Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာနိုင်ငံမှာစစ်တပ်ကလူ့အခွင့်အရေးချိုဖောက်မှုတွေကို စနစ်တကျကျူးလွန်​နေတဲ့အပေါ် ကုလသမဂ္ဂမှာ အီတလီ ရှုတ်ချ

မြန်မာနိုင်ငံမှာ စစ်တပ်ကစနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် ကုလသမဂ္ဂမှာ အီတလီနိုင်ငံက ရှုတ်ချသွားခဲ့ပါတယ်။

မတ်-၁၄၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံမှာ စစ်တပ်ကစနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် ကုလသမဂ္ဂမှာ အီတလီနိုင်ငံက ရှုတ်ချသွားခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ မတ်လ ၁၃ ရက်နေ့ကပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အီတလီအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း မစ်ရှင် ကိုယ်စားလှယ်က အဲဒီ သဘောထားကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ အ
လေးအနက် စိုးရိမ်ကြောင်း အီတလီရဲ့ အမြဲတမ်း သံအရာရှိက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရိုဟင်ဂျာတွေနဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုတွေအပေါ် ညှင်းပန်းနှိပ်စက်တာ၊ နိုင်
ငံရေး အတိုက်အခံ ပြုမှုတွေကို ခွဲခြားဖိနှိပ်တာနဲ့ ရန်လိုတိုက်ခိုက်နေတာတွေကို ရှုတ်ချကြောင်းလည်း အီတလီက ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်အနေနဲ့ ရန်လို ကြမ်းတမ်းတဲ့ လုပ်ရပ်မှန်သမျှကို အဆုံးသတ်ပေးဖို့၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေး အကျဉ်း
သားတွေ အားလုံးကို လွှတ်ပေးဖို့လည်း အီတလီက တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအနှံ့ လူသားချင်း စာနာမှု အကူအညီတွေ အပြည့်အဝနဲ့ အဟန့်အတားမရှိ ရောက်ရှိနိုင်ရေး၊ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ အစုအဖွဲ့ အသီးသီးက အရပ်သားပြည်သူတွေအပေါ် အကာအကွယ်ပေးရေး၊ နိုင်ငံတကာ ဥပဒေတွေနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာကြရေးလည်း အီတလီက တိုက်တွန်းသွားပါတယ်။

ကိုးကား-ANSA

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။