Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ရေနံတင် သင်္ဘောနှစ်စီးကို ဟောမုဇ် ရေလက်ကြား ဖြတ်သန်းဖို့ အီရန် ခွင့်ပြုပေး

ဓာတ်ငွေ့တွေ တင်ဆောင်သွားတဲ့ အိန္ဒိယ ရေနံတင် သင်္ဘောနှစ်စီးကို ဟောမုဇ် ရေလက်ကြားကနေ ဖြတ်သန်းဖို့ အီရန်က ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ငွေ့တွေ တင်ဆောင်သွားတဲ့ အိန္ဒိယ ရေနံတင် သင်္ဘောနှစ်စီးကို ဟောမုဇ် ရေလက်ကြားကနေ ဖြတ်သန်းဖို့ အီရန်က ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကာလမှာ အီရန်ဟာ နိုင်ငံတောင်ပိုင်းက မဟာဗျူဟာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ထားပြီး ရှားပါး အခြေအနေအဖြစ် မတ်လ ၁၃ ရက်နေ့မှာတော့ ဓာတ်ငွေ့ရည်တွေ တင်ဆောင်ထားတဲ့ အိန္ဒိယ သင်္ဘောနှစ်စီးကို ဖြတ်သန်းခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

အီရန် အာဏာပိုင်တွေကလည်း အိန္ဒိယအလံ လွှင့်ထူထားတဲ့ Shivalikနဲ့ Nanda Devi သင်္ဘောတွေကို ရေလက်ကြားကနေ ဖြတ်သန်း ခုတ်မောင်းခွင့် ပေးခဲ့ကြောင်း အတည်ပြုသွားပါတယ်။ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Shivalikက အိန္ဒိယရေတပ် အစောင့်အရှောက်နဲ့အတူ ရေလက်ကြားကို စတင်ဖြတ်သန်းခဲ့ပြီး နာရီပေါင်း အနည်းငယ် အကြာမှာ ဒုတိယ သင်္ဘောက ဖြတ်သန်း မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသင်္ဘော နှစ်စီးလုံးကို အိန္ဒိယ အစိုးရပိုင် Shipping Corp of Indiaက ထိန်းချုပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

အီရန်က အမေရိကန်၊ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာရှိတဲ့ အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ ထုတ်ကုန်တွေ မှန်သမျှကို ရေလက်ကြားကနေ ဖြတ်သန်းခွင့် မပေးနိုင်ဘူးလို့ ကြုံးဝါးထားပေမယ့် အိန္ဒိယ သင်္ဘောတွေကိုတော့ ခြွင်းချက် အနေနဲ့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၂ ရက်နေ့တုန်းက အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက သူဟာ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းနဲ့ ဆက်သွယ်ပြီး ပင်လယ်ကွေ့ ဒေသထဲက စွမ်းအင်ထုတ်ကုန်နဲ့ တခြားကုန်စည်တွေ အိန္ဒိယဆီ သယ်ယူခွင့်ရရေး ဆွေးနွေးခဲ့ကြောင်း ပြောကြားသွားပါတယ်။

အိန္ဒိယဟာ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲဖြစ်ပွားပြီးတဲ့နောက် နိုင်ငံရေပိုင်နက်နားမှာ ရှိနေတဲ့ အီရန် စစ်သင်္ဘော တစ်စီးကိုလည်း ကမ်းကပ် ခိုလှုံခွင့်ပြုပြီး အီရန် ရေတပ်သား ၁၈၃ ဦးကို ကူညီ စောင့်ရှောက်ပေးထားပါတယ်။ စစ်ပွဲဖြစ်ပွားလာချိန်တုန်းက အိန္ဒိယ သမုဒ္ဒရာထဲမှာ အီရန်စစ်သင်္ဘော သုံးစီး ရှိနေခဲ့ပြီး တစ်စီးကိုတော့ အမေရိကန် ရေငုပ်သင်္ဘော တစ်စီးက တော်ပီဒိုနဲ့ ပစ်ခတ် နှစ်မြှုပ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေး ပဋိပက္ခကြောင့် အိန္ဒိယဟာ စက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့တွေ ပြတ်တောက်မှုကို ဆယ်စုနှစ် အတော်များများအတွင်း အဆိုးဆုံးအဆင့် ရင်ဆိုင်နေရပါတယ်။ အစိုးရဟာ စက်မှုလုပ်ငန်းတွေအတွက် ခွဲတမ်း ထောက်ပံ့မှုတွေ လျှော့ချခဲ့ရသလို နေအိမ်တွေမှာလည်း မီးဖိုချောင်သုံး ဓာတ်ငွေ့ ပြတ်တောက်မှုတွေ ကြုံနေပါတယ်။

အိန္ဒိယဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ချက်ပြုတ်ရေးလုပ်ငန်းသုံး ဓာတ်ငွေ့ ၃၃.၁၅ မက်ထရစ်တန် သုံးစွဲခဲ့ပြီး အဲဒီထဲက ၆၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းတာပါ။ ပြီးတော့ အိန္ဒိယ တင်သွင်းခဲ့သမျှ ဓာတ်ငွေ့ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ဝန်းကျင်ဟာ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေဆီကလို့ သိရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။