Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရန်သူတိုက်ခိုက်လာမယ့် ဖြစ်နိုင်ခြေ အားလုံးအတွက် ကြိုပြင်ထားဖို့ အီရန် စစ်တပ်အကြီးအကဲပြော

ကြုံလာနိုင်ခြေ ရှိသမျှ တိုက်ခိုက်မှုတိုင်းအတွက် အသင့်အနေအထား ပြင်ဆင်ထားကြဖို့ အီရန် စစ်တပ် အကြီးအကဲက လက်အောက်ခံ တပ်ဖွဲ့တွေကို ပြောကြားလိုက်ပါတယ်။

ကြုံလာနိုင်ခြေ ရှိသမျှ တိုက်ခိုက်မှုတိုင်းအတွက် အသင့်အနေအထား ပြင်ဆင်ထားကြဖို့ အီရန် စစ်တပ် အကြီးအကဲက လက်အောက်ခံ တပ်ဖွဲ့တွေကို ပြောကြားလိုက်ပါတယ်။

အီရန်ရဲ့ စစ်ဆင်ရေး ဌာနချုပ်တွေဟာ ရန်သူ့ လှုပ်ရှားမှု မှန်သမျှကို အနိုးကြားဆုံး အနေအထားနဲ့ စောင့်ကြည့်နေပြီး ဘယ်လို တိုက်ခိုက်မှုကိုမဆို တိတိကျကျနဲ့ ထိထိရောက်ရောက် တုံ့ပြန်နိုင်အောင် ပြင်ဆင်ထားရမယ်လို့ အီရန် စစ်ဦးစီးချုပ် အေမာ ဟာတာမီက ဧပြီ ၂ ရက်နေ့မှာ အစိုးရ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဟာတာမီက လက်ရှိ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အမေရိကန်က ခြေလျင်တပ်တွေပါ အသုံးပြုလာနိုင်ခြေကိုလည်း ထည့်တွေးထားဖို့လိုကြောင်း သတိပေးခဲ့ပါတယ်။

ရန်သူကသာ မြေပြင်စစ်ဆင်ရေး စတင်လာမယ်ဆိုရင် အီရန်မြေပေါ် ရောက်လာသမျှ တစ်ယောက်မကျန် ရှင်းလင်း သုတ်သင်ပစ်ဖို့ လိုတယ်လို့ ဟာတာမီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမတိုင်ခင် အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မိန့်ခွန်းပြောခဲ့ရာမှာတော့ အမေရိကန်ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေ အောင်မြင် ပြီးစီးဖို့ အရမ်း နီးကပ်နေပြီဖြစ်ကြောင်း၊ ပြီးတော့ အမေရိကန်ကလည်း စစ်ဆင်ရေးကို ခပ်မြန်မြန် အဆုံးသတ်မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာတော့ အမေရိကန်ဟာ အီရန်ကို နှစ်ပတ် သုံးပတ်လောက်ကြာအောင် ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ခိုက်နိုင်ခြေ ရှိနေကြောင်း ထည့်ပြောသွားခဲ့ပါတယ်။

အီရန်ဖက်ကလည်း အမေရိကန်ဆီက ကြုံလာမယ့် တိုက်ခိုက်မှု ပုံစံတိုင်းအတွက် ပြင်ဆင်ထားဖို့ ဟာတာမီရဲ့ ပြောဆိုမှုကို ပြန်လည် ဖော်ပြခဲ့တာပါ။ အစိုးရ မီဒီယာတွေက ဟာတာမီဟာ တခြား စစ်ဦးစီး အရာရှိ ၃ ဦးနဲ့အတူ အခန်းထဲမှာ ထိုင်နေရင်း တခြားအရာရှိ တစ်ဒါဇင်လောက်နဲ့ အွန်လိုင်းအစည်းအဝေး လုပ်နေပုံကိုလည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။

ထရမ့်က အီရန်ကို အပြင်းအထန် ဆက်လက် တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားလိုက်တဲ့နောက် ကမ္ဘာ့ရေနံစျေးကလည်း ထပ်ပြီး မြင့်တက်သွားခဲ့ကြောင်း သိရှိရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။