ဖေဖော်ဝါရီ – ၂၈ ၊၂၀၂၆
အရှေ့အလယ်ပိုင်း ဘာရိန်းနိုင်ငံမှာရှိတဲ့အမေရိကန်ရဲ့အဓိကစစ်စခန်းတစ်ခုကိုတိုက်ခိုက်နိုင်ခဲ့ကြောင်းအီရန်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်း ဒေသအနှံ့မှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်စခန်းတွေကို ဖြန့်ကျက်ပြီး တိုက်ခိုက်နေကြောင်းလည်း အီရန်က ပြောပါတယ်။
လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ဘာရိန်းရဲ့ မာနာမာမြို့မှာရှိတဲ့ အမေရိကန် အမှတ် (၅) ရေတပ်စခန်း ဌာနချုပ်နားမှာ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement
အဲဒီနေရာကို အီရန် ဒုံးကျည်တွေ ထိမှန်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။အမေရိကန် ရေတပ်ကလည်း ဒီကိစ္စကို ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ဒါ့အပြင်အရှေ့အလယ်ပိုင်းဒေသအနှံ့ကအာရပ်စော်ဘွားများ ပြည် ထောင်စု (ယူအေအီး)၊ ကူဝိတ်၊ ကာတာတို့မှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်စခန်းတွေဟာလည်း အီရန် ဒုံးကျည်တွေကို အပူတပြင်း ကြားဖြတ် ပစ်ချနေရကြောင်း အသီးသီး အတည်ပြုထားပါတယ်။
ဒေသတွင်းမှာ အကြီးဆုံး အမေရိကန် စစ်စခန်း တည်ရှိရာ ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်မှာလည်း အီရန် ဒုံးကျည်တွေကို ကာတာရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကပါ ပစ်ချနေရပါတယ်။
လောလောဆယ်မှာတော့ ဒေသတွင်း အာရပ်နိုင်ငံတွေ အားလုံးလိုလိုဟာ လေပိုင်နက်တွေကို ပိတ်ချပစ်လိုက်ပြီး လေကြောင်းကာကွယ်ရေး စနစ်တွေကိုလည်း အသက်သွင်းထားရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့နောက် အီရန်ကလည်း ဒုံးကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်လာတာ ဖြစ်ပါတယ်။
အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အီရန် တော်လှန် ရေး အစောင့်တပ် (IRGC)က စတုတ္ထသစ္စာကတိ (Truthful Promise 4)ဆိုတဲ့ စစ်ဆင်ရေးကို အကောင်အထည်ဖော်ပြီး အမေရိကန်နဲ့ အစ္စရေးကို အပြင်းအထန် တုံ့ပြန်နေတယ်လို့ ကြေညာခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေက အမေရိကန် လေတပ်၊ ရေတပ်စခန်းတွေဟာ အီရန်ဒုံးကျည်တွေကို တောက်လျှောက် ပစ်ချနေရသလို အစ္စရေးနိုင်ငံ အနှံ့မှာလည်း လေကြောင်းကာကွယ်ရေး အချက်ပေး ဥဩသံတွေ ဆူညံနေခဲ့ပါတယ်။
အီရန်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိနေတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnကိုလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး အတိအကျတော့ အတည်မပြုနိုင်ပါဘူး။
ပြီးတော့ အဲဒီ လေယာဉ်တင် သင်္ဘောကြီးမှာ ထိခိုက်ပျက်စီးမှုတွေ ရှိသလား ဆိုတာကိုလည်း မသိရပါဘူး။
ယူအေအီး အစိုးရက နိုင်ငံပိုင်နက်ထဲကို အီရန်ဒုံးကျည်တွေ ဝင်ရောက်လာခြင်းဟာ ပြောင်ပြောင်တင်းတင်း ရန်လို တိုက်ခိုက်မှု တစ်ခုအဖြစ် စွပ်စွဲခဲ့ပြီး အဲဒီဒုံးကျည်တွေကို ပစ်ချနေတယ်လို့ ဆိုပါတယ်။
ပြီးတော့ အဘူဒါဘီမှာ ကြားဖြတ် ပစ်ချခံရတဲ့ ဒုံးကျည်တစ်စင်း ပျက်ကျလို့ လူတစ်ဦးသေပြီး အပျက်အစီးတွေလည်း ရှိခဲ့ကြောင်း ယူအေအီးက ဆိုပါတယ်။
အဘူဒါဘီ တောင်ပိုင်းမှာတော့ အမေရိကန် လေတပ်အခြေစိုက်တဲ့ အယ်လ်ဒါဖရာလေတပ်စခန်း ရှိနေကြောင်း သိရပါတယ်။ အခြေစိုက်ပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကိုးကား – BBC

















































