Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒူဘိုင်းကနေ သူဌေးတွေ အလုအယက် စွန့်ခွာလို့ လေယာဉ် စင်းလုံးငှားခ စျေးတွေ ထိုးတက်

အီရန်ရဲ့ တိုက်ခိုက်မှုတွေ ကြုံလာတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသရဲ့ ဇိမ်ခံမြို့တော်ကြီး ဒူဘိုင်းကနေ သူဌေးသူကြွယ်တွေ အလုအယက် ထွက်ပြေး တိမ်းရှောင်ကုန်ပြီး လေယာဉ် စင်းလုံးငှား စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်ရဲ့ တိုက်ခိုက်မှုတွေ ကြုံလာတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသရဲ့ ဇိမ်ခံမြို့တော်ကြီး ဒူဘိုင်းကနေ သူဌေးသူကြွယ်တွေ အလုအယက် ထွက်ပြေး တိမ်းရှောင်ကုန်ပြီး လေယာဉ် စင်းလုံးငှား စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ဒူဘိုင်းမြို့ဟာ ပုံမှန်ဆိုရင်တော့ ကမ္ဘာပေါ်မှာ အကြွယ်ဝဆုံး ရေပေါ်ဆီ သန်းကြွယ်၊ ကုဋေကြွယ် သူဌေးတွေရဲ့ အိုအေစစ်တစ်ခု ဖြစ်ခဲ့ပေမယ့် အခုတော့ အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေ ခြိမ်းခြောက်မှုကို ခံနေရပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့နောက် အီရန်ကလည်း ယူအေအီး အပါအဝင် ဒေသတွင်း အမေရိကန် မဟာမိတ်တွေရဲ့ မြို့ကြီးပြကြီးတွေကို လက်တုံ့ပြန် ပစ်ခတ်ခဲ့ပြီး ဒူဘိုင်းလည်း စက်ကွင်း မလွတ်ခဲ့ပါဘူး။

ယူအေအီးရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းအများအပြားကို ပစ်ချနိုင်ခဲ့ပေမယ့်လည်း ထိခိုက်ပျက်စီးမှုတွေကို အလုံးစုံတော့ မတားဆီးနိုင်ပါဘူး။

Public Service Announcement

Public Service Announcement

အခုတော့ ဒူဘိုင်းမှာ ရောက်ရှိနေတဲ့ သူဌေးသူကြွယ်တွေက မြို့ကို မြန်နိုင်သမျှ အမြန်ဆုံး စွန့်ခွာနေကြတာ ဖြစ်ပါတယ်။ စစ်ပွဲကြောင့် အရပ်ဖက် လေကြောင်းပျံသန်းမှု ခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားတဲ့အခါ စင်းလုံးငှား လေယာဉ်တွေဟာ ဘီလီယံနာ၊ မီလီယံနာ သူဌေးတွေ အဓိက အားကိုးရတဲ့ လွတ်မြောက်ရေး လမ်းကြောင်း ဖြစ်လာပါတယ်။ ဒါကြောင့်လည်း စျေးတွေ မြင့်တက်ကုန်တာ ဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒူဘိုင်းကို စွန့်ခွာလိုသူတွေဟာ လေးနာရီခွဲလောက် ကားမောင်းပြီး အိုမန်ထိ သွားရောက်ကြပြီး အဲဒီကနေ လေယာဉ်စီး ထွက်ခွာကြပါတယ်။ အိုမန်မှာ မူစ်ကတ် လေဆိပ်က ပုံမှန် ဖွင့်လှစ်ထားပါတယ်။ မူစ်ကတ်ကနေ ဥရောပ နိုင်ငံတွေဆီ ပျံသန်းမယ့် ခရီးစဉ် အားလုံးဟာ နောက်တစ်ပတ်ထိ ဘိုကင်ပြည့်နေပါတယ်။

မူစ်ကတ်မှာ အခြေစိုက်တဲ့ စင်းလုံးငှားလေယာဉ် ဝန်ဆောင်မှု ကုမ္ပဏီ JetVipက အခုအခါ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ဆီ ပျံသန်းမယ့် အသေးဆုံး လေယာဉ်တွေကိုတောင် ယူရို ၈၅၀၀၀ နဲ့ ငှားရမ်းနေရကြောင်း ပြောပါတယ်။ ဒါဟာ ပုံမှန်စျေးနှုန်းထက် ၃ ဆ ပိုများတဲ့ ပမာဏပါ။ နောက်ပြီး ရုရှားရဲ့ မော်စကိုမြို့တော်ဆီ ပျံသန်းမယ့် စင်းလုံးငှား လေယာဉ်တွေမှာ ခုံတစ်နေရာစာအတွက် ယူရို ၂၀၀၀၀ ထိ စျေးမြောက်နေပါတယ်။

ပုဂ္ဂလိက လေကြောင်းကုမ္ပဏီတွေ အနေနဲ့ လောလောဆယ် အရှေ့အလယ်ပိုင်းဆီ လေယာဉ်တွေ စေလွှတ်ပေးဖို့ မလွယ်တာကြောင့်လည်း ထွက်ခွာလိုတဲ့ ခရီးသည်နဲ့ ဝန်ဆောင်မှု ပေးနိုင်တဲ့ လေယာဉ်က အချိုးအစား မညီမျှဘဲ ဖြစ်နေပါတယ်။

ဒူဘိုင်းလိုပဲ ဆော်ဒီရဲ့ မြို့တော် ရီယတ်ဒ်မှာလည်း စင်းလုံးငှား လေယာဉ်စျေးတွေက မြင့်တက်နေပါတယ်။ Vimana စင်းလုံးငှား လေယာဉ် ကုမ္ပဏီ အကြီးအကဲ အာမား နာရန်းရဲ့ အဆိုအရ ရီယတ်ဒ်ကနေ ဥရောပကို ပျံသန်းတဲ့ ခရီးစဉ်အတွက် ကုန်ကျစရိတ်ဟာ ယူရို ၄၀၀၀၀ လောက်ထိ များပြားလာကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။