Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Rapဂီတ အဆိုတော်ဟောင်းက နီပေါ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

Rapဂီတ အဆိုတော်ဟောင်း ဘာလန်ဒရာ ရှားဟာ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

Rapဂီတ အဆိုတော်ဟောင်း ဘာလန်ဒရာ ရှားဟာ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အသက် ၃၅ နှစ်သာ ရှိသေးတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ရှားဟာ နိုင်ငံရေး နယ်ပယ်ထဲ ပြောင်းလဲ ခြေချလာခဲ့ပြီး ခပ်မြန်မြန်ပဲ နိုင်ငံရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေး ရာထူးဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ နီပေါ အစိုးရဟောင်းကို ပြုတ်ကျသွားစေတဲ့ လူထုအုံကြွမှုကြီး အတွင်းမှာ မျိုးဆက်သစ် GenZ လူငယ်တွေဟာ ရှားကို အထူးထောက်ခံ အားပေးခဲ့ကြပါတယ်။

အဲဒီနောက် သူ့ရဲ့ ရတ်စ်ထရီယာ ဆွာတန်ထရာ ပါတီ (RSP)ဟာ အခုလ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး မတ်လ ၂၇ ရက်နေ့မှာတော့ သူက ဝန်ကြီးချုပ် ရာထူးအတွက် ကျမ်းကျိန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲဟာ နီပေါ နိုင်ငံရေးကို နှစ်ရှည်လများ ကြီးစိုးထားတဲ့ မျိုးဆက်ဟောင်းနဲ့ အပြောင်းအလဲတွေကို တောင်းဆိုတဲ့ မျိုးဆက်သစ်တွေကြားက အားပြိုင်မှုအဖြစ် ရှုမြင်ခံခဲ့ရပြီး ပြည်သူ အများစုက လူငယ်မဲဆန္ဒရှင်တွေနဲ့အတူ ရပ်တည်ပေးခဲ့ကြပါတယ်။

နိုင်ငံနဲ့ ပြည်သူတွေကို သက်သေတည်ပြီး သူဟာ နီပေါရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် သစ္စာစောင့်သိပါ့မယ်လို့ ရှားက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အခမ်းအနားမှာ သူက အနက်ရောင် ဝတ်စုံကို ဝတ်ထားခဲ့ပြီး သူ့ရဲ့ ဝိသေသလို့ ပြောနိုင်တဲ့ နေကာမျက်မှန်ကိုလည်း တပ်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျမ်းကျိန်ပွဲ အခမ်းအနားမှာ ရှားကို လေးစားထောက်ခံသူတွေက သူ့နာမည်ကို အော်ဟစ် ကောင်းချီးပေးနေခဲ့ပါတယ်။ သူ့ရဲ့ အစိုးရ အဖွဲ့ထဲမှာ လူငယ်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဆူဒန်ဂူရွန်ကလည်း ပြည်ထဲရေး ဝန်ကြီးအနေနဲ့ ပါဝင်လာပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက နီပေါမှာ အစိုးရရဲ့ အဂတိ ကိစ္စတွေကို လူငယ်လူရွယ်တွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့ရာက လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာပါတယ်။ အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အဲဒီဖြစ်စဉ်မှာ လူ ၇၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ဆုံးမှာတော့ ဝန်ကြီးချုပ် ခက်ဒ်ဂါ ပရာဆက်ဒ် ရှာမာ အိုလီ ဦးဆောင်နေတဲ့ အစိုးရက နုတ်ထွက်ပေးဖို့ သဘောတူခဲ့ရပါတယ်။ မတ်လ ၅ ရက်နေ့မှာတော့ နီပေါမှာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပခဲ့ပြီး အများ ခန့်မှန်းထားတဲ့အတိုင်း ရှားက အနိုင်ရခဲ့ပါတယ်။

လူဦးရေ သန်း ၃၀ လောက်ရှိတဲ့ နိုင်ငံမှာတော့ ရှားဟာ ဘာလန်ဆိုတဲ့ အနုပညာ နာမည်နဲ့ ပိုပြီး ကျော်ကြားခဲ့ပါတယ်။ သူဟာ ကျမ်းကျိန်ပွဲ မတိုင်ခင် တစ်ရက်အလိုမှာလည်း လူထုဆီ လိပ်မူတဲ့ ကြေညာချက် တစ်ခုကို Rapသီချင်းနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ အမျိုးသားရေး စွမ်းအားဟာ စည်းလုံးခြင်းရဲ့ခွန်အား ဖြစ်တယ်လို့ သီချင်းစာသားထဲမှာ ရှားက သီဆိုထားပါတယ်။

မတ်လ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီ RSPက ပြတ်ပြတ်သားသား အနိုင်ရခဲ့ချိန် ကတည်းက ရှားဟာ သိသိသာသာ နှုတ်ဆိတ်နေခဲ့ပြီး အဲဒီနောက်မှ အခုသီချင်းကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့တာ ဖြစ်ပါတယ်။ နီပေါ အောက်လွှတ်တော် အမတ်နေရာ စုစုပေါင်း ၂၇၅ ခု ရှိတဲ့အနက် RSPက ၁၈၂ နေရာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။

Facebook