Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပစ္စတို ပစ်ခတ်နေတဲ့ ကင်မ်ဂျုံအွန်းရဲ့ သမီးဓာတ်ပုံကို မြောက်ကိုရီးယား အစိုးရမီဒီယာ ဖော်ပြ

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းရဲ့ သမီးဖြစ်သူက ပစ္စတိုတစ်လက်ကို ပစ်ခတ်နေတဲ့ ဓာတ်ပုံကို အစိုးရ မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းရဲ့ သမီးဖြစ်သူက ပစ္စတိုတစ်လက်ကို ပစ်ခတ်နေတဲ့ ဓာတ်ပုံကို အစိုးရ မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

မတ်လ ၁၂ ရက်နေ့မှာ KCNA သတင်းဌာနက စက်ပစ်ကွင်း တစ်နေရာမှာ ပစ္စတို ပစ်ခတ်နေတဲ့ မိန်းကလေး ကင်မ်ဂျူအေးရဲ့ ဓာတ်ပုံကို ထုတ်ပြန်ပြသခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေက ကင်မ်ဂျူအေးဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ စနစ်တကျ ပျိုးထောင် ခံထားရသူဖြစ်ကြောင်း ထင်ကြေးတွေကို ပိုမို အားဖြည့်ပေးလာခဲ့ပါတယ်။

ခေါင်းဆောင်ကြီး ကင်မ်ဟာ အသက် ၁၅ နှစ် မပြည့်သေးဘူးလို့ ယူဆရတဲ့ သမီးဖြစ်သူကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစပြီး အရေးပါတဲ့ အခမ်းအနားတွေမှာ လူလုံးပြစေပြီး သေချာ ပွဲထုတ်လာတဲ့နောက် သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ ဂျူအေးကို ရွေးချယ်ထားကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်း ခံလာရပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေးက အဲဒီမိန်းကလေးဟာ မြောက်ကိုရီးယားရဲ့ အနာဂတ် ခေါင်းဆောင်ရာထူးမှာ လျာထားခံရပြီး ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။

Public Service Announcement

Public Service Announcement

KCNAက ထုတ်ပြလိုက်တဲ့ ဓာတ်ပုံမှာတော့ ဂျူအေးဟာ မျက်လုံးတစ်ဖက် မှိတ်ပြီး ပစ်မှတ်ကို ချိန်ရွယ်ရင်း ပစ္စတိုကို သက်တောင့်သက်သာ ပစ်ခတ်နေဟန် တွေ့ခဲ့ရပါတယ်။ ဒီအချက်က အဲဒီ မိန်းကလေးဟာ ငယ်ရွယ်စဉ် ကတည်းက စစ်ပညာနဲ့ လက်နက် ကိုင်တွယ်မှုတွေကို စနစ်တကျ သင်ယူထားပြီးပြီဆိုတဲ့ အဓိပ္ပါယ်ကို ထင်ဟပ်စေပါတယ်။ KCNAဟာ လွန်ခဲ့တဲ့ တစ်လလောက်ကလည်း ဖခင်ဖြစ်သူနဲ့အတူ စနိုက်ပါ ရိုင်ဖယ် စမ်းသပ်ပစ်ခတ်နေတဲ့ ဂျူအေးရဲ့ ဓာတ်ပုံကို ဖော်ပြဖူးပါတယ်။

မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့တော့ ဂျူအေးဟာ ဖခင်နဲ့အတူ ခဲယမ်းမီးကျောက် စက်ရုံတစ်ခုက အခမ်းအနားဆီ သွားတက်ရောက်ရင်း လက်နက်ငယ် စမ်းသပ်ပစ်ခတ်ခဲ့တာလို့ KCNAက အညွှန်းစာ ရေးထားခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာ ပြည်တွင်းဖြစ် ပစ္စတို အမျိုးအစားသစ်ကို ခေါင်းဆောင်ကြီး ကင်မ်ကလည်း စမ်းသပ် ပစ်ခတ်ကြည့်ခဲ့ပြီး အရည်အသွေးပိုင်းအတွက် နှစ်ထောင်းအားရ ရှိခဲ့တယ်လို့ KCNAက ဆိုပါတယ်။

ဓာတ်ပုံထဲမှာ ဂျူအေးဟာ သူ့ဖခင် ဝတ်လေ့ရှိတဲ့ သားရေဂျာကင်ကိုပဲ ဝတ်ထားတာကို တွေ့ရပါတယ်။ မြောက်ကိုရီးယားမှာတော့ အဲဒီဂျာကင်ဟာ တရားဝင် သတ်မှတ်ထားတာ မဟုတ်ပေမယ့် ခေါင်းဆောင်ကြီး ကင်မ်ရဲ့ အဆောင်အယောင်၊ တစ်နည်းအားဖြင့် သူ့ရဲ့ အာဏာကို ရည်ညွှန်းတဲ့ အဆင်တန်ဆာမျိုး ဖြစ်ပါတယ်။ အခုတော့ သမီးဖြစ်သူကပါ သားရေဂျာကင်ကို လိုက်လံ ဝတ်ဆင်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား စတင်ထူထောင်ချိန် ကတည်းက ကင်မ်ရဲ့ အဖိုး၊ ဖခင်တို့က အုပ်ချုပ်ပြီး အဲဒီကမှတဆင့် နိုင်ငံအာဏဟာ ကင်မ်ရဲ့ လက်ထဲကို ရောက်လာခဲ့တာပါ။ သားစဉ်မြေးဆက် အုပ်ချုပ်နေတာကြောင့် သူတို့မိသားစုကို ကင်မ်မင်းဆက်လို့တောင် ရည်ညွှန်းသုံးနှုန်းလေ့ ရှိပါတယ်။ တကယ်လို့ ခန့်မှန်းထားတဲ့အတိုင်း ဂျူအေးက ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံမယ် ဆိုရင်တော့ မြောက်ကိုရီးယား သမိုင်းမှာ ပထမဆုံး အမျိုးသမီး နိုင်ငံခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – KCNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။