Connect with us

Hi, what are you looking for?

နိုင်ငံတကာ

F-35 တိုက်လေယာဉ်ကို ပစ်ချခဲ့ကြောင်း အီရန် ကြွေးကြော်၊ ပစ်ချခံရတာက F-15လို့ အမေရိကန် မီဒီယာဖော်ပြ

အမေရိကန်ရဲ့ F-35 အဆင့်မြင့် တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ရဲ့ F-35 အဆင့်မြင့် တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ဒုတိယမြောက် F-35 တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ IRGCက ပြောပြီး အီရန် မီဒီယာ တချို့ကတော့ လေယာဉ်မှူးကိုတောင် IRGCက အရှင်ဖမ်းမိထားပြီးလို့ ဖော်ပြနေကြပါတယ်။ မတ်လတုန်းကလည်း IRGCဟာ F-35 တစ်စီးကို ပစ်ချခဲ့ဖူးတယ်လို့ ကြေညာခဲ့ပါသေးတယ်။ အဲဒီတုန်းက အမေရိကန် စစ်တပ်က F-35 တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း အတည်ပြုပေမယ့် အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန် စစ်ရေး သတင်းရင်းမြစ်တွေက လေယာဉ်ဟာ အီရန်ရဲ့ ပစ်ချမှု ခံခဲ့ရတာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပြီး လေယာဉ်မှူးက အရေးပေါ် ဆင်းသက်မှုကို ဘေးကင်းကင်းနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြပါတယ်။

F-35တွေဟာ အမေရိကန်ရဲ့ နည်းပညာ အမြင့်ဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေဖြစ်ပြီး ရန်သူ့ရေဒါတွေရဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်နည်းပညာ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ အီရန်ကတော့ အဲဒီ ထိပ်တန်းအဆင့် တိုက်လေယာဉ်တွေကို ထောက်လှမ်းပြီး ပစ်ချနေတာ ဖြစ်တယ်လို့ ကြွေးကြော်ထားတာပါ။

အီရန် သတင်းဌာန တစ်ခုဖြစ်တဲ့ Tasnim ပစ်ချခံခဲ့ရတဲ့ F-35ရဲ့ လေယာဉ်မှူးကို အီရန် ပိုင်နက်ထဲမှာ IRGCက ဖမ်းဆီးထားနိုင်ခဲ့ကြောင်း ဧပြီ ၃ ရက်နေ့မှာ ဖော်ပြသွားပါတယ်။ အီရန် သတင်းရင်းမြစ် တချို့ကလည်း အမေရိကန် တိုက်လေယာဉ်မှူးကို ဖမ်းမိထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ဗဟိုစစ်ရေးကွပ်ကဲမှု ဌာန (CENTCOM)ကတော့ F-35 ပစ်ချခံခဲ့ရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် မှတ်ချက်မပေးသေးပါဘူး။ ပစ်ချခံခဲ့ရတဲ့ တိုက်လေယာဉ်ရဲ့ အမြီးပိုင်း အပျက်အစီးတွေဆိုတဲ့ ဓာတ်ပုံတွေကို အီရန်က ထုတ်ပြန်ခဲ့ပြီး တချို့ စစ်ရေး သုတေသီတွေကတော့ F-35 မဟုတ်ဘဲ F-15E တစ်စီးရဲ့ အစိတ်အပိုင်းတွေ ဖြစ်နိုင်တယ်လို့ ထောက်ပြနေပါတယ်။

ဒီအတောအတွင်း အမေရိကန်ရဲ့ CBS သတင်းဌာနကလည်း အီရန်တောင်ပိုင်းမှာ F-15 တစ်စီး ပစ်ချခံရပြီးတဲ့နောက် လေထီးနဲ့ ခုန်ထွက်ခဲ့တဲ့ လေယာဉ်မှူး တစ်ဦးကို အမေရိကန်က အပူတပြင်း ရှာဖွေနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ F-15ပေါ်မှာ လိုက်ပါခဲ့တဲ့ လေယာဉ်မှူး အရေအတွက်က တစ်ဦးလား၊ နှစ်ဦးလား ဆိုတာကတော့ CBSရဲ့ သတင်းမှာ မပါရှိခဲ့ပါဘူး။

အီရန်စစ်ပွဲ အစပိုင်းတုန်းကလည်း ကူဝိတ် လေပိုင်နက်ထဲမှာ ပျံသန်းနေခဲ့တဲ့ F-15E တိုက်လေယာဉ် ၃ စီးကို မဟာမိတ် ကူဝိတ်က အီရန် ဒရုန်းတွေနဲ့ မှားယွင်းပြီး ပစ်ချခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ တိုက်လေယာဉ်တွေ ဆုံးရှုံးခဲ့ပေမယ့် လေယာဉ်မှူး ၆ ဦးစလုံး ဘေးကင်းခဲ့ပါတယ်။

ကိုးကား: BBC, France24

ဓာတ်ပုံ – Press TV/X, X/@IRGCIntelli

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။