေါ်လမ်း တစ်နေရာမှာ ချော်ထွက်ပြီး မြစ်ထဲ ထိုးကျသွားခဲ့တာပါ။ ဘတ်စ်ကားဟာ အမြင့် မီတာ ၂၀၀ လောက်ကနေ လိမ့်ဆင့်ပြီး မြစ်ထဲကို ရောက်သွားခဲ့တာလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

စုစုပေါင်း လိုက်ပါလာသူ ၄၄ ဦးထဲက ၁၉ ဦးသေဆုံးပြီး ၂၅ ဦးကို ကုသပေးခဲ့ရကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ ပရာကက်ရှ် ဒါဟဲလ်က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ဗြိတိန် နိုင်ငံသားတစ်ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ တရုတ်နဲ့ နယူးဇီလန် နိုင်ငံသား တစ်ဦးစီ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နေမထွက်သေးခင် မနက်အစောပိုင်းမှာ ဘတ်စ်ကားက ထရီရှူလီမြစ်ထဲ ထိုးဆင်းသွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေး မစ်ရှင်တွေကတော့ အရုဏ်တက်လောက်မှာ အပြီးသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ဆေးရုံတက်ခဲ့ရသူတွေလည်း ရှိတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘတ်စ်ကား လမ်းချော်ထွက်သွားခဲ့တဲ့ အကြောင်းရင်းကိုတော့ စုံသမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ နီပေါမှာတော့ အဝေးပြေးလမ်းမှာ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လတုန်းကလည်း အဝေးပြေးလမ်းပေါ်မှာ မြေပြိုမှု တစ်ခုကြောင့် ဘတ်စ်ကားနှစ်စီးဟာ လူပေါင်း ၅၀ ကျော်နဲ့အတူ ထရီရှူလီ မြစ်ထဲကို မျောပါသွားခဲ့ဖူးပါတယ်။

ဟိမဝန္တာ တောင်ခြေမှာ တည်ရှိတဲ့ နိုင်ငံမှာ လမ်းတွေရဲ့ ပြုပြင်ထိန်းသိမ်းမှု၊ ယဉ်တွေရဲ့ ကြံ့ခိုင်မှု အားနည်းတာတွေအပြင် စည်းကမ်းမဲ့ မောင်းနှင်မှုတွေကြောင့်လည်း ယာဉ်မတော်တဆမှု သတင်းတွေ မကြာခဏ ကြားရလေ့ ရှိပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – EPA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။