Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာဘာသာစကားပါ ပါဝင်တဲ့ အမေရိကန်လေယာဉ်မှုးတွေရဲ့ အကူ အညီတောင်းစာ

မဟာမိတ် ကူဝိတ်ရဲ့ မှားယွင်း ပစ်ချမှုကြောင့် အမေရိကန် တိုက်လေယာဉ် ၃ စီး ပျက်ကျခဲ့တဲ့ ဖြစ်စဉ်အပြီးမှာတော့ ဒေသခံတွေနဲ့ ဆက်သွယ်ဖို့ လေယာဉ်မှူးတွေရဲ့ ဂျာကင်မှာ တပ်ဆင် ချုပ်လုပ်ထားတဲ့ အကူအညီတောင်း စာသားတွေအကြောင်း လူမှုကွန်ရက်ပေါ်မှာ ဆွေးနွေး ပြောဆိုနေကြပါတယ်။

မတ် – ၄ ၊၂၀၂၆

မဟာမိတ် ကူဝိတ်ရဲ့ မှားယွင်း ပစ်ချမှုကြောင့် အမေရိကန် တိုက်လေယာဉ် ၃ စီး ပျက်ကျခဲ့တဲ့ ဖြစ်စဉ်အပြီးမှာတော့ ဒေသခံတွေနဲ့ ဆက်သွယ်ဖို့ လေယာဉ်မှူးတွေရဲ့ ဂျာကင်မှာ တပ်ဆင် ချုပ်လုပ်ထားတဲ့ အကူအညီတောင်း စာသားတွေအကြောင်း လူမှုကွန်ရက်ပေါ်မှာ ဆွေးနွေး ပြောဆိုနေကြပါတယ်။

အဲဒီစာသားတွေကို blood chitလို့ ခေါ်ဝေါ်လေ့ရှိပြီး တကယ်လို့ လေယာဉ် ပျက်ကျချိန် တိုင်းတစ်ပါး နယ်မြေတစ်ခုထဲမှာ လေယာဉ်မှူးတွေ အသက်ရှင်လျက်ကျရောက်ခဲ့ရင်ဒေသခံတွေနဲ့ ဆက်သွယ်ပြီးအကူအညီ တောင်း ခံနိုင်အောင် ကြိုတင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

ပြီးတော့ လေယာဉ်မှူးတွေရဲ့ ရှင်သန်မှုကို အထောက်အကူ ဖြစ်စေမယ့် နောက်ဆုံးအဆင့် အစီအမံ တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဗီယက်နမ်စစ်ပွဲကာလမှာတုန်းကအမေရိကန်လေသူရဲတွေဟာ အရှေ့ တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ အသုံးပြုလေ့ရှိတဲ့ ဘာသာစကား ၁၄ မျိုးနဲ့ ရေးသားထားတဲ့ blood chitတွေကို ဂျာကင်မှာ ထည့်သွင်းချုပ်လုပ် ဝတ်ဆင်ခဲ့ကြပါတယ်။

မော်ဒန်ဗားရှင်း blood chitတွေမှာတော့ အင်္ဂလိပ်၊ အာရပ်၊ တူရကီ၊ ပါရှန်း၊ ကာ့ဒ် ဘာသာစကားတွေနဲ့ပါ အဲဒီ အကြောင်းကြား စာသားတွေကို ရိုက်နှိပ်ထားပါတယ်။

စာသားတွေရဲ့အဓိပ္ပါယ်ကတော့လေယာဉ်မှူးဟာဒေသခံတွေရဲ့ ဘာသာ စကားကို မပြောတတ်တဲ့ အမေရိကန် တစ်ဦးဖြစ်ကြောင်း၊ စားနပ်ရိက္ခာ၊ ရေ၊ နေစရာ၊ အဝတ်အထည်နဲ့ ဆေးဝါး အထောက်အပံ့တွေ ပေးအပ်စေလိုကြောင်း၊ ပြီးတော့ အမေရိကန် ဒါမှမဟုတ် မိတ်ဆွေ တပ်ဖွဲ့တွေနဲ့ ဆက်သွယ်နိုင်အောင်လည်း ကူညီစေလိုကြောင်း၊ လေယာဉ်မှူးရဲ့ နာမည်နဲ့ ကိုယ်ပိုင်အမှတ်ကို အမေရိကန် အာဏာပိုင်တွေဆီ အကြောင်းကြားပေးရင် ဆုချီးမြှင့်ခံရမှာဖြစ်ကြောင်း ဖော်ပြထားတာပါ။

မတ်လ ၁ ရက်နေ့တုန်းက ကူဝိတ် လေပိုင်နက်ထဲမှာ ရှိနေချိန် အမေရိကန်ရဲ့ F-15E တိုက်လေယာဉ် ၃ စီးကို မဟာမိတ် ကူဝိတ်က မှားယွင်းပြီး ပစ်ချမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ လေယာဉ်မှူး ၆ ဦးလုံး လေထီးနဲ့ ခုန်ထွက်ပြီး အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ ကူဝိတ် နိုင်ငံသားတွေက လေထီးကျဆင်းတဲ့ နေရာတွေဆီ သွားရောက်ပြီး အမေရိကန် လေယာဉ် မှူး အမျိုးသား၊ အမျိုးသမီးတွေကို သွားရောက် မေးမြန်းပြီး အကူအညီ ပေးခဲ့ကြတာကို တွေ့ရပါတယ်။

ကိုးကား – World News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။