Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ဗိုလ်ချုပ်ကြီး ၅ ဦးကို ဥပဒေပြု ကော်မတီဝင်တွေ အဖြစ်ကနေ ဖယ်ရှား

တရုတ် စစ်တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ထိပ်တန်း အရာရှိ ၅ ဦးကို လွှတ်တော်ရဲ့ ဥပဒေပြု အစုအဖွဲ့ကနေ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

တရုတ် စစ်တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ထိပ်တန်း အရာရှိ ၅ ဦးကို လွှတ်တော်ရဲ့ ဥပဒေပြု အစုအဖွဲ့ကနေ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

အမျိုးသား ပြည်သူ့ညီလာခံ NPCရဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဗိုလ်ချုပ်ကြီး ၅ ဦးကို NPCရဲ့ ဥပဒေပြု အမြဲတမ်း ကော်မတီဝင်တွေ အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း ဖော်ပြခဲ့ပါတယ်။

PLA ကြည်းတပ်ရဲ့ အကြီးအကဲ လီကျန်မင်းနဲ့ ရေတပ် အကြီးအကဲဟောင်း ရှန်ကျင့်လောင်တို့ဟာ NPCရဲ့ လက်ကိုင်ရာထူးတွေကို စွန့်ခွာခဲ့ရပါတယ်။ တခြားထုတ်ပယ် ခံရသူ ၃ ဦးကတော့ PLA ရေတပ်၊ လေတပ်နဲ့ သတင်းအချက်အလက် အဖွဲ့တွေမှာ လက်ရှိနဲ့ အရင်က နိုင်ငံရေး အရာရှိ တာဝန်ယူခဲ့တဲ့ ကျင်ရှန်းကျန့်၊ ယုချောင်ဖူနဲ့ လီဝေတို့ ဖြစ်ပါတယ်။

သူတို့အပြင် အာဏာရ တရုတ် ကွန်မြူနစ်ပါတီ (CCP)ရဲ့ အရာရှိ တချို့ဟာလည်း NPCကနေ ဖယ်ရှားတာကို ခံခဲ့ရပါတယ်။ PLAရဲ့ အကြီးအကဲဖြစ်သူ ကျန်ယုရှကို အဂတိ စွပ်စွဲမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း အခုလို ကိစ္စတွေပါ ဖြစ်ပေါ်လာတာပါ။ ကျန်နဲ့ တခြား ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ လျိုကျန်လီတို့ကို စည်းကမ်းပိုင်းဆိုင်ရာ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေကြောင့် ရာထူးတာဝန်ကနေ ဆိုင်းငံ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တရုတ်နိုင်ငံရေး စောင့်ကြည့်လေ့လာသူ တချို့ကတော့ ဒီကိစ္စဟာ သမ္မတ ရှီကျင့်ဖျင်က PLAအပေါ် ပိုပြီး ထိန်းချုပ်လိုတဲ့အတွက် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ထားပါတယ်။

လောလောလတ်လတ် ကိစ္စမှာတော့ ဗိုလ်ချုပ်ကြီး ၅ ဦးအပြင် ဒုတိယ ဗိုလ်ချုပ်ကြီး ၁ ဦးနဲ့ ဗိုလ်ချုပ် ၃ ဦးတို့ဟာလည်း တရုတ်ရဲ့ ထိပ်တန်း ဥပဒေပြု အစုအဖွဲ့ဖြစ်တဲ့ NPCကနေ ဖယ်ထုတ်ခံခဲ့ရကြောင်း သိရပါတယ်။

တရုတ်မှာ နိုင်ငံရဲ့ နှစ်စဉ် အကြီးမားဆုံး နိုင်ငံရေး စုဝေးမှု အစီအစဉ် မတိုင်ခင် ရက်ပိုင်းအလိုမှာ ဥပဒေပြု အစုအဖွဲ့ကနေ အခုလိုမျိုး တရုတ် စစ်ဗိုလ်ချုပ်တွေ ဖယ်ရှားခံခဲ့ရတာပါ။ မတ်လ ၄ ရက်မှာ စတင်မယ့် အစည်းအဝေးတွေမှာတော့ နိုင်ငံရဲ့ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ သံတမန်ရေး မူဝါဒသစ်တွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။

ကိုးကား: CNA

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဘက်က တပ်သားအင်အားများလာရောက်ချထားပေးခဲ့၍ ယမန်နေ့က နေ့ချင်းပြီး ဖျက်သိမ်းပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

နိုင်ငံတကာ

သူက တပ်သားတွေကို လိပ်မူထားတဲ့ အသံဖိုင်ဟာ Telegramမှာ ပျံနှံ့လာရာမှာ ပိုပေါ့ဗ်က သူ့ကို ထုတ်ပယ်လိုက်တာဟာ စစ်မြေပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တာကြောင့်လို့ ပြောကြားထားပါတယ်။

သတင်း

အိမ်ဖျက်ရာမှာ စစ်သား ၊ရဲ ၊အုပ်ချုပ်ရေးအဖွဲ့ တွေက အင်အားသုံးပြီးအိမ်အလုံး ၂၀၀ လောက် ဖျက်သွားတာလို့သိရပါတယ်။

ဗီဒီယို

တရုတ် အစိုးရ အနေနဲ့ ဗြိတိသျှတွေက ဟောင်ကောင်ကို သိမ်းပိုက်ခဲ့တာကို အသိအမှတ်ပြုတာ မဟုတ်တဲ့အတွက် ဘိန်းစစ်ပွဲအပြီး ဗြိတိန် အစိုးရဆီ ဟောင်ကောင်ကို လက်လွှဲပေးလိုက်ရတာကို သမိုင်းစာအုပ်ထဲ ထည့်မသင်တော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

Facebook