Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာတွင် နေအိမ် ၄၀ခန့်အား ကျူးကျော်ဟုဆိုကာ စစ်ကောင်စီ ဖယ်ရှား

စစ်ကောင်စီဘက်က တပ်သားအင်အားများလာရောက်ချထားပေးခဲ့၍ ယမန်နေ့က နေ့ချင်းပြီး ဖျက်သိမ်းပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

(ဖယ်ရှားခံရသော အောင်ဇေယျာရပ်ကွက်ရှိနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)
(ဖယ်ရှားခံရသော အောင်ဇေယျာရပ်ကွက်ရှိနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် နေအိမ် ၄၀ခန့်အား ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ စစ်ကောင်စီက ဖယ်ရှားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ နေအိမ်၄၀ခန့်သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင် မြေနေရာ၌ ကျူးကျော်နေထိုင်နေသည်ဟုဆိုကာ စစ်ကောင်စီက စာထုတ်ဖယ်ရှားခိုင်းခဲ့ကြောင်း၊ ထို့နောက် ယမန်နေ့( အောက်တိုဘာ ၂၆ ရက်)တွင် နေအိမ်များအား ဖျက်သိမ်းဖယ်ရှားပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ဖယ်ရှားခံရသော အောင်ဇေယျာရပ်ကွက်ရှိနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)
(ဖယ်ရှားခံရသော အောင်ဇေယျာရပ်ကွက်ရှိနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)

“ကန်အောက်က(ကရဝိတ်အနီးက) ရပ်ကွက်ထဲဖျက်တာ။ အလုပ်အကိုင်တွေမှ အဆင်မပြေပါဘူးဆိုနေ ဘယ်များသွားနေကြမလဲ။ လက်တလောသူတို့ နေစရာမရှိဘူး။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က တပ်သားအင်အားများလာရောက်ချထားပေးခဲ့၍ ယမန်နေ့က နေ့ချင်းပြီး ဖျက်သိမ်းပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင်လည်း ကျူးကျော်ဟုဆိုကာ ရပ်ကွက်အများအပြားအား ဖိအားပေးပြောင်းရွှေ့စေခိုင်းမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။